By RW, Shweproperty.com
Updated at 15 May 2025
ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide - CO) သည် အရောင်၊ အရသာ၊ အနံ့ မရှိသော ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး ရှူရှိုက်မိပါက အလွန်အန္တရာယ်များပြီး အချိန်မီ ကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့သည် လောင်စာဆီ၊ ဓာတ်ငွေ့၊ ထင်း၊ မီးသွေး စသည့် ကာဗွန်ပါသော လောင်စာများ လောင်ကျွမ်းသည့်အခါ ကာဗွန်မိုနောက်ဆိုက် ပါဝင်တဲ့ အခိုးအငွေ့တွေ ထွက်လာပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်း လက္ခဏာများ CO ဓာတ်ငွေ့ကို ရှူမိပါက သွေးထဲရှိ ဟီမိုဂလိုဘင်နှင့် ပေါင်းစပ်ကာ အောက်ဆီဂျင် သယ်ဆောင်မှုကို လျော့နည်းလာပြီး အောက်ပါ လက္ခဏာများ ဖြစ်ပေါ်နိုင်ပါတယ်။ - ခေါင်းကိုက်ခြင်း - မူးဝေခြင်း၊ အားနည်းခြင်း - ပျို့အန်ခြင်း - အသက်ရှူမဝခြင်း - သတိလစ်ခြင်း - နှလုံးခုန်မြန်ခြင်း - တက်ခြင်း - အသက်ရှူရပ်ကာ သေဆုံးခြင်းထိဖြစ်စေတတ်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကို ကာကွယ်နည်း 1. အိမ်တွင်း လေဝင်လေထွက်ကောင်းအောင်ထားပါ - မီးဖိုချောင်၊ ရေချိုးခန်း စသည့်နေရာများတွင် လေဝင်လေထွက်စနစ် ကောင်းမွန်စေရန် ဂရုပြုပါ။ 2. CO အန္တရာယ် သတိပေးစက်များ တပ်ဆင်ပါ - ကာဗွန်မိုနောက်ဆိုဒ် အန္တရာယ်ကို အချိန်မီသိရှိစေရန် CO စက်များ တပ်ဆင်ထားသင့်သည်။ 3. အိမ်သုံးပစ္စည်းများကို ပုံမှန်စစ်ဆေးပါ - ဓာတ်ငွေ့ဖို၊ ရေနွေးအိုး၊ အပူပေးစက်များကို ပုံမှန်ပြုပြင်ထိန်းသိမ်းပါ။ 4. ကားအိတ်ဇောစနစ်ကို ကျွမ်းကျင်သူဖြင့် ပုံမှန်စစ်ဆေးပါ - အိပ်ဇောယိုစိမ့်မှုကြောင့် ကားတွင်း ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ ဝင်ရောက်နိုင်သောကြောင့် ကားကို အလုံပိတ်နေရာတွင် စက်မနှိုးပါနှင့်။ အရေးပေါ် ကုသမှုနည်းလမ်းများ - CO အဆိပ်သင့်သူကို ချက်ချင်း လေကောင်းလေသန့်ရှိရာသို့ ရွှေ့ပါ။ - အရေးပေါ်အောက်ဆီဂျင် ပေးပါ။ - ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပြီး ကုသမှုခံယူပါ။ Source : hopkinsmedicine
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties