“တိုက်ခန်းကို ဘဏ်နှင့်ချိတ်၍ အရစ်ကျဝယ်မည်ဆိုလျှင် အဆင်ပြေပါ့မလား သူငယ်ချင်း”ဟု ငယ်သူငယ်ချင်း မိတ်ဆွေတစ်ဦးက စာရေး သူထံ လာရောက်မေးမြန်း ဆွေးနွေးပါသည်။
“လက်ရှိကာလမှာ ခေတ်စားနေတာက ဘဏ်ချေးငွေနဲ့ အရစ်ကျငွေ ပေးချေတဲ့ စနစ်ပဲ။ တိုးတက်လာတာနဲ့ အမျှဘဏ်လုပ်ငန်းတွေကလည်း တိုးချဲ့အောင်မြင်လာကြတယ်။ နိုင်ငံတကာမှာတော့ အိမ်မြေကားတွေက ဘဏ်နဲ့ ဆက်သွယ်ပြီးအရစ် ကျငွေပေးချေစနစ်နဲ့ ဝယ်ကြတာဖြစ်တယ်”

“အစိုးရဘဏ်တွေကလည်း ကျင့်သုံးနေပြီလား”

“နိုင်ငံတော် အစိုးရဘဏ်တွေကတော့ လက်ရှိကာလမှာ ဆောင်ရွက်မပေးနိုင်သေးပါဘူး။ ပုဂ္ဂလိကဘဏ် တွေကသာ ဆောင်ရွက်ပေးနေတာပါ”

“ဒါဆို C.B. Bank လည်းပါသလား”

“ကျွန်တော်သိသလောက်တော့ K.B.Z Bank, Aya Bank, Yoma Bank, C.B Bank, A.G.D Bank တွေက ဆောင်ရွက်ပေးနေတယ်လို့ သိရတယ်”
“ဒါဆိုရင် သက်ဆိုင်ရာ ဘဏ်ကို စုံစမ်းရမှာပေါ့”
“ဒီလို မဟုတ်ဘူးဗျ။ ယခု ဆောင်ရွက်နေတာက အိမ်မြေအကျိုးဆောင် ကုမ္ပဏီကြီးတွေက တိုက်ခန်းမြေ အရောင်းပြပွဲကျင်းပပြီး သက်ဆိုင်ရာဘဏ်နဲ့ ချိတ်ဆက်ပေးတာ ဖြစ်တယ်”
“မိမိလိုချင်တဲ့ တိုက်ခန်းကို အိမ်မြေအကျိုးဆောင်ကုမ္ပဏီတွေထံ ဆက်သွယ်ကြည့်ရမယ့် သဘောပေါ့”

“ဟုတ်ပါတယ်။ On Line ကလည်း ထည့်သွင်းကြေညာတာ တွေ့နိုင်ပါတယ်”
“င်္ခေနဘသသု မှာ လေ့လာကြည့်နိုင်တာပေါ့”
“မှန်ပါတယ်။ Shwe Property စတဲ့ Facebook မှာ ကြော်ငြာတာတွေရှိတယ်။ အဲဒီ ကုမ္ပဏီတွေကလည်း အိမ် ခြံ မြေ အရောင်းပြပွဲတွေ ကျင်းပတယ်။ အရောင်းပြပွဲတွေမှာ သွားရောက်ကြည့်ရှု ဝယ်နိုင်တယ်”
“အဲဒီအရောင်းပြပွဲမှာ စရန်ပေး စာချုပ်၊ အရစ်ကျပေးချေစာချုပ်တွေ တစ်ပြိုင်တည်း ပြုလုပ်လို့ရပါသလား”

“One Stop ပုံစံဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ တစ်ခုရှိတာက ဘဏ်ကနေ ငွေချေးပြီး အရစ်ကျပေးချေ တဲ့ ကိစ္စမှာတော့ဘဏ်က သတ်မှတ်ထားတဲ့ ဝင်ငွေအထောက်အထား နေရပ်လိပ်စာအတိအကျ နေထိုင်ရာ ဒေသစတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို တင်ပြဖို့ လိုပါတယ်”
“ဘဏ်နဲ့ ချိတ်ဆက်တဲ့ကိစ္စကို နောက်မှ ဆောင်ရွက်ပြီး စရန်ငွေပေးထားတာမျိုး မရဘူးလား”
“အဓိကအချက်က မိမိဝယ်လိုတဲ့ တိုက်ခန်းရဲ့ တန်ဖိုး၊ မိမိလစဉ်သွင်းရမည့် ငွေကြေးပမာဏ၊ နှစ်ကာလ၊ အတိုးနှုန်းစတာတွေကို ပြခန်းမှာ တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ မိမိနိုင်သလောက် တွက်ချက်ဝယ်ယူနိုင်ပါ တယ်”

“အတိုးနှုန်းနဲ့ ချေးငွေပြန်မသွင်းနိုင်ရင် ဘယ်လိုဖြစ်နိုင်သလဲ”

“ဘဏ်သဘောအရတော့ ဥပဒေနဲ့အညီ အကြောင်းကြားမယ်။ သတ်မှတ်ရက်ကျော်သွားရင် အာမခံထား တဲ့သူတွေဆီ အကြောင်းကြားမယ်။ လုံးဝဆက်လက်မပေးဆပ်ရင်တော့ တရားစွဲဆိုတောင်းဆိုတဲ့အထိ ဖြစ် လာနိုင်ပါတယ်”
“အတိုးနှုန်းက အခု ဗဟိုဘဏ်ကလျှော့လိုက်ပြီလို့ ပြောတယ်။ အဲဒါက ဘယ်လိုဖြစ်နိုင်သလဲ”
“ဟုတ်ပါတယ်။ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်အပါအဝင် ဘဏ်အားလုံးအပေါ် သက်ရောက်မှာ ဖြစ် ပါတယ်”




“မူလက အတိုးနှုန်းဘယ်လောက်ပါလဲ ဆရာ”
“မူလက ဘဏ်ချေးငွေမှာ ၁၃ ရာခိုင်နှုန်းဖြစ်ပါတယ်”
“၁၃ ရာခိုင်နှုန်းဆိုတာက တစ်လနှုန်းထားလား ဆရာ”
“တစ်နှစ်နှုန်းထားပါ။ တစ်လအတိုးနှုန်းက ၁.၀၈ ရာခိုင်နှုန်းပဲ ရှိပါတယ်”
“ကျွန်တော်တို့က တစ်လပေးသွင်းရမယ့် အတိုးနှုန်းထင်နေတာ။ တစ်နှစ်နှုန်းထားဆိုတော့ အဆင်ပြေနိုင်ပါ တယ်”
“အခု ၀.၅ ရာခိုင်နှုန်း လျော့ချလိုက်တဲ့အတွက် ၁၂.၅ ရာခိုင်နှုန်းသာ အတိုးနှုန်းကောက်ခံသွားမှာ ဖြစ်ပါ တယ်”
“အရင်းကို ၃၀ ရာခိုင်နှုန်း အရင်ပေးသွင်းရတယ်လို့ဆိုတယ် ဟုတ်ပါသလား”
“ဘဏ်အားလုံးတော့ မဟုတ်ဘူး။ အချို့ဘဏ်တွေက ၂၀ ရာခိုင်နှုန်းကြိုတင်ပေးသွင်းရုံနဲ့ အရစ်ကျ ပေးသွင်း ခွင့် လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်”

“အချို့ဘဏ်တွေက ၁၁ ရာခိုင်နှုန်းအတိုးနှုန်းထိ ချပေးတယ်လို့လည်း ကြားမိတယ် ဆရာ”
“ဗဟိုဘဏ်မှ မကြေညာစဉ်ကတော့ ဘဏ်တွေအပြိုင် ချေးငှားနေတာဖြစ်လို့ နှစ်အကန့်အသတ်ပေါ် မူတည်ပြီး အတိုးနှုန်းအပြောင်းအလဲ တွေရှိလာတာမျိုး ဖြစ်ပါတယ်”
“အရစ်ကျပေးသွင်းခွင့် နှစ်ကာလက ဘယ်လိုပေးသလဲ”

“များသောအားဖြင့်တော့ ငါးနှစ်ကာလသတ်မှတ်ပေးတာကို တွေ့ရပါတယ်။ ဥပမာ – တိုက်ခန်းတန်ဖိုး သိန်း ၅၀၀ ရှိတဲ့ တိုက်ခန်းဆိုရင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ တွက်ချက်နှုန်းထားအရ တစ်လကို အတိုးနဲ့ အရင်း စုစုပေါင်း ၁၁ သိန်း လေးသောင်းခန့်ပေးသွင်းရတယ်လို့ သိရပါတယ်”

“တိုက်ခန်းကို တက်ရောက်နေထိုင်ခွင့်ရပါသလား”

“ဆောက်လုပ်ပြီးစီးတဲ့ တိုက်ခန်းတွေမှာတော့ လက်ရောက်နေထိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းတွေကိုတော့ သက်ဆိုင်ရာဘဏ်က သိမ်းဆည်းထားမှာ ဖြစ်ပါ တယ်”
“ဒါဆိုရင် အပေါင်ခံထားတဲ့ သဘောပေါ့”
“မှန်ပါတယ်။ မိမိဝယ်ယူထားတဲ့ တိုက်ခန်းကို သက်ဆိုင်ရာဘဏ်မှာ အပေါင်ထားတာဖြစ်ပါတယ်”

“သတ်မှတ်တဲ့ရက်အတွင်း ပြန်မဆပ်နိုင်ရင် ဘယ်လိုဖြစ်လာနိုင်ပါသလဲ”
“ဒါကတော့ အပေါင်ပစ္စည်းကို ရွေးနုတ်ရန် နို့တစ်ပေးသည့် ဥပဒေပါ အချက်အလက်ပြဋ္ဌာန်းချက်အတိုင်း အရစ်ကျငွေပေးသွင်းဖို့ အကြောင်းကြားစာပေးပို့မှာ ဖြစ်ပါတယ်။ ပေးဆပ်ရန် တာဝန်ရှိသူက ရှောင်တိမ်းနေ မယ်ဆိုရင် မူလစာချုပ် မှာတာဝန်ခံထားသူနှစ်ဦးအပေါ် အကြွေးငွေရလိုမှုအဖြစ် တရားစွဲဆိုတာ မျိုးဖြစ်လာ နိုင်ပါတယ်”
“အရစ်ကျဝယ်ထားသူက လုံးဝကျန်ငွေမပေးသွင်းနိုင်ရင် တရားစွဲဆိုခံရမှာလား”
“မှန်ပါတယ်။ သက်ဆိုင်ရာ ဘဏ်က ငွေပေးရန် ပျက်ကွက်သူအပေါ် တရားစွဲဆိုပြီးဝယ်ယူထားသည့် တိုက်ခန်း ကို လေလံပစ်၍ အကြွေး ငွေရယူသွားမှာ ဖြစ်ပါတယ်”
“လေလံပစ်ရောင်းချတဲ့အထိ ဖြစ်နိုင်တယ်ဆိုတော့ လစဉ်ပေးဆပ် နိုင်ဖို့ အဓိက စဉ်းစားရမှာဖြစ်နေတယ်”

“မှန်ပါတယ်။ မိမိရဲ့ပုံမှန်ဝင်ငွေနဲ့ ကိုက်ညီမှုကို တွက်ဆပြီးမှ ဘဏ်နှင့် ဆက်သွယ်အရစ်ကျဝယ်သင့်ပါ တယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ဂရန်မြေ တရားဝင်ဝယ်ယူနည်းနှင့် ရာဖြတ်တင်နည်း

ပေးကမ်းစာချုပ် ချုပ်မယ်ဆိုရင်

မိန်းမဖြစ်သူ၏အမည်ဖြင့် မြေကွက်ဝယ်ယူ ခြင်း နှင့် ခင်ပွန်းဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

ဂရန်သက်တမ်းကုန် မြေနှင့် အိမ်ကိုဝယ်လျှင်


Credit By : ထီယု (ဥပဒေအတိုင်ပင်ခံ)
Posted By :Chan Myae (ShweProperty.com)