ကိုယ်ဝယ်မယ့်အိမ်မှာ မူလအိမ်ရှင်က အိမ်ငှားတင်ထားတယ်၊ အိမ်ငှားကလည်း အငှားစာချုပ် သက်တမ်းမကုန်သေးလို့ မပြောင်းသေးဘူး ဆိုရင် ဘယ်လိုဆက်လက် ဆောင်ရွက်သင့်လဲ"?။ အိမ်ခြံမြေ ပြဿနာတွေထဲမှာ ရံဖန်ရံခါ ပါလာတတ်တာကတော့ အိမ်ငှားပြဿနာပါပဲ။ 

 အိမ်နဲ့ခြံ ( ဒါမှမဟုတ် ) တိုက်ခန်းလေးဝယ်ဖို့ အစီအစဉ်ရှိတယ်၊ တကယ်လည်း အိမ်က ဝယ်ဖို့အဆင်ပြေတယ်။ ဒါပေမယ့် မူလအိမ်ရှင်ရဲ့ အိမ်ငှားတွေ ရှိနေတယ်၊ အိမ်ငှား နှစ်ချုပ် သက်တမ်းလည်း မကုန်သေးတာကြောင့် အိမ်ငှားက ဆက်နေဖြစ်နေတယ်။ တစ်ချို့ဖြစ်ရပ်တွေမှာလည်း အိမ်ငှားသက်တမ်း ကုန်သွားပေမယ့် အိမ်ငှားက ဆင်းမပေးပဲ ဆက်နေထိုင်နေတာကြောင့် တရားစွဲဆိုရတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုအဆောက်အအုံ တိုက်ခန်းတွေကို ဝယ်တဲ့အခါမှာ အဆိုပါ အိမ်ငှားများနဲ့ အိမ်ရှင်ဟာ သီးခြား အိမ်ငှားစာချုပ် ထပ်ပြီးချုပ်ဆိုသင့်ပါတယ်။ 

တိုက်ခန်းတွေမှာ ဆိုရင်လည်း မြေပိုင်ရှင်ဆီက မြေကွက်ကို တန်ဖိုးဖြတ် ဝယ်သူပြီး တိုက်ခန်းတွေ ဆောက်လုပ်တာ ရှိပါတယ်။ အဆိုပါ တိုက်ခန်းတွေဟာ အပျောက်စနစ်နဲ့ ရောင်းထားတဲ့ တိုက်ခန်းတွေဖြစ်တဲ့အတွက် ဥပဒေအရတော့ တိုက်ခန်းငှားသူတွေဟာ မြေရှင်ကို အိမ်လခပေးတဲ့အတွက် မြေရှင်နဲ့သာ အိမ်ရှင်အိမ်ငှားအဖြစ် ရှိနေပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဥပဒေနဲ့အညီ အရောင်းအဝယ် မှတ်ပုံတင်ဖို့ စာချုပ် လိုအပ်ပါတယ်။ ဒါ့အပြင် အရောင်းအဝယ်စာချုပ် မှတ်ပုံမတင်မီ ကိုယ်စားလှယ်လွှဲစာ ယူထားမယ် ဆိုရင်လည်း အဆင်ပြေနိုင်ပေမယ့် လခယူရင် မူလအိမ်ရှင်ရဲ့ ကိုယ်စား၊ ကိုယ်စားလှယ်လွှဲစာရသူအဖြစ်သာ ရှိမှာဖြစ်တာကြောင့် အကောင်းဆုံးကတော့  မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုဖို့ပဲ အကြံပြုလိုပါတယ်။ ဒါမှသာ မြေကွက်အမည်ပြောင်းပြီး တရားဝင် ပိုင်ဆိုင်မှာဖြစ်ပါတယ်။ 



ဒီလိုမဟုတ်ဘဲ အိမ်ငှားတင်ထားတဲ့ လူနေတိုက်ခန်းတစ်ခုကို ဝယ်ဖို့ စရံပေးထားတယ်၊ ငွေအကြေချေပြီးရင် အိမ်ငှားတွေကို ဖယ်ပေးဖို့ ပိုင်ရှင်ကလည်း သဘောတူပြီးသားဖြစ်တယ်၊ ဒါပေမဲ့ငွေအကြေချေပြီးတဲ့နောက်မှာ အိမ်ငှားက အကြောင်း အမျိုးမျိုးပြပြီး နေ့ရွှေ့ညရွှေ့လုပ်နေတယ်ဆိုရင် ဆိုရင်တော့  ဖယ်ပေးဖို့အတွက်ကို ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ ၁၀၆ နဲ့အညီ အငှားချထားခြင်းကို ရပ်စဲကြောင်း နို့တစ်စာပေးရပါမယ်။ နောက်ပြီးရင်တော့ ဝယ်သူကလဲ အမှန်တစ်ကယ်နေဖို့ ဝယ်ယူခြင်းဖြစ်ပြီး နေဖို့အတွက် ဒီတိုက်ခန်းကို ပြန်လည်လက်ရောက်ရယူရပါမယ်ဆိုတဲ့ ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီး ကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂ ( စ ) နဲ့ အညီ အိမ်ငှားနှင်လိုမှု စွဲပြီးအခန်းကို ပြန်ယူနိုင်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွား

အမွေဆိုင်အိမ်ကို အမွေခွဲတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ

ဘိုးဘွားပိုင်မြေ၊ ဂရန်မြေများကို တရားဝင်ခွဲစိတ်ရောင်းချတော့မယ်ဆိုရင်

Posted By : Ra Wai (ShweProperty.com)