အပင်များသည် လူသားမျိုးနွယ်စုရဲ့  သဘာဝကပေးကသော ကျေးဇူးရှင်တစ်ပါးဟု ဆိုရာတွင်လည်း မှားဖွယ်ရာမရှိပေ။ ရာသီဉတုကို မျှတစေတယ်၊ သစ်နဲ့ သစ်တောထွက်ပစ္စည်းများက လူနှင့် သက်ရှိတိုင်းအတွက် ဂေဟစနစ်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိသည်။
 
အပင်များသည် အစာချက်ရင်း အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးပြီး အဆုတ်ကဲ့သို့ပင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးနိုင်တာကြောင့် Lungs of the earth ဟုပင် တင်စားခေါ်ဝေါ်သေးသည်။
 
ထူးခြားချက်အနေနဲ့ နာနတ်ပင်ကတော့ နေ့ဘက်တွင်မက ညအခါများတွင်ပါ အောက်ဆီဂျင်ထုတ်လွှတ်ပေးနိုင်စွမ်းရှိတာမို့ အိပ်မပျော်တဲ့သူများအတွက် အိပ်ခန်းတွင်း နာနတ်ပင်ငယ်ထားရှိခြင်းဖြင့် အသက်ရှူဝစေပြီး ကောင်းစွာအိပ်စက် အနားယူစေနိုင်ကြောင်းကို အမေရိကန် နာဆာအဖွဲ့မှ လေ့လာစမ်းသပ်တွေ့ရှိထားပါသည်။
 


အပင်စိုက်ပျိုးပေးခြင်းဖြင့် -
 
၁။ အာရုံစူးစိုက်မှုအားကောင်းစေလို့ အလုပ်တာဝန်များကို လွယ်ကူပြီးစီးအောင် ဆောင်ရွက်နိုင်စွမ်းရှိတယ်
 
သဘာဝနဲ့ နီးစပ်ခြင်း၊ အပင်တွေကြား အလုပ်လုပ်ခြင်းဖြင့် အာရုံစူးစိုက်မှုအားနဲ့ မှတ်ဉာဏ်အား ပိုမို ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့ကြောင့်မို့လည်း ဆရာဝန်များက အလုပ်ပိ၍ စိတ်ဖိစီးမှုများနေသူများအား တောတောင်ရေမြေနဲ့ အနီးဆုံးနေရာများ၊ ပင်လယ်ကမ်းခြေလိုနေရာများသို့ သွားရောက်ကာ လည်ပတ်ကြဖို့ အကြံပြုကြခြင်းပင်ဖြစ်ပါသည်။ ဒါ့အပြင် အပင်နဲ့ အနီးဆုံးမှာ စာလေ့လာသူများ၊ အလုပ်လုပ်သူများသည် ပိုထူးချွန်ကြသည်ဟု သုတေသီတို့က ဆိုထားပါသေးသည်။
 
၂။ သဘာဝရဲ့ ဆေးပင်လည်း ဖြစ်ပါတယ်
 
နိုင်ငံခြားဖြစ်ဆေးများမပေါ်ပေါက်ခင် ရှေးယခင်မင်းများလက်ထက်ကပင် တောတောင်မှရသော သစ်ဉသစ်ဖုများများနဲ့ နွယ်ပင်တစ်ချို့နဲ့ပင် အစွမ်းထက် ဆေးဝါးများဖန်တီးနိုင်ခဲ့ကြသည်။ မြန်မာ့ဆေးဝါးများသည် ယနေ့ထက်တိုင် အသုံးဝင်ဆဲပင်ဖြစ်သည်။ ဉပမာ - အသားအရည်အတွက်ရော၊ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတဲ့ ရှားစောင်းလက်ပတ်ပင်ကို “မသေမျိုးတို့ရဲ့ သစ်ပင်” ဟုပင် တင်စားခေါ်ကြသေးသည်။ အပူလောင်တာ၊ ထိခိုက်ရှနာ၊ အသားပတ်ခြင်းနဲ့ ဆံသားများအတွက်ပါ သုံးနိုင်တဲ့ ရှားစောင်းပင်ဟာဆိုရင် လေထုကို သန့်စင်ပေးပြီး အခက်ကိုပြုတ်ကာ ထွက်လာတဲ့ အငွေ့ကိုရှူခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါကိုပင် သက်သာစေနိုင်သည်ဟု ဆိုထားသည်။
 


၃။ ပတ်ဝန်းကျင်နဲ့ လေထုကို သန့်စင်မှုပေးတယ်
 
လူဉီးရေ ထူထပ်သိပ်သည်းလာသည့်နှင့်အမျှ သွားလာရေးသုံးယာဉ်များသည်လည်း အဆမတန် ပေါများလာသည်။ ကမ္ဘာ့လေထုမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုညစ်ညမ်းလာပြီး စက်ရုံကထွက်တဲ့ ဓာတ်ငွေ့များ၊ မော်တော်ကားနဲ့ အခြားသော စီးတော်ယာဉ်များမှ ထွက်သော ဓာတ်ငွေ့များကို လူသားများသည် နေ့စဉ်နဲ့အမျှ ရှူရှိုက်နေကြရသည်။ ဒီအတွက်ကြောင့် မိမိရဲ့ပတ်ဝန်းကျင်နဲ့ လေထုကို သန့်စင်ပေးနိုင်တဲ့ အပင်တွေနဲ့ ဝန်းရံထားဖို့လိုအပ်လှပါတယ်။
 
ယခုဆိုရင် စျေးကွက်ထဲတွင် စျေးလည်းတန်၊ ထိန်းသိမ်းရလည်းလွယ်ကူတဲ့ လေသန့်စင် အပင်မျိုးစိတ် ပေါင်းများစွာကို လွယ်ကူစွာ ဝယ်ယူနိုင်တာကိုတွေ့ရမှာပါ။
  
၄။ ဓာတ်မတည့်ခြင်းတွေပါ သက်သာနိုင်စွမ်းရှိတယ်
 
ဟုတ်ပါတယ် ... အိမ်တွင်း အပင်စိုက်ထားခြင်းဖြင့် လေထဲမှ ဖုန်မှုန့်များကို စုပ်ယူပေးနိုင်ပြီး မှိုနဲ့ ဖုန်အညစ်အကြေးများကို သန့်စင်ပေးနိုင်တယ်ဟု သုတေသီတို့က ဆိုထားပါသည်။ ဒါ့အပြင် အပင်နဲ့ အရွက်များက ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ ပန်းဝတ်မှုန် အမှုန်များနဲ့ အသက်ရှူလမ်းကြောင်းကို ဟန့်တားနှောင့်ယှက်စေနိုင်သော အမှုန်အမွှားများရန်ကလည်း တားဆီးပေးနိုင်သောကြောင့် အလာဂျစ်ဖြစ်တတ်သူများ စိုက်ပျိုးရန်လည်း အထူးသင့်လျော်ပါသေးတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
 
ညအိပ်စက်မှု ပိုမိုကောင်းမွန်စေမယ့် အိမ်တွင်းစိုက်အပင် (၅) မျိုး
 
သင့်အိပ်ခန်းထဲက အပင်လေးတွေ
 
Written By: Aye Sandar, ShweProperty.com
Posted By : Sint Sint, ShweProperty.com