မြေယာတွေနဲ့ပတ်သက်ရင်တော့ အနည်းငယ်ရှုပ်ထွေးတက်ပါတယ်။ မြေယာပေါင်းများစွာရဲ့နည်းနာနိသယတွေ၊ ဥပဒေတွေ လိုက်နာရမယ့်စည်းကမ်းချက်တွေက မြောက်မြားစွာရှိပါတယ်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးမှာတော့ကိုယ်ပိုင်ဆိုင်ထားတဲ့ မြေယာအတွက်တော့ လိုအပ်တာတွေလုပ်ဆောင်ဖို့ကတော့ မိမိမှာတာဝန်ရှိပါတယ်။ 


မှန်ကန်တဲ့အထောက်အထား၊သက်သေခံစာရွက်စာတမ်းတွေရှိမှာသာ မိမိပိုင်ဆိုင်မှုက တရားဝင်မှာပါ။ ထိုအချက်ကိုတော့ သင်တို့မေ့လျော့လို့တော့ မရပါဘူး။လယ်ယာမြေကိုအမည်ပြောင်းရင်လုပ်ဆောင်ရမယ့်အရာလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

    
(၁) ပုံစံ ၁၀၅ လျှောက်


လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရှိသော လယ်ယာမြေအရောင်းအဝယ်စာချုပ်အတွက် မြေစာရင်းဌာနမှာ ပုံစံ ၁၀၅ လျှောက်ထားရပါမယ်။


 (၂). ဝင်ငွေခွန်ထမ်းဆောင်


 မြေစာရင်းပုံစံ ၁၀၅ ရပြီးရင် လယ်စီအဖွဲ့က သတ်မှတ်ထားတဲ့ မြေတန်ဘိုးဇုန်နှုန်းအရ မြို့နယ်အခွန်ရုံးမှာ သတ်မှတ်ဇုံနှုန်း + တံဆိပ်ခေါင်းခွန် ၄% + ဝင်ငွေခွန်များနဲ့အတူ ထမ်းဆောင်ရပါမယ်။ ဝင်ငွေခွန် နှုန်းထားများကို ပူးတွဲတင်ပြထားပါတယ်။





(၃) အရောင်းအဝယ်စာချုပ် မှတ်ပုံတင်


ထို့နောက် ရပ်ကျေးလယ်စီအဖွဲ့ရှေ့မှောက်မှာ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးပြီး မြေစာရင်းရုံးမှာ အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရပါမယ်။ မြို့နယ်မြေစာရင်းရုံးမှာ  အရောင်းအဝယ် မှတ်ပုံတင်စာချုပ် မှတ်ပုံတင်ခ ဝ.၅% ထပ်မံပေးသွင်းရပါမယ်။


(၄) အမည်ပြောင်း လျှောက်လွှာတင်


အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးပါက မှတ်ပုံတင်ပြီးသော စာချုပ်စာတမ်းများနှင့် ပူးတွဲ၍ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ အား အမည်ပြောင်း လျှောက်လွှာ တင်သွင်းခြင်း၊ လုပ်ပိုင်ခွင့်ရသူ အမည်ပြောင်းလဲပေးခြင်းကို မြေစာရင်းရုံးမှာ ဆက်လက်လျှောက်ထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ထိုသို့ ပြည့်စုံစွာ ဆောင်ရွက်ပြီးနောက် ဝယ်ယူထားသော လယ်ယာမြေ၏ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ ၇ မိမိအမည်ဖြင့် ရရှိမည် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။


ဝင်ငွေခွန်နှုန်းထားများ (ဝင်ငွေခွန်နှုန်းထားများမှာနှစ်အလိုက်အပြောင်းအလဲရှိနိုင်ပါသည်)


လိုအပ်သောစာရွက်စာတမ်းများ


၁. ပုံစံ-၇ မူရင်း

၂- ၁၀၅/၁၀၆ မူရင်း

၃-ရောင်းချသူထံမှ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာယူထားရင် အဆိုပါစာရွက်မူရင်း နှင့် ပါဝါမရုတ်သိမ်းကြောင်းနှင့် ပါဝါပေးသူသက်ရှိထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း
၄-ရောင်းသူ/ဝယ်သူမှတ်ပုံတင် သန်ခေါင်စာရင်း


ပုံစံ (၇) ရပြီးတဲ့ လယ်ယာမြေကို ရောင်းဝယ် ပြီးရင် ဝယ်သူအမည်ပေါက် ပုံစံ (၇) မှာ အမည်ပြောင်းလို့ ရပါပြီ။ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်ခွင့်ပြုရန် ဥပဒေပုဒ်မ ၁၈ အရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် လယ်ယာမြေ တန်ဖိုးကို ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားဖြစ်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အား ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။





အခုမျှဝေပေးလိုက်တဲ့ အချက်လေးကိုသိရပြီဆိုရင်တော့ လယ်ယာမြေဝယ်ပြီးတဲ့အခါ အမည်ပြောင်းလျှောက်ထားဖို့အတွက် လွယ်ကူသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို ကြိုတင်ပြင်ဆင်ထားမှုက သင့်ကို များစွာ အထောက်အကူပြုစေမှာပါ။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


ဂရန်နဲ့ပတ်သတ်၍ သိထားသင့်သော ဗဟုသုတများ


ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် အလိမ်မခံရဖို့ သတိပြုစရာ


အိမ်ဆောက်၊ ကျောင်းဆောက်ရာတွင် မသုံးအပ်သော သစ်အမျိုးအစားများ


Written By : Khine Zar (ShweProperty.com)
Photo Credit : nutritionalmenu
Posted By : Sint Sint (ShweProperty.com)