မြွေဖြူမလေးဇာတ်ကား၊ ဘော်ဒီဂတ်ဇာတ်ကား စတဲ့ ကွန်ဖူး ဝူရှုးဇာတ်ကားတွေနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ နှလုံးသားကို အပိုင်သိမ်းခဲ့တဲ့ အပြုံးချိုချိုနဲ့သဘောကောင်းပုံရပြီး ဇာတ်ကားထဲမှာတော့ မညှာမတာ ဖိုက်တဲ့ မင်းသားကတော့ ဂျက်လီပါပဲ။ ဂျက်လီလို့ဆိုလိုက်ရင် ဟိုးအရင် တစ်ကားကို နှစ်ဆယ်ပေး​ပြီးကြည့်ရတဲ့ ဗီဒီယိုရုံပရိသတ်တွေကအစ ဒီဘက်ခေတ်လူငယ်တွေအထိ ပရိသတ်အင်အားကြီးမားလှပါတယ်။ ဒီနေ့တော့ ကမ္ဘာကျော် ကွန်ဖူးဘုရင် ဂျက်လီရဲ့ ရှန်ဟိုင်းမှာ ဝယ်သိမ်းထားတဲ့ ဒေါ်လာ သန် $40 တန် ဇိမ်ခံအိမ်ကြီးဆီကို တစ်ခေါက်လောက် အလည်သွားကြရအောင်နော်။ 

ဂျက်လီဟာ 2008 တုန်းက Shenghai, Pudong လို့ခေါ်တဲ့နေရာမှာ ခြံကျယ်ကြီးနဲ့ Luxury အိမ်ကြီး တစ်လုံးကို အမေရိကန်ဒေါ်လာ သန်း $40နဲ့ ဝယ်ယူခဲ့ပါတယ်။ ဒီ Mansion ကြီးမှာ အိမ်မကြီး (1) လုံးနဲ့ ဧည့်ဆောင်အိမ် (2) လုံး ပါဝင်ပြီး ဂျက်လီဟာ ဧည့်ဆောင်အိမ် (2) လုံးကို သူ့သမီးနှစ်ယောက်အတွက် အသီးသီးရည်ရွယ်ဝယ်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဂျက်လီရဲ့ ဇိမ်ခံအိမ်ကြီးဟာ တရုတ်နိုင်ငံ လူချမ်းသာ နာမည်ကြီး လူတန်းစားအလွှာတွေနေထိုင်တဲ့ အိမ်တွေထဲမှာမှ စျေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးအိမ်ကြီးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအိမ်ကြီးကို တန်ဖိုး​ကြီး ကျောက်သား marbles တွေနဲ့ တည်ဆောက်ထားပြီး ရင်သပ်ရှု့မောဖွယ် ရောင်စုံ skylights များနဲ့အလှဆင်ထားပါတယ်။အိမ် အတွင်းက လက်ဆေးကန်၊ ပရိဘောကတွေကိုလည်း အဆက်မပါတဲ့ သဘာဝကျောက်သားများနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ဒီအိမ်ကြီးကို တည်ဆောက်ပြီးချိန်ကစပြီး အသင့်နေဖို့ အလှဆင်မွမ်းမံပြီးချိန်အထိ (6) နှစ်တိတိအချိန်ကြာခဲ့ပြီး ဂျက်လီက (2008) ခုနှစ်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပေမယ့် အိမ်ကြီးကို (2010) မှ မွမ်းမံပြီးစီးခဲ့တာပါ။ 

ဒီ Mansion ကြီးမှာ ပါရှိတဲ့ အိမ်ကြီး (3) လုံးစလုံးဟာ သုံးထပ်အိမ်ကြီးတွေဖြစ်ပြီး အိမ်တစ်လုံးစီမှာ Master Bedroom (3) ခန်းစီနဲ့ အိပ်ခန်းပေါင်းများစွာ ပါရှိတယ်လို့သိရပါတယ်။ ဂျက်လီဟာ မီဒီယာတွေကို အိမ်ထဲကို အဝင်မခံပဲသိုသိပ်စွာနေထိုင်တာကြောင့် အိမ်ရဲ့ အသေးစိတ် အတွင်းပိုင်းပြင်ဆင်ပုံတွေကိုတော့ အသေအချာဖော်ပြနိုင်ခြင်းမရှိလင့်ကစား ရောက်ဖူးသူတွေရဲ့ ပြောစကားအရ ဒီဇိမ်ခံအိမ်ကြီးကို မျက်နှာကျက် မီးပန်းဆိုင်းတွေကအစ ဆိုဖာဆက်တီခုံတွေအထိ စျေးအကြီးဆုံး Quality အကောင်းဆုံးနဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ပစ္စည်းတွေနဲ့ပဲအလှဆင်ထားတယ်လို့သိရပါတယ်။ အိမ်ကြီးရဲ့ လသာဆောင်ကနေ လှမ်းကြည့်မယ်ဆိုရင် စိမ်းစိုနေတဲ့ ဥယျာဉ်ခြံကျယ်ကြီးကိုမြင်ရမှာဖြစ်ပြီး အိမ်မကြီးရဲ့အရှေ့မှာ လှပခမ်းနားတဲ့ ရေပန်းကြီးနဲ့ အလှဆင်ထားတာကိုလည်းတွေ့ရပါတယ်။ ဥယျာဉ်ခြံထဲမှာဆိုရင်လည်း သစ်ပင်ကြီးမျိုးတွေပါစိုက်ထားတာကြောင့် တောအုပ်လေးလိုအေးမြနေတဲ့ သဘာဝအလှကို ခံစားရမှာပါ။ 



ဒီလို ရင်သပ်ရှု့မောဖွယ် ဇိမ်ခံအိမ်ကြီးကို ဂျက်လီဟာ ဝယ်ပြီးကတည်းက တစ်ခါမှ လာရောက်နေထိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဝယ်ယူ​​ပြီး (10)  နှစ်ကျော်ကြာချိန်မှာ ဂျက်လီရဲ့အိမ်ကြီးဟာ အနည်းငယ်ဟောင်းနွမ်းယိုယွင်းလာနေပါပြီ။ ဒါပေမယ့် ထူးဆန်းတဲ့အချက်ကတော့ ပြီးခဲ့တဲ့ (2020) မှာ ဂျက်လီရဲ့ Shanghai Mansion ကြီးထဲကို လာရောက်နေထိုင်သူတွေရှိနေပြီး အဲဒီလူတွေဟာ Security Guards  တွေဖြစ်တယ်လို့ သိရပါတယ်။ ဒီ Security Guards တွေဟာ ဒေါ်လာ သန်း ($40) ကျော်တန် ဇိမ်ခံအိမ်ကြီးကိုသူတို့အိမ်သူတို့ယာလို ပြုမူနေတာ တွေ့ရပြီး သီးပင်စားပင်တွေလည်း ခြံထဲမှာစိုက်ထားသလို အဝတ်အစားတွေလည်း ထုတ်လှန်းထားတယ်လို့ ဖြတ်သွားဖြတ်လာတွေက မီဒီယာတွေကို သတင်းပေးထားကြပါတယ်။ ဒီအစောင့်တွေကိုဂျက်လီကပဲ အိမ်စောင့်ဖို့ ငှားထားလိုက်သလား၊ သူတို့သဘောနဲ့သူတို့တက်နေနေသလားဆိုတာတော့ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ ဆက်သွယ်မေးမြန်းမှုကို ဂျက်လီက အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ 

အခုပြောပြသွားတာကတော့ တရုတ်နိုင်ငံရဲ့ထိပ်တန်း ဇိမ်ခံအိမ်ကြီးတစ်လုံးဖြစ်တဲ့ ဂျက်လီရဲ့ ဒေါ်လာ သန်း ($40) ကျော်တန် အိမ်ကြီးအကြောင်းပဲ ဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

BRAD PITT ရဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ ဒေါ်လာ သန်း (၄၀) တန် ရှေးဟောင်းအိမ်ကြီးအကြောင်း

ဗိုလ်ကြီးတို့စုံတွဲ HYUN BIN နဲ့ SON YE JIN ရဲ့ မင်္ဂလာဦးအိမ်ကြီးကို အလည်သွားကြမယ်

လီမင်ဟိုပိုင်ဆိုင်တဲ့ US $4 သန်းကျော်တန်အိမ်ကြီးကို အလည်တစ်ခေါက်

စော်ကြည်ဘဲ LEONARDO ပိုင်ဆိုင်တဲ့ဒေါ်လာသန်းကျော်တန် အိမ်ကြီးတွေအကြောင်း

Posted By : Ra Wai (ShweProperty.com)