ပါမစ်မြေ၊ ဥယျာဉ်ခြံမြေ၊ ဂရမ်မြေစသဖြင့်မြေ အမျိုးအစားအများကြီး ရှိတဲ့ထဲက ဝယ်မယ်ဆို ဂရမ်မြေဟာ စိတ်အချရဆုံး မြေဖြစ်ပါတယ်။ 

ကိုယ်ဝယ်မယ့် အိမ်၊ခြံမြေဟာ ဂရမ်စစ်စစ် ဖြစ်တယ်ဆိုရင် တရားဝင်ပိုင်ဆိုင်ဖို့ ဒီအချက်တွေကို တစ်ဆင့်ချင်းစီ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ 

ပထဆုံးအနေနဲ့ ဂရန်မြေ တရားဝင် ဝယ်ယူနည်းနဲ့ ရာဖြတ်တင်နည်းကို ဗဟုသုတဖြစ်ဖွယ်ဖော်ပြလိုက်ပါတယ်။ 

ဂရန်မြေ တရားဝင် ဝယ်ယူရာမှာ  အရောင်းအဝယ်စရန်ကြီး မပေးခင် ဝယ်သူနဲ့ရောင်းသူ ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူပြီး စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးရပါမယ်။ 

စရန်ကြီးပေးခါနီး မူရင်းဂရန်ကို မြင်တွေ့ရမှသာ စရန်ချသင့်ပါတယ်။ 

စရန်ချပြီးတာနဲ့ တပြိုင်နက် နိုင်ငံပိုင်သတင်းစာမှာ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။ 

ဒါတွေအားလုံးရမှ ငွေအပြည့်ချေရပါမယ်။ 

- အရောင်းအဝယ် ပြုလုပ်ဖို့အတွက် ထုတ်ယူထားတဲ့ မြေပုံမြေရာဇဝင်။
- မူရင်းဂရန် အမည်ပေါက်ထံမှ SP။
- မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။
- မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

ဒါဆိုရင်ဝယ်ယူမှု အဆင့်ပြီးပါပြီ။

"ရာဖြတ်” ရဲ့ သတ်မှတ် တန်ဖိုးအရ “အခွန်တော်ခေါင်း” နဲ့ "မှတ်ပုံတင်ကြေး” တွေနဲ့ မှတ်ပုံတင် စာချုပ်ချုပ်ဆိုရပါမယ်။ 

အားလုံးပြီးရင်တော့ မြို့တော်စည်ပင်/ခရိုင်ထွေအုပ်ဆီမှာ "ဂရန်”နဲ့ မြေကွက်” အမည်ပြောင်းလဲ လျှောက်ထားလို့ ရပါပြီ။ 



ရာဖြတ် တန်ဖိုးကြည့်ပြီး အခွန်အတွက် ပြင်ဆင်ရပါပြီ ။ 

ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ရာဖြတ်တန်ဖိုးကိုလျှောက်ထားဖို့ 
- (၄)လအတွင်း ချုပ်ဆိုထားတဲ့ အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)
- (၁)နှစ်အတွင်း ရေးဆွဲထားတဲ့ ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။
- အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။
- ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။
- ဝယ်ယူသူရဲ့ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။
- ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။
- တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။
အထက်ပါ အချက်တွေနဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲကို တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြေကွက်နဲ့ ပတ်သက်လို့ မြို့မြေ မြေတန်ဘိုးကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ထားတယ်ဆိုတာနဲ့ သတ်မှတ်တဲ့ မြေတန်ဘိုးရဲ့  ဘယ်နှစ်ရာခိုင်နှုန်းကို (အခွန်တံဆိပ်ခေါင်းနှင့် မှတ်ပုံတင်ခ) အတွက် ပေးဆောင်ရသလဲဆိုတာ သိထားသင့်ပါတယ်။

နောက်တစ်ချက်က မြေတန်ဘိုးအပေါ် အခွန် သတ်မှတ်တဲ့အခါ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ လိုင်စင်မြေရယ်လို့ အမျိုးအစားခွဲခြင်းမဟုတ်ပါဘူး။ မြေတည်ရှိရာ ရပ်ကွက်၊ လမ်းအခြေအနေ၊ မြေအနိမ့်အမြင့်၊ လမ်းမ၊ လမ်းကျယ်၊ လမ်းသေး၊ လမ်းမွှာ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေလမ်း၊ လမ်းရှိ အဆောက်အအုံ အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေ၊ စီးပွါးရေး ဖွံ့ဖြိုးမှု နယ်မြေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြို့ပြဖွံဖြိုးမှု အခြေအနေ စတာတွေအပေါ် သုံးသပ်ပြီး ဇုံနယ်တွေအလိုက် သတ်မှတ်ရပါတယ်။ 

ကိုယ်က ဘယ်ဇုံနယ်မြေထဲ ကျရောက်နေပြီး အခွန်စည်းကြပ်မှု ဘယ်လောက်ထိ ကျသင်ါမယ်ဆိုတာ သိချင်ရင် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ အာဏာပိုင်အဖွဲ့၊ စည်ပင်ကော်မတီ၊ အိုးအိမ်ဦးစီး ဌာနတွေမှာ သွားရောက် မေးမြန်း ကြည့်ရှု နိုင်ပါတယ်။

ဒီဆောင်းပါးလေးကိုတော့ အိမ်ခြံမြေဥပဒေဆိုင်ရာ ကျွမ်းကျင်သူများမှ ပြောကြားချက်ကို ကောက်နုတ်တင်ပြလိုက်ခြက်း ဖြစ်ပါတယ်။ 

စာဖတ်သူများအားလုံး အရှုပ်အရှင်းကင်းပြီး ပိုင်ဆိုင်မှုခိုင်မာတဲ့ အိမ်ခြံမြေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Written By : Lily (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)