ရေချိုးခန်း သန့်စင်တဲ့ ဘယ်အစွန်းချွတ်ဆေးမဆို ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေ အနည်းနှင့် အများတော့ ပါဝင်ပါတယ်။ တစ်ချို့လူတွေက ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာ၊ မသုံးချင်တာတွေ ရှိပါတယ်။ ဒီအတွက် ဓါတုပစ္စည်းတွေကို အသုံးမပြုဘဲ သဘာဝပစ္စည်းများနှင့် သင့်ရေချိုးခန်းလေးကို တောက်ပစေဖို့အတွက် နည်းလမ်း သုံးမျိုးကို မျှဝေပေးလိုက်ပါတယ်။
 
၁။ ရေပန်းခေါင်းတွေကို သန့်ရှင်းစေဖို့
 
တစ်ချို့ ရေပန်းခေါင်းတွေက အညှိတတ်ပြီး ညစ်ပတ်နေတဲ့အခါ အလွယ်တကူ သန့်ရှင်းလို့ မရပါဘူး။ ဒီအတွက် ပလတ်စတစ်အိတ်တစ်လုံး၊ ရှာလကာရည်၊ သားရေကွင်းနှင့် ဘရပ်တစ်ခု လိုအပ်ပါတယ်။



ပလတ်စတစ်အိတ်ထဲကို ရှာလကာရည်လောင်းထည့်ပါ။ ရေပန်းခေါင်းကို ထိုပလတ်စတစ်အိတ်ထဲမှာ စွပ်ပြီး သားရေကွင်းဖြင့် လုံအောင် စည်းနှောင်ပါ။ တစ်ညစိမ်ထားပြီး နောက်နေ့မနက်မှာ အိတ်ကိုဖယ်လိုက်ပါ။ ပြီးနောက် ဘရပ်တစ်ခုနှင့်(သွားတိုက်တံအဟောင်းကိုလည်း အသုံးပြုလို့ရ) ပွတ်တိုက်ပေးပါက အညစ်အကြေးတွေ လုံးဝသန့်စင်သွားပါလိမ့်မယ်။
 
၂။ အိမ်သာခွက်တွေ သန့်စင်ဖို့အတွက်
 
အိမ်သာခွက်တွေသန့်စင်ဖို့အတွက် အစွန်းချွတ်ဆေးရည် ကုန်သွားတဲ့အခါ သင့်အိမ်မှာ ရှိတဲ့ သဘာဝပစ္စည်းတွေနဲ့ သန့်စင်လို့ ရပါတယ်။ လိုအပ်တဲ့ ပါဝင်ပစ္စည်းများက ရှာလကာရည် ၊မုန့်ဖုတ်ဆော်ဒါနှင့် အိမ်သာတိုက်တဲ့ ဘရပ်တို့ဖြစ်ပါတယ်။

ပထမဆုံး မုန့်ဖုတ်ဆိုဒါကို အိမ်သာခွက် အနှံ့လိုက်ဖြူးလိုက်ပါ။ ပြီးနောက် အိမ်သာတိုက်ဘရပ်ဖြင့် အစွန်းအထင်းတွေကို ပွတ်တိုက်ပေးပါ။ ပြီးနောက် ရေဆွဲချပါ။ နောက်တစ်ဆင့်က အိမ်သာအိုးထဲကို ရှာလကာရည်လောင်းထည့်ပြီး ဘရပ်ဖြင့် ထပ်တိုက်ပြီး ရေဆွဲချပါ။ ရှာလကာရည်က ပိုးသတ်ဆေးအဖြစ် လုပ်ဆောင်နိုင်ပြီး အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါကို ရောပြီး တခါတည်းအသုံးပြုလို့လည်းရပါတယ်။ ဒါပေမယ့် ပထမနည်းလမ်းက ပိုထိရောက်ပါတယ်။
 


၃။ မှန်တွေ သန့်စင်ဖို့အတွက်
 
Black tea၊ စပရေးဘူးနှင့် တစ်ရှုးစက္ကူတစ်ချို့လိုအပ်ပါတယ်။ ရေပူတစ်ခွက်ထဲမှာ Black tea သုံးအိတ်ကို စိမ်ထားပါ။ တစ်နာရီလောက် အအေးခံထားပြီး ထိုလက်ဖက်ရည်ကို စပရေးဘူးထဲ လောင်းထည့်ပါ။ ထိုအရည်ဖြင့် သင့်ရေချိုးခန်းထဲက ကြည့်မှန်တွေ၊ မှန်တွေကို ဖြန်းပြီး Paper towel များနှင့် ပွတ်သုတ်ပေးပါ။ အနက်ရောင်လက်ဖက်ရည်မှာ တွေ့ရှိရတဲ့ ဆိုးဆေးဟာ သန့်ရှင်းရေးပစ္စည်းအဖြစ် ဆောင်ရွက်ပေးပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အမြန်ဆန်ဆုံး အိမ်သန့်ရှင်းရေး ဘယ်လိုလုပ်မလဲ?
 
အချိန်ဘယ်လောက်ကြာရင် အိမ်တွင်းပစ္စည်းတွေကို သန့်ရှင်းသင့်သလဲ?
 
ရှလကာရည်သုံးပြီး သန့်ရှင်းရေးမလုပ်သင့်တဲ့ အိမ်သုံးပစ္စည်းများ
 
အိမ်ရှင်မတို့အတွက် အလွယ်ကူဆုံး မီးဖိုချောင် သန့်ရှင်းနည်း
 
Credit By: lifestyle myanmar
Posted By: Ra Wai, ShweProperty.com