ကိုယ့်စိတ်ကြိုက်မြေကွက်လေးတစ်ကွက် တွေ့ထားလို့ဝယ်တော့မယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ၊ပြင်ဆင်စရာတွေ ဘာတွေရှိမလဲ။ ကိုယ်ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးနဲ့ ကိုယ့်စိတ်ကြိုက် မြေကွက်လေး ဝယ်ယူတဲ့အခါ နှစ်ဦးနှစ်ဖက်သဘောတူညီမျှပြီး အဆင်ပြေပြေနဲ့ ပြီးမြောက်စေဖို့ အခြေခံသိထားသင့်တဲ့ အရာတွေဘာတွေလဲဆိုတာကို Shwe Property က မျှဝေပေးလိုက်ပြီးနော်။ 

(၁) ပိုင်ဆိုင်မှု အထောက်အထားစစ်မစစ်လေ့လာပါ

မြေပုံရာဇဝင်၊ ပိုင်ဆိုင်မှုစာရွက်စာတမ်း၊ အထောက်အထားလက်မှတ်စသဖြင့် ပိုင်ရှင်နာမည်နဲ့ ဟုတ်မဟုတ်လေ့လာစုံစမ်းပါ။ မြေကွက်ရဲ့အမည်ပေါက်ပိုင်ရှင် မှန်ကန်မှုရှိမရှိ လေ့လာပါ။ ပိုင်ဆိုင်မှုအရှုပ်အရှင်းရှိမရှိ၊၊ အမွေဆိုင်မြေကွက်ဟုတ်မဟုတ် စုံစမ်းပါ။ ဥပဒေနဲ့အညီ ဝယ်ယူနိုင်တဲ့မြေကွက်မျိုး ဖြစ်တာသေချာမှ အရောင်းအဝယ်လုပ်ဖို့စဉ်းစားရပါမယ်။

(၂) နေရာအနေအထားလေ့လာပါ

မြေကွက်ကိုမကြည့်ရသေးပဲ သဘောတူစာချုပ်ချုပ်ဆိုတာမျိုး၊ စရန်သတ်တာမျိုးမလုပ်ပါနဲ့။ စာချုပ်ချုပ်ပြီးမှ အငြင်းအခုန်မဖြစ်ရအောင် နေရာကို ကိုယ်တိုင်ကိုယ်ကျလေ့လာပြီး ကြိုက်မှ စရန်သတ်တာ၊ စာချုပ်ချုပ်တာမျိုးလုပ်သင့်ပါတယ်။ 

(၃) ရှေ့နေနဲ့တကွစာချုပ်ချုပ်ပါ

နှစ်ဦးနှစ်ဖက်တရားဥပဒေနဲ့အညီ ပိုင်ဆိုင်မှုတိတိကျကျဖြစ်ချင်တယ်ဆိုရင် တရားဝင် အမှုထမ်း ရှေ့နေတစ်ဦးဦးခေါ်ဆိုပြီး အရောင်းအဝယ်စာချုပ်ချုပ်ရပါမယ်။ အကယ်၍ စာချုပ်ချုပ်ပြီးမှ အရှုပ်အရှင်းပေါ်လာခဲ့မယ်ဆိုရင် ကိုယ်ကရှေ့နေအကျိုးဆောင်များနဲ့တကွ စာချုပ် ချုပ်ဆိုထားတာဖြစ်လို့ တရားဥပဒေနဲ့အညီ ပိုင်ဆိုင်မှုအပိုင်းမှာ ပိုပြီးအားသာမှုရှိစေပါတယ်။



(၄) စရံစာချုပ်ချုပ်ဆိုပါ

အရှုပ်အရှင်းလည်းကင်းပြီ။ ဝယ်ဖို့လည်းသေချာပြီဆိုရင်တော့ အရင်ဆုံးစရံချထားလို့ရပါပြီ။ စရံချထားမှ မြေကွက်ကိုရဖို့သေချာသလို တစ်ခြားသူတွေနဲ့အပြိုင်အဆိုင်ညှိနှိုင်းပြီး ဝယ်ရတဲ့အဖြစ်မျိုးမကြုံရတော့ပဲ အဆင်ပြေပြေနဲ့ အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။ စရန်စာချုပ်ချုပ်ထားတဲ့အတွက် မြေကွက်အရောင်းအဝယ်မဖြစ်တော့ရင်တောင် စရန်ငွေအလျော်အစား ပြန်လည်ရရှိမှာပါ။ 

(၅) ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ပါ
မြေကွက်အရောင်းအဝယ်လုပ်ခြင်းကို ကန့်ကွက်လိုသူတွေရှိမရှိ သတင်းစာထဲမှာ ထည့်ပြီးကြော်ငြာခြင်းကလည်း မြေကွက်ဝယ်ဖို့ အဆင့်ဆင့်လုပ်ဆောင်ချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြေကွက်ဝယ်ယူခြင်းကို သတင်းစာထဲမှာ ကြော်ငြာတဲ့နေ့ကစလို့ (၁၄)ရက်ကြာတဲ့အထိ ကန့်ကွက်သူမရှိခဲ့ရင် အရောင်းအဝယ်ဆက်လုပ်နိုင်ပြီး ကန့်ကွက်သူရှိခဲ့ရင်တော့ အရောင်းအဝယ်နှောင့်နှေးသွားမှာဖြစ်ပါတယ်။ 

နောင်မှ အရှုပ်အရှင်းမပေါ်လာအောင် ကန့်ကွက်သူများနဲ့ အိမ်ရှင်ညှိနှိုင်းဆောင်ရွက်တာကို စောင့်ဆိုင်းပြီးမှ အရောင်းအဝယ်ဆက်လုပ်သင့်ပါတယ်။

(၆) တတ်ကျွမ်းနားလည်သူနဲ့ မြေသန့်မသန့်စစ်ဆေးပါ

တကယ်လို့ သင်ဟာ ရိုးရာအယူအဆထုံးတမ်းစဉ်လာတွေကို လိုက်နာတတ်သူတစ်ယောက်ဆိုရင်တော့ မြေကွက်မဝယ်ခင်မှာ မြေနေရာကောင်းမကောင်း၊ သန့်မသန့်၊ စီးပွားဖြစ်နိုင်မဖြစ်နိုင်စသဖြင့် တတ်ကျွမ်းနားလည်တဲ့သူနဲ့ အရင်ဆုံးလေ့လာကြည့်ပါ။ ဖုန်းရွှေနည်းလမ်းတွေလို လိုအပ်တဲ့ရိုးရာနည်းလမ်းတွေကိုလည်း ကြိုတင်ဆောင်ရွက်ထားလို့ရပါတယ်။

ဒီလိုအယူအဆတွေအပေါ် ယုံကြည်သက်ဝင်ခြင်းမရှိသူဆိုရင်တော့  ကိုယ့်စိတ်တိုင်းကျကျေနပ်တဲ့အထိ လေ့လာဆန်းစစ်ပြီးတဲ့အခါ အဆင့်ဆင့် ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။

ဒီအချက်လေးတွေကတော့ မြေကွက်ဝယ်တော့မယ်ဆိုရင် ပြဿနာမဖြစ်အောင် အခြေခံသိထားသင့်တဲ့အရာလေးတွေကို ဖော်ပြပေးသွားတာပါ။ နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ

ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား

မြေပေးမိန့် (သို့) ပါမစ်မြေများနှင့်ပတ်သက်၍ သိထားသင့်သည်များ

မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ရွာမြေဆိုပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မြေကိစ္စ ဥပဒေနဲ့ ညီမညီ

Posted By : Ra Wai (ShweProperty.com)