ဒီနောက်ပိုင်းနှစ်တွေမှာ သာမန် အိမ်တစ်လုံး၊  တိုက်ခန်းတစ်ခန်းဆိုတဲ့ရွေးချယ်စရာတွေထက် ကွန်ဒိုအခန်းဆိုတဲ့ နာမည်က ပိုခေတ်စားလာတာကို အားလုံးသိကြမှာပါ။ ဒါဆို ကွန်ဒိုက ဘာတွေကောင်းနေလို့လဲ၊ ဘာကြောင့်ကွန်ဒိုမှာနေသင့်တာလဲ။

ကွန်ဒိုဆိုတာက သာမန်ထက် ပိုစျေးကြီးပြီး လူနေမှုဘဝပိုမြင့်မားတဲ့ တိုက်ခန်းတွေလို့ပြောလို့ရပါတယ််။ဘာကြောင့် ကွန်ဒိုမှာနေသင့်တာလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာရရင်တော့...

(၁) ကွန်ဒိုမှာနေရတာ လုံခြုံစိတ်ချမှုရှိတယ် 

သာမန်တိုက်ခန်းတွေမှာ သူခိုးရန်၊ ဓားပြရန် ကြောက်နေရတဲ့အချိန်မျိုးတွေမှာ ကွန်ဒိုတွေမှာက Security တွေနဲ့ CCTVတွေနဲ့ ဟာကွက်မရှိအောင် စနစ်တကျတပ်ဆင်ထားလို့ ကွန်ဒိုတွေမှာနေရတာက အထိုက်အလျောက်ပိုပြီး လုံခြုံမှုရှိသလို ရက်ရှည်ခရီးသွားမယ်ဆိုရင်လည်း ကိုယ့်အိမ်အတွက် စိတ်ချရပါတယ်။ 

(၂) အပန်းဖြေစရာ ရပ်ဝန်းရှိတယ် 

ကွန်ဒိုတွေမှာက ကိုယ်ပိုင်ရေကူးကန်၊ အားကစားကွင်း၊ ကိုယ်ပိုင် Gym စသဖြင့်တွေပါဝင်တတ်တာကြောင့် ရေကူးကန်တွေ Gymတွေအတွက် အလကား၊ဒါမှမဟုတ် အလကားနီးပါးအသုံးပြုနိုင်မယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်ရမှာပါ။ အဖိုးအဖွားတွေအတွက် လမ်းလျှောက်စရာ၊ အားကစားလုပ်စရာ recreation units တွေလည်း ကွန်ဒိုတွေမှာ ထည့်သွင်းတည်ဆောက်ပေးထားတတ်ပါတယ်။ 

(၃) ပျက်အစဉ်ပြင်ခဏ 

အိမ်နဲ့ပတ်သက်ပြီး တိုက်နဲ့ပတ်သက်ပြီးတစ်ခုခုပျက်စီးသွားမယ်ဆိိုရင်လည်း ကိုယ်တိုင်ဦးဆောင်ပြီး ပြင်စရာမလိုပါဘူး။ ကွန်ဒိုရဲ့ Maintenance Department က တာဝန်ယူပြီး ပြင်ပေးသွားမှာဖြစ်လို့ ကိုယ်တိုင်အလုပ်ပျက်စရာ၊ ပိုက်ဆံထွက်စရာမလိုဘဲ အေးအေးသက်သာနေလို့ရပါတယ်။ 

(၄) 24 နာရီ မီးရတယ် 

မီးတွေပျက်နေတဲ့အချိန်မှာ ကွန်ဒိုမှာက Aircon တွေ၊ Wifi တွေဖွင့်လို့မရဘူးဆိုရင်တောင် မီးထွန်းဖို့ မီးလောက်တော့ ဖွင့်လို့ရနေတာ များပါတယ်။ ဒါ့အပြင် ကွန်ဒိုတော်တော်များများက (၂၄) နာရီ မီးရအောင်လုပ်ထားပေးတတ်ကြတာကြောင့် မီးမရရင် အဆင်မပြေတဲ့ လူတွေကတော့ ကွန်ဒိုကိုပဲရွေးချယ်သင့်ပါတယ်။ 



(၅) အရာအားလုံးရဲ့ အနီးမှာတည်ရှိခြင်း

ကွန်ဒိုတွေဟာ ဝေးလံခေါင်ဖျား ချောင်ကျတဲ့အရပ်မှာ ရှိနေပါစေဦး သူ့မှာ စျေးဝယ်စရာစျေးဆိုင်တွေ၊ ဆိုင်ခန်းတွေ၊ဆေးခန်း စသဖြင့် မြို့ပြနေထိုင်မှုအတွက် လိုအပ်တဲ့အရာအားလုံးက အဆောက်အဦးထဲမှာ၊ အိမ်ရာထဲမှာ ရှိနေတတ်ပါတယ်။ ကွန်ဒိုရဲ့အဆင့်အတန်းအလိုက် အောက်ထပ်မှာ Shopping Center ဖွင့်ထားတဲ့ ကွန်ဒိုတွေတောင်ရှိပါသေးတယ်။ ဒါကြောင့် အိမ်နဲ့ဝေးဝေးမသွားရဘဲ လိုတရချင်တယ်ဆိုရင် ကွန်ဒိုတွေမှာ ဝယ်နေသင့်ပါတယ်။ 

(၆) ထိန်းသိမ်းရသက်သာခြင်း

ကွန်ဒိုရဲ့ အဆင့်အတန်းအလိုက် သန့်ရှင်းရေးဝန်ထမ်းတွေ ရှိတတ်ပြီး ကိုယ့်အိမ်ထဲမှာ သန့်ရှင်းရေးလုပ်ဖို့ လိုတယ်ဆိုရင်လည်း အဲဒီသန့်ရှင်းရေးဝန်ထမ်းတွေကိုပဲ ခေါ်လိုက်လို့ရပါတယ်။ ကိုယ့်အိမ်အပြင်က Hallways၊ Garden Area တွေကိုလည်း Codo Service Staff ​တွေက ရှင်းလင်းပေးမှာမို့ ကိုယ်တိုင်သန့်ရှင်းရေးလုပ်မယ်ဆိုရင်တောင် ကိုယ့်တစ်အိမ်စာအတွက်ပဲ လုပ်ရမှာပါ။

Condo တွေတော်တော်များများမှာ အ​ပေါ်ကပြောသွားတဲ့အချက်တွေပိုင်ဆိုင်ထားသလို အခြားသော Service တွေ ပေးတဲ့ Condo တွေလည်း ရှိနိုင်ပါသေးတယ်။ ဒါကြောင့် လုံခြုံစိတ်ချရပြီး အဆင့်မြင့်တဲ့လူနေမှုဘဝရချင်တယ်ဆိုရင်တော့ ကွန်ဒိုတွေကို ရွေးချယ်နေထိုင်သင့်ပါကြောင််းအကြံပေးလိုက်ရပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

Posted By : John (ShweProperty.com)