ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရှိ အောင်မြင့်မိုရ်အိမ်ရာ နဲ့ သန်လျှင်ကျောက်တန်းမြို့ က သီလဝါ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ စုစုပေါင်း ၂၀၄ခန်းကို ယခုဇန်နဝါရီလ အတွင်းရောင်းချတော့မှာ ဖြစ်တယ်လို့ မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ခန်း အခန်းပေါင်း ၂၀၄ခန်း ကို ဆောက်လုပ်ရေး၊ အိမ်ရာနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်မှာ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀နဲ့ အထက်ရှိသူများ အား အတိုးနှုန်းသက်သာတဲ့ ချေးငွေအစီစဉ်နဲ့ ယခုဇန်နဝါရီ လ အတွင်းရောင်းချမယ်လို့ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ယာစီမံကိန်းများကို အကောင်ထည်ဖော်တည်ဆောက်ခဲ့ရာ ယခုရောင်ချမယ့် အောင်မြင့်မိုရ်နဲ့ သီလဝါဥယျာဉ်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအပြင် ကျန်စစ်မင်းအိမ်ရာ ၊ ရွှေလင်ဗန်းအိမ်ရာ ၊ ယုဇနအိမ်ရာ နဲ့ ကနောင်အိမ်ရာစီမံကိန်းတွေကို ဆောက်လုပ်ရောင်းချပေးနေကြောင်းသိရပါတယ်။



ထပ်မံပြီးလည်း ရန်ကုန် ၊ မန္တလေးနဲ့ နေပြည်တော် မြို့ကြီးတွေမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ခန်းပေါင်း ၁သောင်းပါဝင်တဲ့ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွေကို ဆောက်လုပ်နေရာ စီမံကိန်းပထမအဆင့်မှာ အိမ်ခန်းပေါင်း ၅၀၀၀ကျော်ကိုတည်ဆောက်မယ်လို့သိရပါတယ်။

အဆိုပါပြည်သူ့ အငှားအိမ်ရာစီမံကိန်း တွေကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ဖို့ရှိနေရာ  အိမ်ခန်းတွေအနေနဲ့ ရန်ကုန်မှာ အခန်းပေါင်း ၃၁၀၄ခန်း ၊ မန္တလေးမှာ အခန်းပေါင်း ၁၄၅၆ခန်းနဲ့ နေပြည်တော်မှာ ၄၄၈ခန်း ဆောက်လုပ်မယ်လို့. ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

သတိထားသင့်တဲ့ မြေအမည်ပေါက် ပျက်ပြယ်သွားနိုင်တဲ့ အချက်များ 

နိုင်ငံရပ်ခြားကနေ တဆင့်ခံနဲ့ အိမ်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အမွေဆိုင် အိမ်ခြံမြေ အရှုပ်အရှင်းပြဿနာ 
 
ဘိုးဘွားပိုင်မြေက အခိုင်မာဆုံးလား 

လယ်ယာမြေကို အကွက်ရိုက် ဝယ်ယူခြင်းဟာ ခိုင်မာမှု ရှိနိုင်သလား

Posted By : John (ShweProperty.com)