Chris Tucker လို့ဆိုလိုက်ရင် Rush Hour ထဲမှာ ဘယ်တော့မှ ပါးစပ်အငြိမ်မနေနိုင််တဲ့၊ ပရိသတ်တွေကို ဟယဒရွှင်ဆေးတိုက်ကြွေးတိုက်တဲ့ ချစ်စရာကပ္ပလီမင်းသားကိုပြေးမြင်မိကြမှာပါပဲ။ ဂျက်ကီချန်းနဲ့ ရုပ်ရှင်ရိုက်နေစဉ်မှာ တကျက်ကျက်ရန်ဖြစ်ပြီး နောက်ပိုင်းမှာ ညီအစ်ကိုအရင်းထက် ပိုချစ်သွားတဲ့ Chris Tucker ဟာ မင်းသားတစ်ဦးဖြစ်သလို ဟာသ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေ့တော့ Shwe Property ပရိသတ်တွေကိုChris Tucker ရဲ့ LA က ဇိမ်ခံ အိမ်ကြီးကို အလည်ခေါ်သွားချင်ပါတယ်။ 

အိမ်အပြင်ပိုင်း 

Chris Tucker ရဲ့အိမ်ကြီးဟာ Los Angeles Tarzana မှာတည်ရှိပြီး ကမ္ဘာကျော် Celebrities တွေဖြစ်တဲ့ Khloe Kardashian တို့ Lamar Odom တို့ နေထိုင်တဲ့ အိမ်တွေရဲ့ အနီးတဝိုက်မှာ တည်ရှိပါတယ်။ အိမ်ရဲ့ အပြင်ပိုင်း ဗိသုကာကို Tanzanian ရိုးရာအတိုင်း ကျောက်တုံးကြီးတွေနဲ့ သစ်သားတွေကိုပေါင်းစပ်ပြီး အနုပညာမြောက်အောင်ဆောက်ထားတာကိုတွေ့ရပါတယ်။ အိမ်ရဲ့ပတ်ဝန်းကျင်မှာ သာယာလှပပြီး သစ်ပင်ပန်းမန်တွေနဲ့အုပ်ဆိုင်းနေတဲ့ ပန်းခြံလုပ်ထားတာကိုတွေ့ရပြီး အခြားသော ဇိမ်ခံအိမ်တွေနဲ့ ကွဲပြားစွာပဲ ခမ်းနားပေမယ့် ရိုးရှင်းပြီး တိတ်ဆိတ်တဲ့ Private ဆန်တဲ့ အငွေ့အသက်မျိုးကို ခံစားရမှာပါ။

ဒါ့အပြင် ဒီအိမ်ကြီးမှာ ရေကူးကန်ကျယ်ကြီးလည်းရှိပြီး ရေကူးကန်ရဲ့ဘေးမှာ နားနေဆောင်နှစ်ခုကို ကျောက်တိုင်ကြိီးတွေနဲ့ အနုပညာမြောက်စွာ အလှဆင်ထားတာကိုလည်းတွေ့ရပါတယ်။  

အိမ်အတွင်းပိုင်း

Chris Tucker ရဲ့ LA ဇိမ်ခံအိမ်ကြီးဟာ အိမ်အတွင်းပိုင်းအပြင်အဆင်တွေကြောင့်လည်း အိမ်ခြံမြေစျေးကွက်မှာ ကျော်ကြားပါတယ်။ အိမ်ကြီးကို အလှဆင်ထားတဲ့ မျက်နှာကြက်မြင့်မြင့်တွေ၊ ပြတင်းပေါက်ကျယ်တွေနဲ့ နေရောင်နဲ့ သဘာဝလေလုံလုံလောက်လောက်ရအောင် ဖန်တီးထားပြီး ပရိဘောဂတွေကို အိမ်ရဲ့ အပြင်အဆင်နဲ့လိုက်ဖက်တဲ့ ခမ်းနားပြီး လှပတဲ့ ပရိဘောဂတွေရွေးချယ်သုံးထားတာမြင်ရမှာပါ။



အိမ်ကြီးမှာ အိပ်ခန်း (၆) ခန်းနဲ့ သန့်စင်ခန််း(၇) ခန်းပါရှိပြီး Chris က ဒီအိမ်ကို သူ Rush Hour နဲ့ စတင်အောင်မြင်ပြီး နောက်ပိုင်းမှာ ဝယ်ယူခဲ့တာဖြစ်တဲ့အတွက် အိမ်မှာ အပေါင်းအသင်းတွေခေါ်ပြီး Party တွေမကြာခဏလုပ်လေ့ရှိတယ်လို့သိရပါတယ််။ 

အိမ်ရဲ့အပြင်အဆင် 

Chris Tucker ဟာ ဒီအိမ်ကြီးကို အာဖရိကနဲ့ Tanzanian ရိုးရာပေါင်းစပ်ပြင်ဆင်ထားခဲ့ပြီး Tanzanian ရိုးရာအတိုင်းရက်လုပ်ထားတဲ့ခြင်းကျားလေးတွေ၊ ဘီးစေ့တွေနဲ့ သီရတဲ့ ဆွဲကြိုးတွေလက်ဝတ်လက်စားတွေအပြင် Masksတွေ၊ ရုပ်တုတွေ စသဖြင့် အသေးစိတ် စိတ်ကြိုက်ပြင်ဆင်ထားခဲ့တာပါ။ ဒါ့အပြင် အိမ်အတွင်းမှာ လေကောင်းလေသန့်ရဖို့နဲ့ လှပဖို့ အိမ်အတွင်းမှာထားရတဲ့ သစ်ပင်တွေ၊ ပန်းအိုးတွေအပြင် ရှားပါးပန်းချီကား​တွေနဲ့ အလှဆင်ထားပါတယ်။ အိမ်ထဲမှာ ဂိမ်းကစားတဲ့အခန်း၊ စာကြည့်ခန်းတွေလည်းပါရှိပြီး ထမင်းစားခန်းက​နေ ဥယျာဉ်ထဲက လှပတဲ့ ရှု့ခင်းကို လှမ်းမျှော်ကြည့်နိုင်အောင်် ဖန်တီးထားတာကိုလည်းတွေ့ရပါတယ်။ 

Chris Tucker ရဲ့ဒီအိမ်ကြီးဟာ အခြားသော အနုပညာရှင်တွေ၊ ကမ္ဘာကျော်တွေရဲ့အိမ်တွေလိုထူးခြားတဲ့  ရုပ်တုတွေ၊ အသာလွန်ဆုံးခမ်းနားမှုတွေ၊ ရာဇဝင်တွေမရှိိပေမယ့် အိမ်ကြီးရဲ့ အာဖရိကနဲ့ Tarzania ယဉ်ကျေးမှုကို အချိုးကျစွာပေါင်းစပ်ထားပြီး အနုပညာဆန်တဲ့ တည်ဆောက်ပုံနဲ့ Decorations တွေက ပရိသတ်တွေနဲ့ အိမ်ခြံမြေစျေးကွက်က ကျွမ်းကျင်သူတွေရဲ့ စိတ်နှလုံးကိုဖမ်းစားနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ 

အခုပြောပြသွားတာကတော့ Luxury Mansion တွေထဲကမှ ထူးခြားတဲ့ ဝိညာဉ်ကိုပိုင်ဆိုင်ထားတဲ့ Chris Tucker ရဲ့ LA က ဇိမ်ခံအိမ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

LIONEL MESSI ရဲ့ ယူရို (5) သန်းခွဲတန် အိပ်မက်ဆန်သော ကမ်းခြေအိမ်ကြီးသို့ အလည်တစ်ခေါက်

BRAD PITT ရဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ ဒေါ်လာ သန်း (၄၀) တန် ရှေးဟောင်းအိမ်ကြီးအကြောင်း

ALIA လေးရဲ့ အမိုက်စားအပြင်အဆင်နဲ့ အိမ်ကြီးကို အလည်တစ်ခေါက်

SELENA GOMEZ နဲ့ HAILEY BIEBER ဘယ်သူက ပိုကြီးကျယ်ခမ်းနားတဲ့အိမ်ကို ပိုင်ဆိုင်ထားလဲ

Posted By : Ra Wai (ShweProperty.com)