ဖုန်းရွှေဆိုတာ တရုတ်နိုင်ငံက ဆင်းသက်လာတဲ့စကားလုံးဖြစ်ပြီး ဖုန်းဆိုတာ လေ ၊ ရွှေဆိုတာ ရေဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ ဖုန်းရွှေဟာ သဘာဝနဲ့စပ်လျဉ်းပြီး လူသားတွေရဲ့စွမ်းအင်တွေ၊ ကောင်းကျိုး၊ဆိုးကျိုးတွေကိုမျှတစေတဲ့သဘောရှိပါတယ်။

ဖုန်းရွှေနည်းလမ်းတွေနဲ့ အိမ်ရဲ့စီးပွားရေး၊ကျန်းမာရေး၊အိမ်ထောင်ရေး သာယာပျော်ရွှင်အောင် လုပ်ချင်တယ်ဆိုရင် ဒီလိုအခြေခံစည်းမျဉ်းလေးတွေတော့ သိထားဖို့လိုပါတယ်။

(၁) အိမ်ရဲ့အဓိကနေရာ အနေအထား

ဖုန်းရွှေအဆိုအရ အိမ်ရဲ့အဓိက‌နေရာအနေအထားဟာ အခန်းတစ်ခန်းထဲမှာတည်ရှိပြီး တံခါးနဲ့အဝေးဆုံးဖြစ်ရမယ်၊ တိုက်ရိုက်လည်းကျမနေရဘူး၊ တံခါးကိုလည်း ရှင်းရှင်းလင်းလင်းလှမ်းမြင်နေရမယ်။ အိမ်ရဲ့အဓိကကျတဲ့နေရာအနေအထားဟာ အခန်းထဲမှာ ကိုယ့်အနေနဲ့ အချိန်အများဆုံး ကုန်ဆုံးသင့်တဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဖုန်းရွှေနည်းအရ ကိုယ့်အတွက်အဓိကကျပြီး လွှမ်းမိုးနိုင်စွမ်းအရှိဆုံးနေရာကို ရွေးချယ်ပြီးသွားရင် အိပ်ရာ၊ စားပွဲခုံ ဒါမှမဟုတ် မီးဖိုချောင်ကို ထောင့်ဖြတ်အနေအထားအတိုင်း နေရာချပါ။ အိမ်ရဲ့အစိတ်အပိုင်းသုံးပိုင်းမှာ တစ်ပိုင်းစီက သင့်ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းကို ကိုယ်စားပြုပါတယ်။ အိပ်ရာတည်ရှိရာနေရာက သင့်ဘဝအတွက်၊ အလုပ်စားပွဲခုံဟာ သင့်ရဲ့အလုပ်အတွက်၊ မီးဖိုချောင်နေရာဟာ သင့်ရဲ့ချမ်းသာကြွယ်ဝခြင်းအတွက် ကိုယ်စားပြုနေတာဖြစ်ပါတယ်။

(၂) ဖုန်းရွှေ Bagua Map 

တရုတ်စကားလုံး Bagua ဟာ နေရာ (၈) ခုဆိုတဲ့အဓိပ္ပာယ်ရပါတယ်။နေရာတစ်ခုစီဟာ မတူညီကွဲပြားတဲ့အခြေအနေ ဥပမာ မိသားစု၊ ချမ်းသာခြင်း၊ အလုပ်အကိုင်စသဖြင့် ဆက်နွယ်လျက်ရှိတာကို ပြသပါတယ်။ နေရာတစ်နေရာချင်းစီ အတွက်လည်း သင့်တော်တဲ့ပုံစံ၊ အရောင်၊ ရာသီဥတု၊ နံပါတ်၊ မြေဒြပ်စင်တွေရှိပါတယ်။ Bagua ရဲ့ အလယ်တည့်တည့် (၉) နေရာမြောက်ဟာ သင့်အတွက်ဖြစ်ပါတယ်။ သင့်ရဲ့ကျန်းမာရေးကောင်းခြင်းဆိုးခြင်း အားလုံးအတွက် ကိုယ်စားပြုတဲ့နေရာပါ။

(၃) Bagua ဧရိယာတွေက ဘာတွေလဲ?

Bagua ဧရိယာ (၈) ခုမှာ ချမ်းသာကြွယ်ဝခြင်း၊ အိမ်ထောင်ရေး၊ မိသားစု၊ သားသမီး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အပေါင်းအသင်းမိတ်ဆွေ၊အေ ာင်မြင်ကျော်ကြားမှုဆိုပြီးရှိပါတယ်။

(၁) မိသားစု

ကိုယ်စားပြု - မိသားစု၊ဘဝအသစ်စတင်ခြင်း
ပုံသဏ္ဏာန် - အထပ်ထပ်အလွှာပုံစံ ၊ ထောင့်မှန်စတုဂံ
အရောင် - အစိမ်းရောင်၊အပြာရောင်၊စိမ်းပြာရောင်ဖျော့ဖျော့
ရာသီ - နွေဦးရာသီ
နံပါတ် - ၄ 
ဒြပ်စင် - Yang သစ်သား 

(၂) ချမ်းသာကြွယ်ဝခြင်း

ကိုယ်စားပြု - ချမ်းသာခြင်း၊ပြည့်စုံခြင်း၊စည်းစိမ်ပေါများခြင်း
ပုံသဏ္ဏာန် - အထပ်ထပ်အလွှာပုံစံ ၊ ထောင့်မှန်စတုဂံ
အရောင် - ခရမ်းရောင်
ရာသီ - နွေဦးရာသီ
နံပါတ် - ၅
ဒြပ်စင် - Yin သစ်သား

(၃) ကျန်းမာခြင်း

ကိုယ်စားပြု - ကျန်းမာသုခပြည့်စုံခြင်း
ပုံသဏ္ဏာန် -  အပြား၊လေးထောင့်
အရောင် - အညိုရောင်၊လိမ္မော်ရောင်၊အဝါရောင်
ရာသီ - ရာသီအကူးအပြောင်းကြားကာလ
နံပါတ် - ၅
ဒြပ်စင် - မြေကြီး

(၄) ကူညီတတ်သောမိတ်ဆွေများ

ကိုယ်စားပြု - ကူညီတတ်သောသူများ၊ကောင်းကျိုးလိုလားသူများ၊ခရီးသွားလာခြင်း
ပုံသဏ္ဏာန် -  စက်ဝိုင်း၊စက်လုံး
အရောင် - မီးခိုးရောင်၊သတ္တုရောင်
ရာသီ - ဆောင်းရာသီ
နံပါတ် - ၆
ဒြပ်စင် - Yang သတ္တု

(၅) သားသမီးများ

ကိုယ်စားပြု - သားသမီးများ၊ပျော်ရွှင်မှု၊အောင်မြင်မှု
ပုံသဏ္ဏာန် -  စက်ဝိုင်း၊စက်လုံး
အရောင် - အဖြူရောင်၊သတ္တုရောင်
ရာသီ - ဆောင်းရာသီ
နံပါတ် - ၇
ဒြပ်စင် - Yin သတ္တု

(၆) ပညာရေးဗဟုသုတ

ကိုယ်စားပြု - အသိပညာဗဟုသုတ၊ကျွမ်းကျင်မှု၊အရည်အချင်းပြည့်ဝခြင်း
ပုံသဏ္ဏာန် -  အပြား၊လေးထောင့်
အရောင် - အပြာရင့်ရောင်
ရာသီ - ရာသီအကူးအပြောင်းကြားကာလ
နံပါတ် - ၈
ဒြပ်စင် - Yang မြေကြီး



(၇) အောင်မြင်ကျော်ကြားမှု

ကိုယ်စားပြု - အောင်မြင်ကျော်ကြားမှု၊စိတ်အားထက်သန်မှု၊ဂုဏ်သတင်းကျော်ဇော်မှု
ပုံသဏ္ဏာန် -  တြိဂံ၊
အရောင် - အနီရောင်
ရာသီ - နွေရာသီ
နံပါတ် - ၉
ဒြပ်စင် - မီး

(၈) အလုပ်အကိုင်

ကိုယ်စားပြု - အလုပ်အကိုင်၊ဘဝရည်မှန်းချက်
ပုံသဏ္ဏာန် -  ကွေ့ကောက်ပုံစံ၊လှိုင်းတွန့်ပုံစံ
အရောင် - အမည်းရောင်
ရာသီ - ဆောင်းရာသီ
နံပါတ် - ၁
ဒြပ်စင် - ရေ 

(၉) အိမ်ထောင်ရေး

ကိုယ်စားပြု - လက်တွဲဖော်၊အိမ်ထောင်ဖက်၊ဂရုစိုက်တန်ဖိုးထားမှု
ပုံသဏ္ဏာန် -  အပြား၊လေးထောင့်
အရောင် - ပန်းရောင်
ရာသီ - ရာသီအကူးအပြောင်းကြားကာလ
နံပါတ် - ၂
ဒြပ်စင် - Yin မြေကြီး

(၄) ဒြပ်စင် (၅) မျိုးက ဘာတွေလဲ?
ဒြပ်စင် (၅) မျိုးက မြေကြီး၊ သတ္တု၊ ရေ၊ သစ်သား၊ မီးပဲဖြစ်ပါတယ်။ ဒီငါးမျိုးကိုညီမျှအောင်ထားမှ အစစအရာရာအေးချမ်းသာယာနိုင်မှာဖြစ်ပါတယ်။ဒြပ်စင် (၅) မျိုးရဲ့အဓိပ္ပာယ်တွေကတော့..

(၁) မြေကြီး

ဂုဏ်သတ္တိ - ဟန်ချက်ညီခြင်း၊ကိုယ့်ကိုယ့်ကိုယ်ဂရုစိုက်ခြင်း၊တည်ငြိမ်ခြင်း
ပုံသဏ္ဏာန်  - အပြား၊လေးထောင့်
အရောင် - အညို၊လိမ္မော်၊အဝါ
ရာသီ - ရာသီအကူးအပြောင်းကြားကာလ
နယ်ပယ် -  ကျန်းမာရေး၊ပညာရေး၊အိမ်ထောင်ရေး

(၂) သတ္တု

ဂုဏ်သတ္တိ - လှပခြင်း၊ထိရောက်ခြင်း၊တိကျမှုရြှိခင်း
ပုံသဏ္ဏာန်  - စက်ဝိုင်း၊စက်လုံး
အရောင် - အဖြူ ၊ သတ္တု
ရာသီ - ဆောင်းရာသီ
နယ်ပယ် - ကူညီတတ်သောမိတ်ဆွေများ၊သားသမီး

(၃) ရေ 

ဂုဏ်သတ္တိ - အောက်စိုက်ခြင်း၊စီးဆင်းခြင်း၊ရွေ့လျားခြင်း
ပုံသဏ္ဏာန်  - လှိုင်းတွန့်ပုံစံ၊ကောက်ကွေ့သောပုံစံ
အရောင် - အမည်းရောင်
ရာသီ - ဆောင်းရာသီ
နယ်ပယ် - အလုပ်အကိုင်

(၄) သစ်သား 

ဂုဏ်သတ္တိ - ကျယ်ပြန့်ခြင်း၊မြှင့်တင်ခြင်း၊သန်မာခြင်း
ပုံသဏ္ဏာန်  - အထပ်ထပ်အလွှာပုံစံ ၊ ထောင့်မှန်စတုဂံ
အရောင် - အစိမ်းရောင်၊အပြာရောင်
ရာသီ - နွေဦးရာသီ
နယ်ပယ် - မိသားစု၊ချမ်းသာကြွယ်ဝခြင်း

(၅) မီး

ဂုဏ်သတ္တိ - စိတ်အားထက်သန်ခြင်း၊ဥာဏ်ရည်ထက်မြက်ခြင်း၊အသိပညာမြင့်မားခြင်း
ပုံသဏ္ဏာန်  - တြိဂံ
အရောင် - အနီရောင်
ရာသီ - နွေရာသီ
နယ်ပယ် - အောင်မြင်ကျော်ကြားခြင်း

ဒီအခြေခံတွေကိုသိထားမယ်ဆိုရင်တော့ ဖုန်းရွှေနည်းလမ်းအရ အိမ်တွင်းသာယာပြီး စီးပွားရေး တိုးတက်လာဖို့ ကိုယ်တိုင်လုပ်ဆောင်တဲ့အခါ အကူအညီရစေမှာပဲဖြစ်ပါတယ်နော်။ အားလုံးပဲ ဒီဖုန်းရွှေနည်းလမ်းတွေနဲ့ အိမ်ကို သန့်စင်နေရာချပြီး စီးပွားရေးကောင်းမွန်တိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နောက်တစ်ပတ်တွေမှာလည်း အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

သင့်ကလေး IQ ရော EQ ပါ ကောင်းစေဖို့ ဒီလိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပါ

လက်ဖက်ရည်အေးကပေးတဲ့ ကျန်းမာရေးဆိုးကျိုး (၈) ခု

Posted By : Ra Wai (ShweProperty.com)