သင်က ဆပ်ပြာအဆီကို အသုံးပြုတယ်ဆိုရင်တောင် ဆပ်ပြာအတုံးရဲ့ အသုံးဝင်ချက်တွေကို ငြင်းပယ်လို့မရပါဘူး။ ဆပ်ပြာတုံးကို ရေချိုးတဲ့ နေရာမှာတင် အသုံးပြုနိုင်တာ မဟုတ်ပါဘူး။     အံသြလောက်အောင် အခြားဘယ်နေရာတွေမှာ အသုံးဝင်သေးလဲဆိုတာကို လေ့လာကြည့်ရအောင်။
 
(၁)အံဆွဲတွေနဲ့ ဘေးဆွဲ တံခါးတွေ
 
သင့်အိမ်က အံဆွဲတွေနဲ့ ဘေးဆွဲတံခါးတွေ ဖွင့်ရ၊ ပိတ်ရတာ မချောမွေ့ဘူးဆိုရင် ဆပ်ပြာတုံးက ချောမွေ့အောင် ပြုလုပ်ပေးနိုင်ပါတယ်။
အံဆွဲတွေရဲ့ အစွန်းတွေ ဒါမှမဟုတ် ဘေးဆွဲတံခါးရဲ့ အံကို ဆပ်ပြာတုံးနဲ့ ပွတ်ပေးခြင်းအားဖြင့် အဖွင့်၊အပိတ် ပြုလုပ်တဲ့အခါ ချောမွေ့လာမှာပါ။
 
(၂)အမွှေးခဲ ပုံစံ အသုံးပြုနိုင်တယ်
 
အဝတ်ဗီရိုတွေ၊ဖိနပ်စင်တွေနဲ့ ကားထဲမှာ ဆပ်ပြာတုံးကို ထည့်ထားခြင်းဖြင့် အနံ့ဆိုးမရှိဘဲ မွှေးရနံ့ သင်းနေစေမှာပါ။ ဆပ်ပြာတုံးကို အဝတ် ဒါမှမဟုတ် စက္ကူနဲ့ ပတ်ထားဖို့တော့ လိုမယ်နော်။
 


(၃)ပွန်းပဲ့ရာတွေအတွက်
 
အိမ်က နံရံတွေပေါ်မှာ ပွန်းပဲ့ရာတွေရှိရင် ကြည့်ရဆိုးပါတယ်။ဒါပေမဲ့ ဖြေရှင်းဖို့ နည်းလမ်း ရှိပါတယ်။   အိမ်နံရံနဲ့ အရောင်တူ ဆပ်ပြာတုံးနဲ့ ပွန်းပဲ့ရာလေးတွေကို ပွတ်ပေးမယ်ဆိုရင် နံရံပေါ်က ပွန်းပဲ့ရာတွေကို ဖုံးဖိထားနိုင်မှာပါ။
 
(၄)မှန်တွေ ဝါးနေရင်
 
ရေငွေ့တွေကြောင့် မှန်တွေ ဝါးနေသလား? စိတ်မပူပါနဲ့ အိမ်မှာ ဆပ်ပြာတုံးရှိရင် အဆင်ပြေပါတယ်။
ဝါးနေတဲ့ မှန်ကို ရေမစိုတဲ့ ဆပ်ပြာတုံးနဲ့ မျက်နှာပြင်အနှံ့ကို ပွတ်တိုက်ပေးပါ။ပြီးနောက် အဝတ်သန့်သန့်နဲ့ သုတ်ပေးလိုက်မယ်ဆိုရင် ကြည်လင်တဲ့ မှန်တစ်ချပ်ကို ရရှိမှာပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အိမ်တိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ ပိုးမွှားတိရစ္ဆာန်တွေကို သုတ်သင်ရှင်းလင်းနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလေးများ
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
 
မိုးရာသီအတွင်း သင့်အိမ်ခန်းထဲမှာ မကောင်းတဲ့အနံ့အသက်ကောင်းစေဖို့
 
သင့်အိမ်မှာ ဆောင်ထားသင့်သော ဘက်စုံသုံးလို့ရတဲ့ မုန့်ဖုတ်ဆိုဒါ
 
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai, ShweProperty.com