နေအိမ်လေးကို သန့်သန့်ရှင်းရှင်းထားပါ။ရောဂါကင်းတယ်ဆိုတဲ့ စကားက အလကားပြောနေတာမဟုတ်ပါဘူး။ လိုအပ်တဲ့ ကျန်းမာရေးဂရုစိုက်မှုတွေထဲက တစ်ခုဖြစ်နေတာကြောင့် လူကြီးတွေကပြောရတာပါ။နေအိမ်သန့်ရှင်းမှာနေအိမ်လေးထဲမှာ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အင်းဆက်ပိုးမွှားတွေ ကင်းစင်တော့မပေါ့။
 
နေအိမ်မသန့်ရှင်းတာကြောင့် မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေ
နေအိမ်မသန့်ရှင်းတဲ့အခါနေအိမ်တွင်းနဲ့နေအိမ်ပတ်ဝန်းကျင်မှာ မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေကဒုနဲ့ဒေးပါ။ သူတို့ကရောက်လာပြီးရင် ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ရောဂါဆိုတဲ့ လက်ဆောင်ကြီးကိုပေးခဲ့မှာနော်။
 
ခြင်
ယင်ကောင်
ပိုးဟပ်
ခြ
သန်း
ဂျပိုး
ကြွက်
ပုရွက်ဆိတ်စတာတွေပေါ့။

မလိုခင်ဘဲရလိုက်မယ့် လက်ဆောင်တွေကရော ဘာတွေများလဲ……
ခြင်

နေအိမ်တိုင်းကခြင်ကင်းဖို့ဆိုတာ မလွယ်ကူမှန်းတော့ သိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်ဆိုရင်ခြင်ပေါက်ဖွားမှုကို နည်းနည်းလေတာ့လျှော့စေနိုင်တာပေါ့။ခြင်အရမ်းများတာကြောင့်ခြင်ကိုက်ခံရမှုကနေတဆင့်
 

သွေးလွန်တုပ်ကွေးငှက်ဖျားဆင်ခြေထောက်ရောဂါဆင်တုပ်ကွေးဂျပန်ဦးနှောင်ရောင်ရောဂါတွေဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ…..
 
နေအိမ်ကိုသန့်ရှင်းအောင်ထားပါခြင်နိုင်ဆေးထွန်းပါလုံခြုံစွာဝတ်ဆင်ပါ။

ယင်ကောင်
 
ရောဂါပိုးတွေကိုခြေလက်တွေမှာ သယ်ဆောင်လာပြီး ပို့ချတတ်သူတွေပေါ့။ ယင်ကောင်တွေက အညစ်အကြေးတွေမှာ နားပြီး အစားအစာတွေပေါ်မှာ နားလိုက်တဲ့အခါ အစားအစာတွေထဲမှာရောဂါပိုးတေါက အလိုလျော်ပါပြီးသားဖြစ်သွားရောပေါ့။ ဒီလိုမသန့်ရှင်းတဲ့အစားအစာတွေကို စားမိတဲ့အခါမှာ
 
ဝမ်းပျက်ဝမ်းလျှောတာဗိုက်နာတာမအီမသာဖြစ်တာတွေအူရောင်ငန်းဖျားရောဂါအနာကြီးရောဂါတွေခံစားရနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ….
 
နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်အစားအစာတွေကို ဖုံးအုပ်မယ်ယင်ကောင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်အောင် ဖန်တီးမယ်။

ပိုးဟပ်
 
ပူနွေးတဲ့နေရာတွေမှာနေတတ်ကြတယ်။ မီးဖိုချောင်တွေ။ နံရံအခေါင်းပေါက်ထဲမှာအနေများကြပါတယ်။ ညမှောင်တဲ့အခါထွက်လာတတ်သလို အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း အချိန်မရွေးရှိနေနိုင်ပါတယ်။ အစားအစာတွေပေါ်၊ ပန်းကန်အိုးခွက်တွေမှာ ပိုးဟပ်တွေနားလိုက်မယ်၊လျှောက်တက်မယ်ဆိုရင်

ဝမ်းပျက်ဝမ်းလျှောဖြစ်တာဝမ်းကိုက်တာအူရောင်ငန်းဖျားရောဂါအစာခြေစနစ်ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ…..
 
နေအိမ်ကိုသန့်ရှင်းအောင်ထားပါပရုတ်ပြားတွေထားရှိပါအမှိုက်ပုံးတွေကိုသေချာထားရှိပါအစားအစာတွေကို ဖုံးအုပ်ထားပါစိုထိုင်းဆနည်းနိုင်သမျှနည်းအောင် ဂရုစိုက်ပါ။

ခြ
 
ရုတ်တရက်ကြည့်လိုက်ရင်နေအိမ်ပရိဘောဂတွေကိုပဲ ထိခိုက်စေတာပါ။ ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့နေအိမ်မှာခြတွေရှိနေမယ်ဆိုရင်
 
ဓါတ်မတည့်မှုတွေဖြစ်နိုင်တယ်ပန်းနာရင်ကျပ်ရောဂါဖစ်နိုင်တယ်။

ဘယ်လိုကာကွယ်ကြမလဲ…..
 
အိမ်ကိုသေချာလေးသန့်ရှင်းပါခြအိမ်တွေတွေ့ရှိပြီဆိုရင် အင်းဆက်တိုက်ဖျက်တဲ့ဆေးတစ်မျိုးမျိုးဖြန်းပေးပါ။

ဂျပိုး
 
အိပ်ရာတွေ၊ အခင်းတွေနဲ့ ဆိုဖာတွေမှာ ခိုအောင်းနေတတ်တဲ့သွေးစုပ်တတ်တဲ့ သတ္တဝါလေးတွေပေါ့။ရောဂါကို တိုက်ရိုက်ပေးတာမျိုးမဟုတ်ပေမယ့်ရောဂါဖြစ်လာစေတဲ့ အကြောင်းရင်းခံတစ်ခုပေါ့။နေအိမ်မှာ ဂျပိုးတွေရှိနေမယ်ဆိုရင်
 


အရေပြားဓါတ်မတည့်မှုတွေဖြစ်နိုင်တယ်

ဂျပိုးကိုက်ခံရတဲ့နေရာတွေကို ယားလို့ ကုတ်ရာကနေ အပေါ်ယံအရေပြားတွေပေါက်ပြဲပြီးရောဂါပိုးတွေ ဝင်ရောက်စေနိုင်တယ်။
ဘယ်လိုကာကွယ်မလဲ…..
 
နေအိမ်ကို သပ်သပ်ရပ်ရပ်ထားပါအိပ်ယာခင်တွေ၊စောင်တွေကို ပုံမှန်လျှော်ပါအခင်းတွေကိုနေထုတ်လှန်းပါ
ဆိုဖာတွေကို ဖုန်စုပ်ပါ။

ကြွက်
 
ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူတွေပေါ့။ စားကြွင်းစားကျန်တွေတင်စားတာမဟုတ်ဘဲရောဂါပိုးတွေကိုပါ အတင်းချန်ထားခဲ့သေးတာ။ အိမ်မှာ ကြွက်ပေါတာကြောင့်
 
ပလိပ်ရောဂါ

Hantavirus Pulmonary Syndrome (HPS) အသက်သေဆုံးသည်အထိပြင်းထန်နိုင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ lymphocytic choriomeningitis virus (LCMV)
Tularemia အသည်းရောင်အသားဝါရောဂါတို့ခံစားရနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ……..
 
နေအိမ်ကို သန့်ရှင်းသပ်ရပ်အောင်ထားပါ
စားကြွင်းစားကျန်တွေသေချာစွာစွန့်ပစ်ပါ
နေအိမ်ပတ်ဝန်းကျင်ကို အမှိုက်ကင်းစင်အောင်ထားပါ။
 
ကဲ….နေအိမ်လေးကို သန့်ရှင်းအောင်ထားပါလို့ ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ အခုကစပြီးနေအိမ်ကို သန့်ရှင်းအောင်ထားလို့ ကိုယ်တိုင်ကိုရော မိသားစုကိုပါရောဂါတွေကနေ ကာကွယ်လိုက်ပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အိမ်တိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ ပိုးမွှားတိရစ္ဆာန်တွေကို သုတ်သင်ရှင်းလင်းနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလေးများ
 
ရေချိုးခန်းသန့်ရှင်းရေးအတွက် အသုံးပြုနိုင်တဲ့ သဘာဝပါဝင်ပစ္စည်းများ
 
ကျန်းမာရေးအတွက် ချက်ခြင်းလွှင့်ပစ်လိုက်ရမယ့်အရာ (၈) ခု
 
ကိုကာကိုလာကို အသုံးပြုပြီး အိမ်မှာ ဒီလိုအရာတွေကို သန့်ရှင်းရေး လုပ်နိုင်ပါတယ်
 
Credit By: hellosayarwon
Posted By: Ra Wai, ShweProperty.com