လက်ရှိအချိန်မှာ Mercury Retrograde ဖြစ်စဉ်ဖြစ်နေတဲ့အတွက် လူတွေ ပြောမှားဆိုမှား၊ရောင်းမှားဝယ်မှား၊ လက်မှတ်မှားထိုးမိတာတွေဖြစ်နေတတ်တဲ့အချိန်တွေဖြစ်ပါတယ်။ Mercury Retrograde ဆိုတာက နေပတ်လမ်းထဲက ဗုဒ္ဓဟူးဂြိုဟ်က နောက်ပြန်လည်နေတယ်လို့ ကမ္ဘာကနေ မြင်ရတဲ့အချိန်အပိုင်းအခြားကို ခေါ်ဆိုတာဖြစ်ပြီး တစ်နှစ်မှာ ၃-၄ ခါလောက် Mercury Retrogade ဖြစ်စဉ်ဖြစ်ပေါ်တတ်ပါတယ်။ Mercury Retrograde ဟာ ကမ္ဘာပေါ်က Energy ​တွေကို သက်ရောက်မှုရှိစေနိုင်ပြီး လူတွေမှာ Relationship တွေအဆင်မပြေခြင်း၊ ဆုံးဖြတ်ချက်အမှားတွေချမိခြင်း၊ စိတ်မတည်ငြိမ် စိတ်ညစ်ညူးပြီး စိတ်ဓာတ်ကျခြင်းတွေ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်တတ်တဲ့အချိန်ဖြစ်ပါတယ်။ ဒီနေ့တော့ Shwe Property ကနေ Mercury Retrograde အချိန်ကာလကို အထိအခိုက်အနည်းဆုံးဖြစ်အောင် ဖုန်းရွှေနည်းနဲ့ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။ 

(၁) အပျက်အစီးတွေကိုပြုပြင်ပါ 

အိမ်မှာ၊အလုပ်မှာ၊ ကိုယ့်အခန်းထဲမှာ ပျက်စီးနေတဲ့အရာတွေ ပြုပြင်ဖို့လိုတဲ့အရာတွေ၊ မှန်ကွဲတွေ၊ ညစ်ပတ်နေတဲ့ ပြတင်းပေါက်မှန်တွေနဲ့ အမှိုက်တွေရှိမယ်ဆိုရင် ရှင်းလင်းပြုပြင်ပြီး အိမ်ကိို သန့်ရှင်းသပ်ရပ်နေအောင်ထားသင့်ပါတယ်။ ဒီလိုထားခြင်းက အတွေးတွေကိုလည်း ရှင်းလင်းစေပြီး အာရုံစူးစုက်နိုင်စွမ်းပိုကောင်းစေသလို အိမ်ထဲမှာ ကောင်းမွန်တဲ့ စွမ်းအင်တွေရောက်လာအောင် ဆွဲဆောင်နိုင်စေပါတယ်။

(၂) ဓာတ်ကြီးငါးပါးကိုမျှတအောင်ထားပါ 

ဓာတ်ကြီးငါးပါးဆိုတာ မြေ၊ရေ၊လေ၊မီး၊သတ္တုနဲ့ သစ်သားပါ။ မြေဓာတ်က တည်ငြိမ်မှုကို ကိုယ်စားပြုပြီး မီးဓာတ်က ကျော်ကြားမှုနဲ့ အောင်မြင်မှုကို ကိုယ်စားပြုပါတယ်။ ရေဓာတ်ကတော့ အေးချမ်းမှု၊သန့်စင်မှုနဲ့ ကောင်းမွန်တဲ့အရာတွေစီးဆင်းနေအောင််အားပေးပါတယ်။ သတ္တုဓာတ်က ပြတ်သားမှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို အားပေးပြီး သစ်သားဓာတ်က​တော့ ရှင်သန်မှု၊တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ကျန်းမာရေးနဲ့ဆက်နွယ်နေပါတယ်။ဒါကြောင့် Mercury Retrograde ကာလမှာ စိတ်ကြည်လင်အေးချမ်းပြီး ဆုံးဖြတ်ချက်တွေကို တည်တည်ငြိမ်ငြိမ်ချနိုင်ဖို့၊ မလောင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို မျှတအောင် ထားဖို့လိုအပ်ပါတယ်။ 



(၃) ယိုစိမ့်မှုတွေကို ပြုပြင်ပါ 

အိမ်နဲ့အနီးတဝိုက်မှာပဲဖြစ်ဖြစ်အိမ်ထဲမှာပဲဖြစ်ဖြစ် အလှထားတဲ့ရေတံခွန်၊ သဘာဝစမ်းချာင်း၊မြောင်းတွေကလွဲလို့ ရေပိုက်ယိုစိမ့်နေတာ၊ ရေယိုကျနေတာ စတဲ့ ယိုစိမ့်မှုတွေရှိရင် အမြန်ဆုံးဖာထေးပြုပြင်သင့်ပါတယ်။ ဒီလိုယိုစိမ့်နေတာတွေက ကိုယ့်ဘဝကိုပါ ရောင်းမှားဝယ်မှားတွေဖြစ်စေပြီး ငွေတွေရှာမလောက်အောင် ယိုစိမ့်စေနိုင်ပါတယ်။ 

(၄) မီးရောင်ကိုအားကိုးပါ

ကိုယ့်အိပ်ခန်း၊ မီးဖိုခန်း စတဲ့ အိမ်မှာ ကိုယ်ရောက်ရှိနေတဲ့နေရာမှာ မီးတွေလင်းလင်းချင်းချင်းဖွင့်ထားခြင်းကလည်း ကိုယ့်အတွေးတွေကို ရှင်းလင်းပြတ်သားစေဖို့ တွန်းအားပေးပြီး စိတ်ရှုပ်စေတဲ့အတွေးတွေနဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုဆုံးဖြတ်စရာရှိရင်၊ အစည်းအဝေးလုပ်စရာရှိရင် ကိုယ်ရှိနေတဲ့နေရာမှာမီးတွေကို ထိန်ထိန်လင်းနေအောင်ဖွင့်ထားသင့်ပါတယ်၊ ပုံမှန်အားဖြင့် မှောင်ထဲမှာ မီးမဖွင့်ပဲထိုင်နေတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။

(၅) ဆားနဲ့သန့်စင်ပါ 

စိတ်ရှုပ်ထွေးနေတာ၊ အလိုလိုငိုချင်နေတာတွေက စိတ်ဒဏ်ရာတွေ၊ကိုယ်ဖြတ်သန်းရတဲ့အရာတွေပေါ်လည််းမူတည်သလို ကိုယ့်နားမှာမကောင်းတဲ့စွမ်းအင်တွေခိုအောင်းနေမနေဆိုတဲ့အပေါ်မှာလည်းမူတည်ပါတယ်။ဒါကြောင့် မကောင်းတဲ့စွမ်းအင်တွေကိုဖယ်ထုတ်ဖို့ ကိုယ့်အိမ်၊ ကိုယ်နေတဲ့အခန်း ရဲ့ ထောင့်တွေမှာ ဆားတွေပန်းကန်လုံးနဲ့ ထည့်ထားပြီး အချိန်ခဏကြာထားပေးပါ၊ ပြီးရင် ပန်းကန်လုံးရော ဆားတွေရောကို လွှင့်ပစ်လိုက်ခြင်းနဲ့ အိမ်ထဲက မကောင်းတဲ့အရာတွေကိုဖယ်ရှားလို့ရပါတယ်။

အခုပြောပြသွားတာကတော့  Mercury Retrograde ကာလမှာ စိတ်ကယောက်ကယက်တွေမဖြစ်အောင်၊ ချစ်တဲ့သူတွေနဲ့ကတောက်ကဆတွေမဖြစ်အောင်နဲ့ စီးပွားရေးမှာ ဆုံးဖြတ်ချက်အမှားတွေမလုပ်မိအောင် ဖုန်းရွှေနည်းအရ ကာကွယ်ထားလို့ရတဲ့အရာတွေပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်၊ မြေကွက် estate အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လိုက်နာစရာ ဗဟုသုတတွေ၊ အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ ShweProperty Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

သင့်ကလေး IQ ရော EQ ပါ ကောင်းစေဖို့ ဒီလိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပါ

လက်ဖက်ရည်အေးကပေးတဲ့ ကျန်းမာရေးဆိုးကျိုး (၈) ခု

Posted By : Ra Wai (ShweProperty.com)