By RW, Shweproperty.com
Updated at 16 July 2025
ခြံစည်းရိုးကာရံခွင့်လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများနှင့် ထောက်ခံချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖော်ပြထားပါသည်။ ၁။ ဌာနသတ်မှတ်လျှောက်လွှာ အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့် ထောက်ခံချက်များကို ပြည့်စုံစွာ တင်ပြရမည်။ (က) ခြံစည်းရိုးကာရံခွင့် လျှောက်လွှာပုံစံ သက်ဆိုင်ရာဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံကို တိကျစွာ ဖြည့်စွမ်းပြီး တင်ပြရမည်။ (ခ) မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာမှ ထောက်ခံချက် ခြံစည်းရိုးကာရံခြင်းအား ကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ သို့မဟုတ် ဗိသုကာမှ လက်မှတ်ရေးထိုးထောက်ခံပြီး တင်ပြရမည်။ (ဂ) မြေရှင်၏ ခံဝန်ကတိ ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့် မြေပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက ဌာန၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိပြုလွှာ တင်ပြရမည်။ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် အိမ်ရှင်/အိမ်ငှားပြဿနာ အရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ရယူပြီး တင်ပြရမည်။ (င) မြေရှင် သို့မဟုတ် ကိုယ်စားလှယ်၏ ထောက်ခံချက် မြေရှင်၏ ဂရန်/စပွန်ဆာ (GP/SP) မှ တင်ပြမည်ဆိုပါက၊ မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ်လွှဲအပ်ထားမှု မှန်ကန်ကြောင်း မြေရှင်မှ ထောက်ခံတင်ပြရမည်။ (စ) ဆက်စပ်မြေကွက်ပိုင်ရှင်များ၏ ထောက်ခံချက် ခြံစည်းရိုးကာရံခြင်းနှင့်ပတ်သက်၍ ဆက်စပ်မြေကွက်ပိုင်ရှင်များထံမှ ကန့်ကွက်မှုမရှိကြောင်း ထောက်ခံစာတင်ပြရမည်။ (ဆ) မြေရှင်၏ နယ်နိမိတ်ဆိုင်ရာ ခံဝန်ကတိ မိမိပိုင်နယ်နိမိတ်အတွင်းသာ ခြံစည်းရိုးကာရံမည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိပြုလွှာ တင်ပြရမည်။ ၂။ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ လျှောက်ထားသူ (မြေရှင် သို့မဟုတ် GP/SP) ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူကို A4 အရွယ်တွင် တစ်မျက်နှာတည်း (အပေါ်/အောက်) ကူးယူတင်ပြရမည်။ ၃။ မြေပုံနှင့် မြေရာဇဝင် သက်ဆိုင်ရာဌာနမှ (၁) နှစ်အတွင်း ထုတ်ပေးထားသော ခြံစည်းရိုးကာရံရန်အတွက် မြေပုံ (C/Map) နှင့် မြေရာဇဝင်မူရင်းကို တင်ပြရမည်။ ၄။ ဂရန်မိတ္တူနှင့် နယ်နိမိတ်တိုင်းတာမြေပုံ ဂရန်မိတ္တူနှင့် နယ်နိမိတ်တိုင်းတာသတ်မှတ်သည့် မြေပုံ (D/Map) မိတ္တူကို တင်ပြရမည်။ မှတ်ချက်။ အမှတ်စဉ် (၄) ၏ မိတ္တူသည် မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးရန်အတွက် မှန်ကန်ရမည်။ ၅။ အဆိုပြုပုံစံ လျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ (၃) စုံကို A3 အရွယ်ဖြင့် တင်ပြရမည်။ အထက်ဖော်ပြပါ စာရွက်စာတမ်းများနှင့် ထောက်ခံချက်များကို ပြည့်စုံစွာ ပြင်ဆင်တင်ပြခြင်းဖြင့် ခြံစည်းရိုးကာရံခွင့်လျှောက်ထားမှုလုပ်ငန်းစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties