အိမ်တအိမ်မှာ ' ဧည့်ခန်း' ဟာ ဣဋ္ဌနေရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မင်္ဂလာရှိအောင်လုပ်ထားရပါမယ်။
'ဧည့်ခန်း' အတွင်းမှာ ပရိဘောဂနဲ့ အလှဆင်ပစ္စည်းတွေ ထားသိုမှုဟာအရေး ကြီးပါတယ်။ မင်္ဂလာရှိအောင်ထားရပါမယ်။
ဖုန်းရွေှပညာ အရတော့... 'ဧည့်ခန်း' ဟာ အိမ်အဝင်တံခါးမကြီးနဲ့ အနီးဆုံးနေရာမှာ ဖြစ်ရမယ်။
 'ဧည့်ခန်း' ဟာ အလှအပကြိုက်တဲ့ မိန်းမပျိုလေးရဲ့ ချောမောလှပတဲ့ မျက်နှာလေးနဲ့ တူနေရမယ်လို့ ဆိုထားတယ်။ 
အလှအပကြိုက်ပြီး ချောမောလှပတဲ့ မိန်းမပျိုလေးဟာ သူမျက်နှာကိုအမြဲတန်း ချယ်သနေသလို ဧည့်ခန်းကို လှပခမ်းနားစွာ ပြင်ဆင်ထားရပါမယ်။
''ချမ်းသာမှုတွေဟာ အိမ်ရှေ့ ဧည့်ခန်းကို အရင်ဝင်တယ်'' လို့ တရုတ်လူမျိုးတွေရဲ့ ဆိုစကားရှိတယ်။
 ဧည့်ခန်းမှာ ပန်းချီကားချိတ်ဆွဲတဲ့အခါမှာ လှပတဲ့ ရှုမျှော်ခင်းပုံတွေ ချိတ်ဆွဲပါ။
ဒီနေရာမှာ သတိပြုစရာကတော့ ....... 

.ရေတံခွန်ဓါတ်ပုံ၊ ရေတံခွန်ပုံ ပန်းချီကားတွေ မချိတ်မိဖို့ပါပဲ။ ဒါက ဖုန်းရွေှပညာအရ ပြောတာမဟုတ်ပါဘူး။ ဆန်းဗေဒင်ပညာအရပြောတာပါ။ရေတံခွန်ဟာ အကျကိုပြတဲ့ နိမိတ်ပုံ။ ရေတံခွန်ကရေဟာ အမြဲအောင်ဆင်းနေတယ်။ အယူတော်မင်္ဂလာအရလည်း.......ရေတံခွန်ဓါတ်ပုံ၊ ရေတံခွန်ပန်းချီကားကို ဧည့်ခန်းမှချိတ်ဆွဲရင် စီးပွားကျမယ်။ စီးပွားမတက်တော့ဘူး။တစ်ခုတော့ရှိတယ်။သွေးတိုးရောဂါ ရှိတဲ့သူတွေ အိပ်တဲ့ကုတင်ခြေရင်းနံရံမှာ ရေတံခွန်ဓါတ်ပုံ၊ ရေတံခွန်ပန်းချီကား ချိတ်ဆွဲထားရင်တော့... သွေးသိပ်မတိုးတော့ဘူး။ ဒါက သဘာဝ နိမိတ်ကုထုံးလို့ ပြောရမှာပါ။

ဧည့်ခန်းမှာနေဝင်ချိန်(SUNSET)ဓါတ်ပုံ၊ နေဝင်ချိန်ပုံ ပန်းချီကားတွေလည်း မချိတ်ဆွဲရဘူး။ အိမ်ရှင်ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားလိမ့်မယ်။ ဒါက အယူတော်မင်္ဂလာဗေဒင်နည်းပါ။ ဖုန်းရွေပညာမှာမပါဘူး။ 

 နှစ်အတော်ကြာကပေါ့... ၂၀၀၀ခုနှစ် ဒီဘက်ပိုင်းထင်ပါတယ်။ ဘဏ်တွေဟာနှစ်စဉ်ပြက္ခဒိန်ရိုက်ပြီးသူတို့ရဲ့ ဘဏ်မှာငွေစာရင်းဖွင့်တဲ့၊ငွေစုတဲ့၊ ငွေချေး ငှားလုပ်တဲ့ ဘဏ်ဖေါက်သည်တွေကို နှစ်ကုန်ပိုင်း ဒီဇင်ဘာလတတိယပတ် လောက်မှာလက်ဆောင်ပေးလေ့ရှိတယ်။
ဘဏ်တစ်ဘဏ်က ဇန်နဝါရီလ အဖွင့်ဓါတ်ပုံကိုမေမြို့ကရေတံခွန်နဲ့ပြတယ်။၁၂လဆိုတော့ ပြက္ခဒိန်အရွက် က ၁၂ရွက်ပေါ့။တစ်ရွက်ကို တစ်လ။ ဇန်နဝါရီလအပေါ်မှာ... ဇန်နဝါရီလပြက္ခဒိန်အရွက်မှာ နေဝင်ချိန်ဓါတ်ပုံနဲ့ ဖွင့်ထားတယ်။ရေတံခွန်ဓါတ်ပုံနဲ့ ပြက္ခဒိန်ထုတ်တဲ့ဘဏ်က နောက်ပိုင်းမှာ လုပ်ငန်းတွေ တော်တော် များများရပ်သွားတယ်။ လုပ်ငန်းကျသွားတယ်။နေဝင်ချိန်ဓါတ်ပုံနဲ့ပြက္ခဒိန်ထုတ်တဲ့ ဘဏ်က နောက်ပိင်းမှာ နေဝင်သွားတယ်။ဒါဟာ သတိထားသင့်တဲ့ အချက်တွေပါပဲ။

ဧည့်ခန်းများမှာထားသင့်တာ ကတော့ နဂါးရုပ်တု၊ နဂါးပုံပန်းချီထားရင် ၊ ချိတ်ဆွဲထားရင် ရန်လုံတယ်။အတိုက်အခိုက်တွေ၊ အပြင်ရန်တွေကို အောင်နိုင်မယ်။

  ' ဧည့်ခန်း' မှာ ငါးအလှ၊ ရွေှငါးအလှမွေးထားရမယ်လို့ ဆိုထားတယ်။အနက်ရောင်နဲ့အဆင်းပါတဲ့ ငါးတွေကိုတော့မမွေးရဘူး။ ဒါကတော့ ဖုန်းရွေှပညာအရပြောတာပါ။
အိမ်တွင်းမှာပန်းပင်၊ ပန်းအိုးထားတာလည်း...ဖုန်းရွေှပညာမှာ အရေးပါတယ်။အထူးသဖြင့် ဧည့်ခန်းမှာ ပန်းပင်၊ ပန်းအိုးထားတာ များပါတယ်။ကောင်းတဲ့ဖုန်းရွေှတွေ 'ဧည့်ခန်း' မှာရစေဖို့ ... ပန်းပွင့်နဲ့သစ်ရွက်စိမ်းတွေဟာ အလွန်ပဲ အသုံးတည့်ပါတယ်။ ဖြူ ၊နီ၊ ဝါ၊ ပြာ လှပတဲ့ ရောင်စုံပန်းလေးတွေ ဟာ ဧည့်ခန်းမှာရှိနေတဲ့ အိမ်ရှင်ရော ၊ ရွေှဧည့်သည်ကိုပါ စိတ်ကြည်နူးလန်းဆန်းမှုကို ပေးတဲ့အပြင် ကောင်းတဲ့ကမ်ဘာမြေချီဓာတ်တွေက်ို ဧည့်ခန်းထဲမှာ ပျံ့နှံ့စေပါတယ်။

လှပတဲ့...မွေးကြိုင်တဲ့ ပန်းပွင့်လေးတွေနဲ သစ်ရွက်စိမ်းတွေဟာ 'ဣဋ္ဌ' ပါ။ ဧည့်ခန်းကလည်း ' ဣဋ္ဌအရပ်' ။ ဣဋ္ဌ။ ဣဋ္ဌဆိုတော့ ဆန်းဝင်ပါတယ်။ 
ပန်းအစစ်ဖြစ်ဖြစ်၊ ပန်းအတုဖြစ်ဖြစ် ဖုန်းရွေှပညာမှာတော့ အာနိသင်တူတယ်လ်ု့ ဆိုထားတယ်။ အမှန်တော့...ပန်းအစစ်က ဇီဝဓါတ် ရှိတော့...ပိုပြီး စွမ်းအင်ကောင်းလိမ့်မယ်လို့ထင်တယ်။

ဒါပေမဲ့...သဘာဝပန်းက နွမ်းလွယ်၊ ခြောက်လွယ်တယ်။ ညှိုးလျော်တဲ့ပန်းက မြင်ရသူကို နွမ်းလျစေတယ်။ ကောင်းတဲ့ကမ်ဘာမြေပြင်ချီတွေလည်း ထုတ်ပေးနိုင်စွမ်းမရှိတော့ဘူး။ ဒါကြောင့် ...ပန်းအတုတွေကိုလည်း ဧည့်ခန်းမှာထားသင့်တယ်။ ပန်းအစို၊ ပန်းအစစ်ဆိုရင်တော့ နွမ်းတာနဲ့အသစ်လဲပေးရမယ်။ဒါကြောင့် ဖုန်းရွေှပညာမှာ ပန်းပင်တွေကလည်း အရေးပါတယ်လို့ပြောရတာပေါ့။ အပင်အမျိုးအစားကို လိုက်ပြီး ... စွမ်းဆောင်နိုင်မှု ကွာခြားတာလည်းရှိတယ်။

ကစ်(စ်)မီကွစ် (kiss me quick)အပင်၊ရှားစောင်းပင်၊ မယ်တော်ကြီးဂမုန်းလို အပင်တွေကိုတော့ဧည့်ခန်းမှာစိုက်ဖို့၊ အလှထားဖို့ ရှောင်ရလိမ့်မယ်။ ကောင်းတဲ့ကမ်ဘာမြေပြင်ချီတွေကို စုပ်ယူတတ်လို့ပါပဲ။

 ပန်းပင်၊ပန်းအိုးတွေကို လှေကားအောက်မှာ မထားမိဖို့အရေးကြီးတယ်။ ဒါကလည်း ... ဆန်းဗေဒင်ပညာ အရဆိုရင် ဆန်းပျက်ပါတယ်။
တို့မြန်မာ ဗုဒ္ဓဘာသာတွေဟာ ဘုရားစင်မှာ ဘုရားပန်းတွေ ဝေနေအောင် ၊ မြိုင်နေအောင်ထိုးပြီး ကပ်လှူထားတာ ကုသိုလ်မင်္ဂလာအပြင် ဖုန်းရွေှပညာအရရော .. ဆန်းဗေဒင်ပညာအရပါ ကောင်းမြတ်တဲ့အကျိုးတရားကို ရစေပါတယ်။ ဒီနေရာမှာ ... ဖုန်းရွေှပညာနဲ့ပတ်သက်ပြီးရေးထားတဲ့၊ ဆောင်းပါးတစ်စောင်မှာပါတဲ့ အချက်တချို့ကို ပြောပြမယ်။

ရုပ်လုံးသွင်းထားတဲ့ ကျားခေါင်း၊ ကျားသစ်ခေါင်းတွေ ...ပြောင်ဦးချို ၊ သမင်ချို ၊ နွားရိုင်းချိုတွေ၊ သိမ်းငှက်ရုပ်တု၊ လင်းယုန်ရုပ်တု ၊ စွန်ငှက်ရုပ်တုတွေဟာ ဖုန်းရွေှယတြာတွေ၊ ဖုန်းရွေအဆောင်တွေဖြစ်တဲ့အတွက် ဧည့်ခန်းမှာချိတ်ဆွဲထား သင့်တယ်လို့ အဲ့ဒီဆောင်းပါးမှာဆိုထားတယ်။
အယူတော်မင်္ဂလာဗေဒင်ပညာအရ ပြောရင်တော့...ဒါဟာသိပ်မှားတယ်။ ဒါဟာ အမင်္ဂလာပဲ။


 
တိရစၦာန်တွေရဲ့ ဥတုဇရုပ်ကြွင်းတွေ၊ မင်္ဂလာရှိတဲ့ဧည့်ခန်းမှာ မင်္ဂလာမရှိတဲ့ တိရစာၧန်အသေကောင်တွေရဲ့ ရုပ်ကြွင်းထားတာဟာ...ဧည့်ခန်းမှာ တိရစာၦန်သချႋုင်းရှိသလိုဖြစ်နေတယ်။ 

ဆန်းဗေဒင်ပညာအရလည်း မှားပါတယ်။ဣဋ္ဌအရပ်ဖြစ်တဲ့ ဧည့်ခန်းမှာ အနိဋ္ဌဖြစ်တဲ့ တိရိစာၦန်တွေရဲ့ ဥတုဇရုပ်ကြွင်းတွေ ထားတာ ဆန်းပျက်တယ်။ ဒါ့ကြောင့် သူများတွေ'ဖုန်းရွေှ' ဆိုတာနဲ လိုက်ပြီး 'ဖုန်းရွေ' မနေသင့်ပါ။
အယူတော်မင်္ဂလာ ဗေဒင်ပညာတွေ၊ ဆန်းဗေဒင်ပညာတွေကိုလည်း ကျွမ်းကျင်အောင် နှံ့စပ်အောင်လုပ်ထားသင့်တယ်။
.'မြန်မာတို့ရဲ့ ဖုန်းရွေ' စာအုပ်မှာ...'ဖုန်းရွေှ'ရဲ့ အားသာချက်တွေကို အများကြီး ထည့်ရေးထားတယ်။ စောစောကပြောခဲ့သလိုပဲပေါ့။
ဖုန်းရွေပညာမှာက ရေတံခွန်ဓါတ်ပုံ၊ ရေတံခွန်ပန်းချီကားတွေအိမ်ရှေ့ ဧည့်ခန်းမမှာ ချိတ်ရမယ်လို့ဆိုထားတယ်။ တို့ရဲ့ အယူတော်မင်္ဂလာဗေဒင် ပညာမှာ လက်မခံဘူး။ ရေတံခွန်ဓါတ်ပုံ၊ ရေတံခွန် ပန်းချီကားတွေကို လက်မခံဘူး။ ရေတံခွန်ဆိုတာ အတတ်မရှိဘူး။

ရေတွေအောက်ကိုကျနေတယ်။ အမြဲပဲကျ တယ်။ ရေတံခွန်ဓါတ်ပုံ၊ရေတံခွန်ပန်းချီကားတွေကို လက်မခံဘူး။ ရေတံခွန်ဆိုတာ အတက်မရှိဘူး။ ရေတွေအောက်ကိုကျနေတယ်။ အမြဲပဲကျနေတယ်။ ရေတံခွန်ဓါတ်ပုံ၊ ရေတံခွန်ပန်းချီကားတွေကို ဧည့်ခန်းမှာချိတ်ဆွဲထားရင် အဲ့ဒီအိမ်မှာနေတဲ့သူတွေရဲ့ စီးပွားရေးဟာ တက်မလာတော့ပဲ ကျဆင်းသွားလိမ့်မယ်။
ဖုန်းရွေပညာမှာ...ခြံဝန်းကြီးကြီးနဲ့နေတဲ့ သူတွေအဖို့ အိမ်ရှေ့မျက်ခင်းပြင်မှာ ရေတံခွန်သေးသေးလေးလုပ်ဖို့ မှာတာရှိတယ်။ မြန်မာတို့ရဲ့အယူတော်မင်္ဂလာဗေဒင်ပညာအရ ပြောရင်တော့ မကောင်းဘူး။ ဒါကြောင့်...မြေနေရာရွေးချယ်တာ အိမ်ဆောက်တာတွေ ကိုပဲဖြစ်ဖြစ်၊ အိမ်တက်မင်္ဂလာလုပ်တာ၊ အိမ်ထောင်ပစ္စည်း ပရိဘောဂ အထားအသိုတွေ လုပ်တာပဲဖြစ်ဖြစ်...ဖုန်းရွေှပညာကိုပဲ အားကိုးလို့ မရဘူး။

မြန်မာမှု ၊မြန်မာ့ဓလေ့တွေကိုလည်း န့ှံစပ်ဖို့လိုတယ်။
ဖုန်းရွေပပညာမှာပါတဲ့ 'ဆည်းလည်း´ တွေအကြောင်း။
ကြေးနီ ၊ကြေးဝါတွေနဲ့လုပ်ထားတဲ့ ပြွန်ချောင်းရှည်လေးတွေကို 'ဆည်းလည်း' လို့ခေါ်တယ်။ တရုတ်'ဆည်းလည်း' ပေါ့။

လေတိုက်လို့ ဆည်းလည်းက "ချွင်ချွင်" မြည်သံတွေဟာ အိမ်သူအိမ်သားတွေရဲ့ သောတပသာဒကို အေးမြစေတယ်။
ကောင်းတဲ့ ကမ်ဘာမြေပြင်ချီ ဓါတ်တွေကို လည်းပျံ့နှံစေတယ်။ ဒါကြောင့်အိမ်အဝင်အဝတံခါးမကြီးတွေမှာ 'ဆည်းလည်း' တွေ ချိတ်ဆွဲထားရမယ်လို့ဖုန်းရွေှပညာမှာ ဆိုထားတာ ရှိတယ်။

မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာ နည်းနာမှာတော့... ဘုရားစင်မှာ ကြေးစည်ထားရတယ်။ နံနက်စောစော ထွက်ပေါ်လာတဲ့ ကြေးစည်သံဟာ ကြက်သရေမင်္ဂလာအပေါင်းနဲ့ အလွန်ပြည့်စုံပါတယ်။ သာဓုခေါ်သံ၊ အမျှပေးဝေသံ၊ ကြေးစည်သံတွေဟာ ကုသိုလ်တော်အသံတွေပါ။
နံနက် စောစောမှာ သူတစ်ပါးအိမ်က ကြေးစည်သံ ကြားရတာတောင်...တော်တော်မင်္ဂလာရှိတာပဲ။ ကိုယ်အိမ်မှာကိုယ် အရုဏ်ဆွမ်းကပ်ပြီး ဘုရား ရှိခိုး၊ မေတ္တာပို့၊ အမျှဝေကြေးစည်ထုရင် ဘယ်လောက်များ ကြက်သရေမင်္ဂလာ တိုးပွားမယ်ဆိုတာ...စဉ်းစားသာကြည့်ပေတော့ ။
ကြေးစည်သံဟာ မိမိအိမ်မှာ နာနာဘဝ၊ မကောင်းဆိုးရွားတွေ ရှိဖို့နေနေသာသာ အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ဖုတ်၊ပြိတ္တာ၊သရဲ သစေၧ တွေတောင် ကြေးစည်သံကို မခံနိုင်ကြဘူး။
ကြေးစည်သံက ကောင်းတဲ့ အစွမ်းတွေရှိတယ်။ ကြေးစည်ထုလို့ ထွက်ပေါ်လာတဲ့ အသံလှိုင်းတွေက သိဒ္ဓိအစွမ်းတွေရှိတယ်။ 

လာဘ်ခေါ်ကောင်၊ လာဘ်ခေါ်ရုပ်ဖြစ်တဲ့ ဇီးကွက်ရုပ်နဲ့ ပစ်တိုင်းထောင်ကို ဧည်ခန်းမှာ ထားကြတယ်။ 
ဆန်းဗေဒင်ပညာအရတော့ မထားရဘူး။ ညံ့တယ်။
ဇီးကွက်ဆိုတာ တိရစၧာန် ။အနိဋ္ဌ ။ ဧည့်ခန်းက ဣဋ္ဌအရပ် ။ မထားရဘူး။ ပစ်တိုင်းထောင်ကလည်း ဘာလဲ။ လူလား ၊ အကောင်လား ခြေလက်် မရှိဘူး။အင်္ဂါမစုံဘူး။
၁၉၉၆ခုနှစ်က VISIT MYANMAR YEAR လို့ခေါ်တဲ့ ဧည့်ကြိုနှစ်ကို ပစ်တိုင်းထောင်ပုံနဲ့ သငေ်္ကတပုံ Logo ထုတ်တယ်။ တဘောင်ပေါ်လာတယ်။ ကလေးတွေအော်ပြောကြတယ်။ "ခြေတို လက်တို နိုင်တီဆစ် ကိုကြို" ဆိုပြီး တဘောင်ထွက်တယ်။ ချက်ခြင်း ဖိုးဝရုပ်ပြောင်းလိုက်ရတယ် ......အဲ့ဒီဧည့်ကြိုနှစ် မအောင်မြင်ဘူး။

'ဧည့်ခန်း' မှာ ဆင်ရုပ်ထားရမယ်။ 

သစ်သားနဲ့ထုပြီးထားတဲ့ ဆင်ရုပ်ကို 'ဧည့်ခန်း' မှာထားရင် စီးပွားတတ်မယ်လို့ ဖုန်းရွေှပညာကဆိုထားတယ်။ နှာမောင်းမြှောက်ထားတဲ့ဆင်ရုပ်ဆိုရင်တော့ ... အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်ရဲ့ဂုဏ်သိက္ခာဟာ မြင့်မားလိမ့်မယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ဤတိရိစ္ဆာန်များသည် နက္ခတ်ဗေဒင်အရ သင်၏အိမ်သို့မဝင်သင့်ပါ

ရှောင်သင့်တဲ့ အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ

သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက HOUSEPLANTS လေးများကို ဘယ်လိုဂရုစိုက်ရမလဲ

အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင်

 
Credit By :Ngwe Kyal Eain
Posted By :Chan Myae (ShweProperty.com)