မြန်မာလူမျိုးတွေဟာ များသောအားဖြင့် ဧည့်ဝတ်ကျေပွန်ကြပါတယ်။ အိမ်ကို ဧည့်သည်လာတယ်ဆိုရင် ပြုံးပျော်ရွှင်နေတတ်ကြပြီး လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်သုပ်မှစ ထန်းညက်ခဲ၊ အချိုအချဉ်လေးအဆုံး ဧည့်ဝတ်ကျေပွန်လိုကြလေ့ ရှိပါတယ်။ “အိမ်သာမှ ဧည့်လာ” ဆိုတဲ့ စကားပုံလို ဧည့်ကောင်းဆွေကောင်းတွေ အိမ်အလည်ရောက်လာဖို့ ကိုယ့်အိမ်လေးဟာ သာယာနေဖို့ လိုပါတယ်။ 

အထူးသဖြင့်ဧည့်ခန်းတွေဟာ အိမ်ရဲ့ကျတ်သရေခန်းတစ်ခုလို့ ဆိုနိုင်သလို အိမ်ရဲ့စည်းကမ်းရှိမှု၊ သေသပ်မှု၊ သာယာပျော်ရွှင်ဖွယ်ကောင်းမှုတို့ကို ဧည့်ခန်းဆောင်တွေမှာ မြင်တွေ့ရနိုင်ပါတယ်။ အိမ်တစ်အိမ်မှာ ဧည့်ခန်းဟာ မရှိမဖြစ်လိုအပ်သလို အိမ်ရဲ့မျက်နှာစာလည်းဖြစ်တာကြောင့် အိမ်လည်လာသူတွေဟာ ဧည့်ခန်းကိုကြည့်ပြီး ဝေဖန်အကဲဖြတ်တတ်လေ့ ရှိပါတယ်။ 

ဒါပေမယ့် ကိုယ့်အိမ်ဧည့်ခန်းလေးက ကျဉ်းနေရင်ရော ။ စိတ်မပူပါနဲ့။ အိမ်ခန်းကို ကျယ်သယောင်ယောင် ထင်မှတ်စေမယ့် အိမ်တွင်း အပြင်အဆင် အကြံဉာဏ်လေးတွေကို ဒီဆောင်းပါလေးမှာ ဖတ်ရှုလေ့လာလိုက်ပါနော်။ 

၁။ မလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ရှားပါ 

အိမ်ရှေ့ဧည့်ခန်းမှာ မခေါက်ရသေးတဲ့ အဝတ်တွေ၊ ရက်လွန်နေပြီဖြစ်တဲ့ သတင်းစာစက္ကူအဟောင်းတွေ၊ ကျိုးပဲ့နေတဲ့ စားပွဲခုံဟောင်းတွေရှိနေရင် အမြန်ဖယ်ရှားသင့်ပါတယ်။ ကျိုးပဲ့နေတဲ့ ပရိဘောဂတွေဟာ လာဘ်တိတ်စေနိုင်သလို ဧည့်ခန်းအသွင်ကိုလည်း အကျည်းတန်စေပါတယ်။ 

၂။ စားပွဲခုံအရွယ်အစား

ဧည့်ခန်းက ကျဉ်းပါတယ်ဆိုမှ စားပွဲခုံခပ်ကြီးကြီးတွေ အလှဆင်ထားမယ် ဆိုရင်တော့ လူကိုမွန်းကြပ်သလို ခံစားရစေနိုင်ပြီး အပြင်အဆင်ဟာလည်း ဘယ်လိုမှ ကြည့်လို့လှမှာ မဟုတ်ပါဘူး။ဧည့်သည်လာရင် ကော်ဖီတိုက်၊ မုန့်ကျွေးဧည့်ခံဖို့ ချထားတဲ့ စားပွဲဝိုင်းဟာ အရမ်းကြီး ကြီးနေဖို့ မလိုပါဘူးနော်။စားပွဲသေးသေးလေးက နေရာသိပ်မစားသလို ဆွဲဆောင်မှုလည်း ရှိစေပါတယ်။ 



၃။ မှန်ဗီရို 

စာအုပ်တွေ၊ ဆုတံဆိပ်တွေ၊ အမှတ်တရ ပစ္စည်းတွေကို ဧည့်ခန်းမှာ ဟိုတစ်ကွက် ဒီတစ်ကွက် ချိတ်ဆွဲထားမယ့်အစား မှန်ပါတဲ့ ဗီရိုရှည်တစ်လုံး ထားရှိလိုက်ပါ။ စာအုပ်တွေထည့်မလား၊ ဆုတံဆိပ်တွေ၊ အမှတ်တရပစ္စည်းတွေ ထည့်မလား အားလုံးအဆင်ပြေတဲ့အပြက် ကိုယ့်အိမ်ကိုလည်း ပိုထည်ဝါသွားစေပါတယ်။ 

၄။ ဆိုဖာဆက်တီတွေ မလိုအပ်ရင် မသုံးပါနဲ့ 

ဆိုဖာဆက်တီတွေဟာ နေရာယူတဲ့ ပရိဘောဂတွေဖြစ်လို့ ဧည့်ခန်းနေရာကျဉ်းမယ်ဆိုရင်ကို ကျဉ်းကျပ်ကျပ်လေး ဖြစ်သွားစေပါတယ်။ ဆိုဖာတွေအစား သစ်သားကုလားထိုင်တွေ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ

အေးချမ်းသာယာပျော်ရွှင်တဲ့အိမ်လေးဖြစ်ဖို့ ဒီလိုဖုန်းရွှေနည်းလေးတွေသုံးကြမယ်

သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ

သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ

Posted By : Ra Wai (ShweProperty.com)