ဖုန်းရွှေဆိုတာဟာ ကိုယ့်ရဲ့အိမ်၊ခြံ၊မြေကို ကောင်းမွန်တဲ့ စွမ်းအင်တွေယူဆောင်လာပေးပြီး မကောင်းတဲ့အရာတွေပျောက်ပျက်သွားအောင်၊ ကံပိုကောင်းလာအောင်၊ လမ်းပွင့်လာအောင် သဘာဝတရားကြိီးရဲ့အကူအညီကိုယူပြီး လုပ်ဆောင်ပေးတဲ့ တရုတ်ရိုးရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဖုန်းရွှေကို အိမ်၊ခြံ၊မြေတွေအတွက် အသုံးပြုလို့ရသလိုတစ်ကိုယ်ရည်တစ်ကာယအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းစေဖို့၊ ကံမြင့်လာစေဖို့လည်း အသုံးပြုလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ ဒီနေ့​တော့ Shwe Property ရဲ့စာဖတ်သူတွေအတွက် ဖုန်းရွှေနည်းအရ စီးပွားတက်စေမယ့် အိမ်အရပ်မျက်နှာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

တောင်အရပ်ကို မျက်နှာမူတဲ့အိမ်

တရုတ်ရိုးရာ ယုံကြည်မှုတွေအရရော ဖုန်းရွှေနည်းလမ်းတွေအရပါ တောင်အရပ်ဟာ စီးပွားတိုးတက်စေပြီး လာဘ်လာဘကောင်းတဲ့ အရပ်မျက်နှာအဖြစ် လက်ခံထားကြပါတယ်။ တောင်အရပ်ကိုမျက်နှာမူတဲ့အိမ်တွေဟာ ကံကောင်းတတ်ကြပြီး လုပ်သမျှအဆင်ပြေ၊ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်တဲ့ အိမ်တွေဖြစ်တယ်လို့သိရပါတယ်။ တောင်အရပ်မျက်နှာမူတဲ့အိမ်တွေမှာဆိုရင်အိမ်ရှေ့မှာ အစိမ်းရောင်၊အပြာရောင် ပစ္စည်းတွေထားပေး​ပြီးအိမ်အဝမှာ ပန်းအိုးလေးတွေ၊ ပန်းချီကားလေးတွေနဲ့အလှဆင်ထားပေးခြင်းအားဖြင့် ကောင်းမွန်တဲ့စွမ်းအင်တွေ အိမ်ထဲကိုဝင်လာစေပါတယ်။ 

အရှေ့အရပ်ကို မျက်နှာမူတဲ့အိမ်

အရှေ့အရပ်ဟာ ဖုန်းရွှေရဲ့ Energy Map Bagua မှာ  Zhen လို့ခေါ်တဲ့ အသစ်အသစ်တွေကို အားပေးတဲ့ နေရာနဲ့ဆက်စပ်နေပါတယ်။ Zhen ဟာ အသစ်စတင်ခြင်းတွေ၊ အသစ်ရယူခြင်းတွေကို အားပေးပါတယ်။ ဒါကြောင့်အရှေ့အရပ်ကိုမျက်နှာမူတဲ့အိမ်မှာနေထိုင်တဲ့အခါ အလုပ်အသစ်ရခြင်း၊ ကိုယ်ပိုင်အလုပ်အသစ်စတင်နိုင်ခြင်း စတဲ့ ကံကောင်းမှုတွေ ရရှိနိုင်မှာဖြစ်ပြီး မိသားစုရေးတွေလည်း ပိုမိုအဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။ 



မြောက်အရပ်ကိုမျက်နှာမူတဲ့အိမ်

မြောက်အရပ်ဟာ Bagua Map မှာ Kan ဆိုတဲ့ တရုတ်စာလုံးရှိနေရာနေရာဖြစ်ပါတယ်။  Kan စာလုံးဟာ လူရဲ့အသက်မွေးဝမ်းကြောင်း လမ်းကြောင်းနဲ့ ဘဝမှာ ရောက်ရှိနေတဲ့နေရာ၊ ဆက်တက်သွားမယ့် နေရာတွေနဲ့ ပတ်သက်နေတာဖြစ်လို့ မြောက်အရပ်လှည့်တဲ့အိမ်တွေမှာ နေထိုင်သူတွေအဖို့ ငွေကြေးရတဲ့ လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေပြီး ဘဝမှာ ပိုကောင်းတဲ့နေရာကို ဆက်တက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။ မြောက်အရပ်လှည့်တဲ့အိမ်တွေအတွက် အိမ်ရဲ့ ရှေ့မှာ သံသတ္တုနဲ့ဆိုင်တဲ့အရာတစ်ခုခုကိုထားပေးမယ်ဆိုရင် အိမ်ထဲကို ကောင်းမွန်တဲ့စွမ်းအင်တွေ စီးဆင်းလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ 

အခုပြောပြပေးသွားတာကတော့ ဖုန်းရွှေနည်းလမ်းအရ စီးပွားတက်စေမယ့် အိမ်အရပ်မျက်နှာတွေအကြောင်းပဲဖြစ်ပါတယ်။ ဖုန်းရွှေနည်းအရ အနောက်အရပ်ကိုမျက်နှာမူတဲ့အိမ်တွေဆိုရင်တော့ မိသားစုထူထောင်နိုင်တာ၊ သားသမီးရလာတာတွေဖြစ်တတ်ပြီး သားသမီးကံကောင်းတတ်တယ်လို့ သိရပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်တွင်းသာယာပြီး စီးပွားဖြစ်ဖို့ သိထားသင့်တဲ့ အခြေခံ ဖုန်းရွှေစည်းမျဉ်းများ

ဗေဒင်ပညာအရ အိမ်မြေ သန့်မသန့် စစ်ဆေးနည်း

သင့်အိမ် မျက်နှာမူရာ အရပ်နှင့် အဓိပ္ပာယ်များ

သင့်အိမ်နံပါတ်ကပြောတဲ့ သင့်ကံတရား

Posted By : Ra Wai (ShweProperty.com)