အိမ်ခြံမြေကွက်တွေ ဝယ်ယူတဲ့အခါ ကိုယ်ဝယ်မယ့် မြေကွက်ဟာ၊ ရွာမြေလား၊ ဂရန်မြေလား သေချာသိဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာ ရောင်းသူကလည်း သေချာ မသိထားတဲ့အခါ ဥယျာဉ်ခြံမြေကို ရွာမြေလို့လည်း ပြောနိုင်တာကြောင့် ကိုယ့်ဘက်က ခွဲခြားသိထားမှ မလိုလားအပ်တဲ့ အရှုပ်အရှင်း ပြဿနာတွေကို ရှောင်ရှားနိုင်မှာပါ။ 

မြေပုံမှာ အလွယ်တကူ မြေအမျိုးအစားကို ခွဲခြားရာမှာ 
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး အနီရောင်
ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး အပြာရောင်
အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး ခရမ်းရောင်
ရွာမြေဆိုရင် လိမ္မော်ရောင်
သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ မြေပုံဆွဲကြတာကြောင့် အရောင်နဲ့လည်း ခွဲခြားနိုင်ပါတယ်။ 

မြေပုံမှာပါတဲ့ အက္ခရာ သင်္ကေတတွေအလိုက် ကိုယ်ဝယ်မယ့်မြေဟာ မြေပြန့်လား၊ကုန်းပေါ်လား၊ မြစ်ရေနဲ့နီးလား စသဖြင့် ခွဲခြားနိုင်မယ့် သင်္ကေတလေးတွေကတော့ 

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M နဲ့ ပြတတ်ပြီး
ပထမတန်းစားဆိုရင် = R1
ဒုတိယတန်းစားဆိုရင် = R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား = R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား = R4 ဆိုပြီး ခွဲခြားနိုင်ပါတယ်။ 



၂။ အစိုးရ ဆည်ရေသောက် လယ်မြေဆိုရင်=  RG
၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် = RP
၄။ ကန်ရေသောက် မူရင်းလယ်ဆိုရင် = TM
၅။ မူရင်းလယ်မြေဆိုရင် = M/MY
၆။ ချောင်းရေဝင် မြေဆိုရင် = C
၇။ ယာမြေ ဆိုရင် = Y
၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် = RR
၉။ တောင်ယာ မြေဆိုရင် = TY/YY
၁၀။ ကိုင်းမြေ ဆိုရင် = K/KA/KY
၁၁။ ကိုင်းမြေရင့်ဆိုရင် = KY
၁၂။ ဥယျာဉ်ခြံမြေဆိုရင် = G/U
၁၃။ ဓနိမြေဆိုရင် = D
၁၄။ အပိုင်ရမြေ = O
၁၅။ အပိုင် ဂရန်မြေ = G
၁၆။ အငှားဂရန်မြေ = L 
၁၇။ ကင်းလွတ်ခွင့်ပြုသည့်လယ်ယာမြေ = က
၁၈ ။ ဝေငှသည့် လယ်ယာမြေ = ဝ
၁၉။ နိုင်ငံတော် အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာမြေသုံးစွဲနိုင်သည့်လုပ်ပိုင်ခွင့် သို့မဟုတ် အခြားနည်းဖြင့်သုံးစွဲခွင့်ပြုထားသည့်မြေ = ခ
၂၀။ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ(၅)အရ သိမ်းယူပြီး၊ ဝေငှခြင်းမပြုနိုင်သဖြင့် ကျန်ရှိသည့်မြေနှင့် နိုင်ငံတော်အစိုးရထံပြန်အပ်မြေများ = ရ စသဖြင့် အမျိုးမျိုး ခွဲခြားနိုင်ပါတယ်။ 

ဒါဆိုရင်တော့ မြေပုံကိုကြည့်ပြီး မြေအမျိုးအစားကို အလွယ်တကူ ခွဲခြားနိုင်မယ်လို့ ယုံကြည်ပါတယ်။ လူကြီးမင်းတို့အားလုံး မြေကောင်း၊ အိမ်ကောင်း ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းဆုခြွေလိုက်ပါတယ်ခင်ဗျာ။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြေပေးမိန့် (သို့) ပါမစ်မြေများနှင့်ပတ်သက်၍ သိထားသင့်သည်များ 

နိုင်ငံရပ်ခြားကနေ တဆင့်ခံနဲ့ အိမ်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အမွေဆိုင် အိမ်ခြံမြေ အရှုပ်အရှင်းပြဿနာ 

ကတိစာချုပ်များနဲ့ မှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာ 

ဘဏ်ချေးငွေ လျှောက်ထားဖို့ ဘာတွေပြင်ဆင်ထားရမလဲ

Posted By : John (ShweProperty.com)