By Sentosa, Shweproperty.com
Updated at 9 May 2025
မီးလာမီးပျက်များတဲ့ ခုလို ကာလတွေမှာ တန်ဖိုးကြီးလျှပ်စစ်ပစ္စည်းတွေ၊ နာမည်ကြီး နိုင်ငံခြား Inverter brand တံဆိပ်အမျိုးမျိုးတွေ လောင်ကြ ပျက်ကြရတာတွေ တွေ့ရပါတယ်၊ စက်ရဲ့ quality ကြောင့်လည်း ဖြစ်နိုင်သလို အသုံးပြုတပ်ဆင်တဲ့အခါ မှားယွင်းချက် တခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ အချက်လေးတွေကို သိထားစေရန် မျှဝေပေးလိုက်ပါတယ်.. 1. AC အဝင် volt control မတပ်ထားခြင်း (တစ်အိမ်လုံး မီးအဝင်အတွက် Voltage Stabilizer ခံထားခြင်းက ပိုမိုစိတ်ချရစေပါတယ်၊ EPC မီးအားဆောင့်တက်/ အတက်အပျအတွက် ကာကွယ်ဖို့ပါ) 2. Charging Amper control မြှင့်ထားခြင်း (Fast Charging) 3. လျှပ်စစ်မီး မကြာခဏ ပျက်တောက်ခြင်းကြောင့် မီးလာချိန်တွင် load များကို ပြိုင်တူသုံးစွဲခြင်းက မိမိအိမ်၏ meter box ကို လောင်ကျွမ်းပြီး စက်ပစ္စည်းများထိခိုက်နိုင်ပါသည်။ 4. မီးလာ ဗို့အားမြင့်တက်ရာမှ ရုတ်တရက် မီးပျက်ချိန်တွင် Discharge current ဆောင့်ဆွဲခြင်း 5. APL / UPS mode လုပ်ဆောင်ချက်တပ်ဆင်ထားခြင်း - မီးလာမီးပျက်အဖြစ်များတဲ့အခါ APL/UPS system က voltage အပြောင်းအလဲကြောင့် ပူပြီး system ကြောင်ပြီး ပျက်တဲ့အခါ inverter စက်ပါ ထိနိုင်ပါတယ်။ Overloading / APL/UPS အတွင်းရှိ capacitor များ ပျက်စီးခြင်းမှတဆင့်လည်း inverter စက်ကို ထိခိုက်စေနိုင်ပါတယ်။ 6. ရုပ်တရက် လျပ်စစ်မီး နဲ့ Bypass သုံးစွဲချိန်တွင် voltage အတက်အကျ မတည်ငြိမ်သောအခါ Charge to Decharge ပြောင်းလဲမှု့ဖြစ်စဉ်တွင် CPU module မှ signal voltage တည်ငြိမ်မှု့ လွဲမှားသောအခါ HV ဘက်မှ IGBT Feedback ဖြစ်ပေါပြီး Capacitor shorten ဖြစ်ပြီး DC input error ပြဿနာ 7. Overloading - စက်၏ ခံနိုင်သောဝန်ထက် ပိုသုံးမိခြင်း (အချို့သော မော်တာစက်ပစ္စည်းများသည် ပုံမှန်ဝပ်အားပမာဏထက် ၂ဆ/၃ဆ ဆွဲတတ်သည်၊ အချို့သော 1.5 hp aircon များသည် 1900 W အထိ ဆွဲတာကိုလည်း တွေ့ရသည်) နောက်ပိုင်း Inverter အမျိုးအစားတော်တော်များမှာ Overload protection ဝန်ပိုခြင်းကို အကာအကွယ်ပေးထားသည့်တိုင် overloading ကြောင့် ပျက်စီးနိုင်ပါသည်။ အထူးသဖြင့် overloading ကို ကြာရှည်စွာ ထိန်းသိမ်းထားရလျှင်ဖြစ်စေ / Overloading protection သည် Printed circuit board ကဲ့သို့ အတွင်းပိုင်းအစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည့် overloading ကြောင့် ထွက်ပေါ်လာသော အပူလွန်ကဲမှုကို တားဆီးနိုင်မည်မဟုတ်သောကြောင့် အချိန်နှင့်အမျှ အင်ဗာတာ ထိခိုက်လောင်ကျွမ်းမှုကို ဖြစ်ပေါ်စေပါသည်။ 8. Earthing - Earthing မရှိလျှင် Electric Shock ဖြစ်ခြင်း၊ မီးလောင်ကျွမ်းခြင်း၊ စက်ပစ္စည်းများထိခိုက်စေခြင်း နှင့် အခြားမတော်တဆမှုများ ဖြစ်နိုင်ခြေကို ပိုတိုးမြင့်စေပါသည်။ - Earthing မရှိလျှင် Electric Current လျှပ်စီးကြောင်းများ ရုတ်တရက်တက်ဆောင့်ခြင်း သို့မဟုတ် လျှပ်စီးကြောင်း အတက်အကျများသည် အီလက်ထရွန်းနစ် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများကို ပျက်စီးစေပြီး စက်ပစ္စည်းများ ချွတ်ယွင်းခြင်း ရတို့ကို ဖြစ်စေသည်။ 9. Pests - ပုရွက်ဆိတ်/ ပိုးဟပ်/ ကြွက်နှင့် အခြားသောအင်းစက်ပိုးကောင်များ ပုရွက်ဆိတ်များ ပုရွက်ဆိတ်များသည် နွေးထွေးမှု၊ အမိုးအကာနှင့် အစာအတွက် လျှပ်စစ်ပလပ်ပေါက်များသို့ ရောက်ရှိလာတတ်ကြသည်။ ပုရွက်ဆိတ်များသည် ဝါယာကြိုးများ၏ အပေါ်ယံအကာကို ကိုက်နိုင်ပြီး ဝါယာကြိုးအတွင်းရှိ metal ကို ထွက်ပေါ်လာစေနိုင်သည်၊ ထွက်ပေါ်လာသော metal ကိုလည်း ကိုက်နိုင်ပြီး ဝါယာရှော့ဖြစ်စေနိုင်သော short circuit ကို ဖြစ်စေနိုင်ပါသည်။ ဒါ့အပြင် ပုရွက်ဆိတ်များသည် လျှပ်စစ်စီးကြောင်းကိုဖြတ်၍ ဓာတ်လိုက်သောအခါတွင် ၎င်းတို့သည် အခြားပုရွက်ဆိတ်များကို ဆွဲဆောင်နိုင်သည့် pheromones များကို ထုတ် လွှတ်ကာ ထိုပုရွက်ဆိတ်သေအစုအဝေးက လျှပ်စစ်ပတ်လမ်းအတွင်း လျှပ်စစ်ပြတ် တောက်နိုင်သည့် short circuit ကို ဖြစ်ပေါ်စေနိုင်သည်။ ပိုးဟပ်များ ပိုးဟပ်များသည် အီလက်ထရွန်းနစ်ပစ္စည်းများရှိ Short circuit များကို ဖြစ်စေနိုင်ပြီး ပြန်လည်ပြုပြင်၍မရသော ပျက်စီးမှုများ သို့မဟုတ် မီးဘေးအန္တရာယ်များအထိ ဖြစ်စေနိုင်သည်။ ပိုးဟပ်အမှုန်အမွှားများတွင် အက်စစ်ပါဝင်မှုရှိပြီး အီလက်ထရွန်းနစ် အစိတ်အပိုင်းများကို ပျက်စီးစေနိုင်ပါသည်။ ဖုန်မှုန့်များ ဖုန်မှုန့်များသည် အီလက်ထရွန်းနစ်ပစ္စည်းများတွင် ဝါယာရှော့ဖြစ်စေနိုင်သည်။ အမှုန်အမွှားများသည် လျှပ်စစ်အစိတ်အပိုင်းများတွင် စုပုံနိုင်ပြီး အပူလွန်ကဲခြင်း၊ သံချေးတက်ခြင်းနှင့် လျှပ်စစ်အန္တရာယ်များ ဖြစ်စေသည်။ ဖုန်မှုန့်များသည် စက်ပစ္စည်းများတွင် အပူကို ဖြစ်ပေါ်စေနိုင်သည့် လျှပ်ကာပစ္စည်းအဖြစ် လုပ်ဆောင်နိုင်သည်။ စိုစွတ်သောဖုန်မှုန့်များသည် လျှပ်စစ်ပတ်လမ်းတိုများနှင့် ဗို့အားမြင့်ထုတ်လွှတ်မှုများကို ဖြစ်စေနိုင်သည့် တစ်စိတ်တစ်ပိုင်းလျှပ်စစ်ဓာတ်ကို သယ်ဆောင်နိုင်သည်။ ဖုန်မှုန့်များသည် ချိတ်ဆက်ကိရိယာများနှင့် လိုင်းများတွင် အချက်ပြမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ဖုန်မှုန့်များသည် ဇကာများကို ပိတ်ဆို့နိုင်ပြီး ကိရိယာများမှတဆင့် လေများ စီးဆင်းမှုကို တားဆီးနိုင်ပြီး ၎င်းတို့ကို အပူလွန်ကဲစေပါသည်။ ထိုနည်းတူစွာ အချို့သော အင်းစက်ပိုးမွှားများသည်လည်း short circuit ကို ဖြစ်ပေါ်စေနိုင်ပြီး မိမိ၏ စက်ပစ္စည်းများကို သန့်ရှင်းစွာ ထားဖို့ သတိပြုစေလိုပါသည်။ 10. Loose connection/ Incorrect Installation မိမိအိမ်ရှိ ဝါယာကြိုးများတပ်ဆင်ရာတွင် စနစ်တကျ မတပ်ဆင်ခဲ့ခြင်းများ၊ Neutral / Line ကြိုး မသန့်/ ငြိနေခြင်းများ၊ မှားယွင်းတပ်ဆင်ထားခြင်းများ အစရှိသည်တို့ကလည်း short circuit ကို ဖြစ်ပေါ်စေပြီး စက်ပစ္စည်းများကို ထိခိုက်လောင်ကျွမ်းစေနိုင်ပါသည်။ 11. Faulty Appliances နှစ်ကြာသော / ပျက်စီးစပြုနေသော လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို သုံးစွဲခြင်းသည် ဝါယာကြိုးအတွင်း / ပလတ်ခုံအတွင်း / အင်ဗာတာစက်အတွင်း တို့မှာ short circuit ကို ဖြစ်ပေါ်စေပြီး ပျက်စီးစေနိုင်ပါသည်။ 12. Water or other fluids ရေ သို့မဟုတ် အခြားအရည်တမျိုးမျိုးတို့သည် စက်အတွင်းရှိ ဝါယာကြိုးများနှင့် ထိတွေ့သည့်အခါ short circuit ဖြစ်ပေါ်စေနိုင်ပြီး ကြီးမားသောအန္တရာယ် ဖြစ်စေနိုင်ပါသည်။ Short circuit ဆိုသည်မှာ အကျဉ်းအားဖြင့်ပြောရလျှင် Electrical resistance မရှိသည့် (တနည်းအားဖြင့် လျှပ်စစ် မစီးဆင်းသင့်သည့် ) လမ်းကြောင်းသို့ လျှပ်စစ်စီးသွားခြင်းဖြစ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှု၊ မီးဘေးအန္တရယ်နှင့် ပေါက်ကွဲခြင်းများ ဖြစ်စေနိုင်ပါသည်။ ဖြစ်လာရင် ကြောက်စရာကောင်းသောအရာတွေမို့ မည်သည့်အင်ဗာတာစက်ပစ္စည်း/ လျှပ်စစ်ပစ္စည်း မဆို ခုလိုဖြစ်နိုင်တာမို့ လူတိုင်းနှင့်မကင်းတာမို့ အများပြည်သူ သတိပြုဆင်ခြင်နိုင်ရန် ဖြစ်ပါသည်။ Credit : Sentosa
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ