အိမ်ရှင်ဒါမှမဟုတ် မြေရှင်ရဲ့ သဘောတူညီချက်မပါဘဲ အိမ်ပြင် ဆင်ခွင့်မပြုဘူးလို့ ပြောကြတယ်။ ဟုတ်ပါသလား ဆရာ”ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံလာရောက် ဆွေးနွေးပါသည်။

“သက်ဆိုင်ရာ စည်ပင်သာယာ ရေး ကော်မတီထံ အိမ်ပြင်ဆင်ခွင့် လျှောက်ထားရင် ဦးကျော်ပြောသလို အိမ်ရှင် သို့မဟုတ် မြေရှင်ရဲ့ သဘော တူညီချက်ပါဖို့လိုမှာဖြစ်ပါတယ်။ ဦးကျော်က အိမ်ငှားနေတာလား”

“ကျွန်တော်ကိုယ်တိုင် မဟုတ် ပါဘူး။ ကျွန်တော့်ရဲ့ တူမလေးတစ် ယောက်ကိစ္စပါ။ အဲဒီအိမ်ကိုသူ့မိဘ လက်ထက်ကတည်းက ငှားနေလာခဲ့ ကြတာ နှစ်ပေါင်း ၂၅ နှစ်လောက်ရှိ နေပြီ”

“တူမလေးရဲ့ မိဘတွေက မရှိ တော့ဘူးပေါ့”

“ဟုတ်ပါတယ်၊ ကွယ်လွန်သွား ကြပြီ။ သူတို့ ငှားရမ်းနေစဉ်က အိမ် ရှင်တွေလည်း ကွယ်လွန်သွားကြပါ ပြီ။ အခုသမီးကြီးက လခကောက်နေ တာပဲ။ သူက အိမ်ရှင်အလိုအလျောက် ဖြစ်လာသလား။ ကျန်မောင်နှမတွေ ကလည်း အမွေဆက်ခံကြသူတွေပဲ မဟုတ်လား”

“ဥပဒေအရတော့ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ-၂ (ဆ) မှာ ကွယ်လွန်သွားသူ ရဲ့ အမွေဆက်ခံသူ (တရားဝင်ကိုယ် စားလှယ်ဖြစ်သူ) ဟာ အိမ်ငှားဖြစ် တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါ တယ်။ ဒါကြောင့် မိဘတွေနဲ့ အတူ နေခဲ့တဲ့ ဦးကျော်ရဲ့ တူမဟာ အိမ်ငှား အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ် တယ်”

“ဒါဆိုရင် မူလအိမ်ရှင်မိဘတွေ ကွယ်လွန်တော့ သားသမီးတွေက အိမ်ရှင်ဖြစ်လာတာပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် ကျန် ရစ်သူသားသမီးထဲက တစ်ဦးဦးက တာဝန်ယူပြီး အိမ်လခကောက်ခံရင် တော့ အိမ်ရှင်ဟာ ငွေကောက်ခံသူ ဖြစ်လာတယ်”

“အိမ်ပြင်မယ်ဆိုတော့ အိမ်ရှင် က ကန့်ကွက်နေလို့ ဆရာ”

“ကိုယ်က ဘာကိုပြင်မှာလဲ၊ အိမ် ရဲ့ ဘယ်အစိတ်အပိုင်းကို ပြင်မှာလဲ”

“မိုးကလည်း မလုံတော့ဘူး။ ဘေးနံရံတွေကလည်း ရေစိမ့်လာ တယ်”

“ခေါင်မိုးပြန်ပြီး သွပ်မိုးတာက တော့ ပြဿနာမဖြစ်ပါဘူး။ ဒါပေ မယ့် အခန်းပြန်ဖွဲ့မယ်။ အခန်းနံရံ တွေကို ခွာပြီး အုတ်စီတက်တာမျိုး ကြတော့ အဆောက်အအုံကို ပုံစံ ပြောင်းတဲ့ သဘောဖြစ်သွားတယ်”

“စည်ပင်သာယာရုံးမှာပြင်ဆင် ခွင့်လျှောက်တော့ မြေရှင်၊ အိမ်ရှင်ရဲ့ သဘောတူညီချက်လိုတယ်ပြောတယ်။ အိမ်ရှင်အမျိုးသမီးကလည်း သူ့ရဲ့ သဘောတူခွင့်ပြုချက်မရှိဘဲ အိမ်ပြင် ဆင်လို့ဆိုပြီး ကန့်ကွက်တိုင်ကြားထား တာရှိနေတယ်”

“ဥပဒေအရပြောရရင်တော့ မြို့ ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး ဝန် ထံမှာ အိမ်ပြင်ဆင်ခွင့်ပြုဖို့ လျှောက် ထားခွင့်ရှိတယ်”

“အချို့ကပြောတော့ မြို့နယ် အုပ်ချုပ်ရေးမှူးထံ အိမ်ပြင်ဆင်ခွင့် လျှောက်ထားရယူနိုင်တယ်လို့ ပြော ပါတယ်”

“မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး အက်ဥပဒေအရ မြို့နယ် အုပ်ချုပ်ရေးမှူးဟာ မြို့ပြဆိုင်ရာ ငှား ရမ်းခကြီးကြပ်ရေးဝန်ဖြစ်တယ်”

“ဘယ်လို ခွင့်ပြုချက်ရအောင် လျှောက်ထားရတယ်ဆိုတာ ရှင်းပြပါ ဦး”

“မြို့ပြဆိုင်ရာ ငှားရမ်းခကြီး ကြပ်ရေး အက်ဥပဒေပုဒ်မ (၁၁) ပိုဒ် ခွဲ (၁) မှာ အိမ်ငှားသည် ငှားရမ်းနေ ထိုင်သော အဆောက်အအုံကို ကောင်း မွန်စွာနေထိုင်နိုင်သည့် အခြေအနေ ၌ရှိရန် လိုအပ်သောပြုပြင်မှုကို အိမ် ရှင်မှပြုပြင်ပေးစေရန် ငှားရမ်းခကြီး ကြပ်ရေးရုံးသို့ လျှောက်ထားနိုင်တယ် လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင် အိမ်ရှင်ကို အိမ်ပြင် ပေးပါလို့ လျှောက်ထားတဲ့ သဘော ပေါ့”


 
“မှန်ပါတယ်။ အိမ်ငှားအတွက် နေထိုင်နိုင်သည့် အခြေအနေဆိုတာ ကတော့ ရေ၊ မီး၊ မိလ္လာပြွန်စသည် များကောင်းမွန်စွာရရှိနေရမှာဖြစ်ပါ တယ်”

“တကယ်လို့ အိမ်ရှင်ဖြစ်သူက မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ရုံးမှာ ပြင်ဆင်မပေးနိုင်ဘူးလို့ ငြင်း ဆိုရင် ဘယ်လိုဖြစ်လာနိုင်သလဲ”

“ယင်းဥပဒေပုဒ်မ (၁၁) ပိုဒ်ခွဲ (၃) မှာ အကယ်၍ အိမ်ရှင်က ငှား ရမ်းခကြီးကြပ်ရေး ဝန်ရဲ့ အိမ်ပြင် ပေးခွင့်ပြုသည့် အမိန့်ကို မလိုက်နာ ပါက အိမ်ငှားမှ ကုန်ကျစရိတ်ကို တွက်ချက်၍ ငှားရမ်းခကြီးကြပ်ရေး ဝန်ထံတင်ပြပြီး မိမိတို့ကိုယ်တိုင် ပြင် ဆင်ခွင့်ပေးပါရန် လျှောက်ထားနိုင်ပါ တယ်”

“အိမ်ငှားကို မိမိစရိတ်နဲ့ မိမိ ပြင်ဆင်ခွင့်ပြုနိုင်တယ်ပေါ့”

“ငှားရမ်းခကြီးကြပ်ရေးဝန် အပါအဝင် တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး သင့်လျော်တဲ့ ကုန် ကျစရိတ်ကို သတ်မှတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အိမ်ပြင်ကုန်ကျ စရိတ်ကို အိမ်ရှင်ထံမှ တောင်းဆိုခွင့် ဒါမှမဟုတ် အိမ်လခမှ ခုနှိမ်ခွင့်ကို ကြီးကြပ်ရေးဝန်က အမိန့်ချမှတ်နိုင်ပါ တယ်”

“အချို့ကပြောတော့ အိမ်ပြင် ဆင်ခြင်းပြုရင် အိမ်မှ နှင်ချပိုင်ခွင့်ရှိ တယ်ဆိုတာ ဟုတ်ပါသလား”

“ဥပဒေအရ အငှားချထားသူ အိမ်ရှင်ရဲ့ အခွင့်အရေးနဲ့ တာဝန်ကို ပြဋ္ဌာန်းထားသလို ငှားရမ်းနေထိုင်သူ ရဲ့ အခွင့်အရေးနဲ့ တာဝန်ကို ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ-၁ဝ၈ မှာ အတိအလင်းပြဋ္ဌာန်းထား ပါတယ်”

“ဘယ်လိုကိစ္စရပ်တွေကို အိမ် ငှားတာဝန်ဖောက်ဖျက်မှုအဖြစ် သတ် မှတ်ပါသလဲ”

“ယေဘုယျအားဖြင့်တော့ (အိမ် ငှားခ) အိမ်လခမှန်မှန်မပေးတာ၊ ငှား ရမ်းအဆောက်အအုံကို ညစ်ထေး အောင်၊ ဒါမှမဟုတ် ပျက်စီးယိုယွင်း အောင် ပြုလုပ်နေထိုင်မယ်၊ ပတ်ဝန်း ကျင်နေထိုင်သူတွေကို စိတ်အနှောင့် အယှက်ဖြစ်စေမယ်၊ ဥပဒေနဲ့ မလွတ် ကင်းတဲ့ လုပ်ငန်းကို အဆောက်အအုံ အတွင်းမှာ ပြုလုပ်မယ်ဆိုရင်တော့ အိမ်ငှားတာဝန်ဖောက်ဖျက်မှုအနေနဲ့ တရားရုံးမှာ တရားစွဲဆိုပြီး နှင်ချပိုင် ခွင့်ရှိမှာဖြစ်ပါတယ်”

“အချို့ အိမ်ငှားတွေက အိမ် အတွင်းမှာ လောင်းကစားလုပ်ရင် လည်း ဥပဒေအရ နှင်ချခွင့်ရှိတယ် ပေါ့”

“မှန်ပါတယ်။ ငှားရမ်းနေထိုင်တဲ့ အဆောက်အအုံအတွင်းမှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ကိစ္စရပ်တစ်ခုခုကို ပြု လုပ်နေကြောင်း အထောက်အထား ခိုင်လုံမယ်။ သက်ဆိုင်ရာက ရာဇ ဝတ်ကြောင်းအရ တရားစွဲအရေးယူခံ ရပြီး အပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် တော့ အိမ်ရှင်က အိမ်ငှားကို နေအိမ် မှ နှင်ချခွင့်ရှိမှာဖြစ်ပါတယ်”

“အဆောက်အအုံကို ကောင်း အောင်ပြင်ဆင်တာမျိုးဖြစ်လို့ နှင်ချ တဲ့အထိတော့ မဖြစ်နိုင်ဘူး မဟုတ် လား”

“တစ်ခုတော့ရှိတယ်။ အဆောက် အအုံကို ပုံစံပြောင်းပြီး ခိုင်ခိုင်မာမာ ပြင်ဆင်ဆောက်လုပ်ရာမှာ အိမ်ရှင်၊ မြေရှင်တို့ရဲ့ ခွင့်ပြုချက်လည်းမရှိ၊ သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့များ၏ ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ရင်တော့ အိမ်ရှင်က နှင်လိုမှုအ ဖြစ် တရားရုံးမှာ တရားစွဲဆိုပြီး အိမ် ငှားကို နှင်ချပိုင်ခွင့်ရှိပါတယ်”

“ဒါဆိုရင် မြို့ပြဆိုင်ရာငှားရမ်း ခကြီးကြပ်ရေးဝန်ရဲ့ ခွင့်ပြုချက်ရရင် တော့ အိမ်ပြင်ဆင်ခွင့်ရှိပြီပေါ့”

“မှန်ပါတယ်”ဟု အကြံပြု ဆွေး နွေးလိုက်ပါသည်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

မိဘများက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

စာချုပ်ချုပ်မည်ဆိုလျှင် ရောင်းသူဆောင်ရွက်ချက် မဖော်ပြမိသည့်ကိစ္စ

ဥပဒေနဲ့အညီ အိမ်ခြံမြေ ဝယ်ယူခြင်း

နေအိမ်အဆောက်အအုံနှင့်ပတ်သက်၍ သိထားသင့်သော ရှောင်ရန် ၊ ဆောင်ရန်များ

Credit By : ဈေးကွက်ဂျာနယ်
Posted By :Chan Myae (ShweProperty.com)