အမွေဆိုတာ ထိုက်မှရတာဆိုပေမယ့် ကိုယ်ရပိုင်ခွင့်ရှိတဲ့ အမွေကိုတော့ လူတိုင်းက အပြည့်အဝ လိုချင်ကြတာချည်းပါပဲ။ အဲဒီအခါ အမွေခွဲရင်းနဲ့ မောင်နှမတွေ၊ဆွေမျိုးတွေကြားထဲမှာ သူစိမ်းဖက်လာတဲ့အခါ ကတောက်ကဆဖြစ်ရတာ၊ ပြဿနာ မီးမွှေးမိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့  မိဘဘိုးဘွားတွေထားရှိခဲ့တဲ့ အမွေဆိုင်အိမ်ကြီးကို ကျန်ရစ်ခဲ့တဲ့သားသမီးတွေက အမွေခွဲဝေယူတော့မယ်ဆိုရင် သိထားဖို့ လိုအပ်တဲ့အရာတွေကို ShweProperty က မျှဝေပေးလိုက်ပါတယ်။

(၁) အချိုးကျခွဲဝေယူခြင်း

မိဘက သားသမီးတွေအတွက်ထားရစ်ခဲ့တဲ့ အိမ်ခြံမြေတွေကို ခွဲဝေယူမယ်ဆိုရင် အိမ်ခြံမြေအားလုံးကိုရောင်းပြီး တန်ဖိုးငွေကို အညီအမျှခွဲဝေယူတာဖြစ်စေ တန်ဖိုးတူညီတဲ့အိမ်ခြံမြေတွေကို ခွဲဝေယူတာဖြစ်စေ ဥပ​ဒေနဲ့အညီဆောင်ရွက်ပြီး အချိုးကျ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၂) ရောင်းချခြင်း (သို့မဟုတ်) ငှားရမ်းခြင်း

အမွေဆိုင်အိမ်ကို ရောင်းချချင်တယ် ဒါမှမဟုတ် ငှားရမ်းချင်တယ်ဆိုရင် အမွေဆိုင်သားသမီးတွေက ပိုင်ဆိုင်ကြောင်း လွှဲပြောင်းစာလျှောက်ထားရယူပြီးတဲ့အခါမှ အမွေဆိုင်အိမ်ကို တစ်ခြားသူကိုရောင်းချခြင်း၊ ငှားရမ်းခြင်းတွေကို ဥပဒေနဲ့အညီ အဆင့်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

(၃) ဥပဒေနဲ့မညီညွတ်ခြင်း

အမွေဆိုင်အိမ်ကို ရောင်းချတာဖြစ်စေ ငှားရမ်းတာဖြစ်စေ အမွေဆိုင်သားသမီးအားလုံးရဲ့ သဘောတူညီမှုရမှ ဆက်လက် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်ကခရီးလွန်နေတာဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ အမွေဆိုင်အိမ်ကိုရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

(၄) တရားခွင်ပြုလုပ်ခြင်း

အမွေဆိုင်သားသမီးတစ်ယောက်ယောက်က အမွေခွဲဝေဖို့ ကန့်ကွက်ခဲ့ရင်၊ငြင်းဆိုခဲ့ရင် ကျန်သောအမွေဆိုင်သားသမီးတွေစုပေါင်းပြီး တရားရုံးကနေ အမွေခွဲဝေယူတာဖြစ်စေ၊ သက်ဆိုင်ရာတရာရုံးကနေ တရားစွဲဆိုတာဖြစ်စေ လုပ်နိုင်ပါတယ်။

(၅) ကျမ်းကျိန်ခြင်း

အမွေဆိုင်အိမ်ကို ရောင်းချပြီး ခွဲဝေယူချင်တယ်ဆိုရင် အမွေဆိုင်သားသမီးတွေအနေနဲ့ ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ဖို့ လွှဲပြောင်းပေးခဲ့တာမှန်ကန်ကြောင်း ၊အခြားအမွေဆိုင်သားသမီးတွေမရှိတော့ကြောင်း စသဖြင့် လိုအပ်တဲ့အချက်အလက်တွေကိုစိစစ်ပြီး ကျမ်းကျိန်လွှာပြုလုပ်ပြီးမှ ဆက်လက် ရောင်းချနိုင်မှာဖြစ်ပါတယ်။

အခုပြောပြသွားတဲ့အချက်တွေကတော့.. အမွေဆိုင်အိမ်ကြီးကို အမွေခွဲဝေယူတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ အမွေဆိုင်အိမ်ခွဲဝေယူခြင်း ကိစ္စရပ်တွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေလည်း အမြန်ဆုံး ချောချောမွေ့မွေ့ ဆောင်ရွက်ပြီးစီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ ShweProperty Website ထဲကိုလာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဘဏ်ချိတ်၊ အရစ်ကျစနစ်နဲ့ အိမ်ဝယ်မယ်ဆိုရင် ဒါတွေသိထားဖို့လို

အိမ်၊မြေမှာ ငွေကြေးမြှုပ်နှံထားမယ်ဆိုရင် ရမယ့် အကျိုးကျေးဇူးများ

မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်များ

အိမ်၊ခြံ၊မြေ အမြန်ရောင်းထွက်စေဖို့ အစီအရင်များ

Posted By : Ra Wai (ShweProperty.com)