Manchester City ကစားသမားတစ်ယောက်ဖြစ်တဲ့ Erling Haaland ဟာ အနာဂတ်ကြယ်ပွင့် လူငယ်ခြေတက် ဘောလုံးကစားသမားတစ်ယောက်အဖြစ် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူတစ်ယောက် ဖြစ်ပြီး Golden Boy Award၊ Player of the Season award  အစရှိတဲ့ award ပါ ရထားသူတစ်ဦးဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Haaland ပြောင်းရွှေ့နေထိုင်နေပြီဖြစ်တဲ့ Manchester မြို့က  ခေတ်မီဇိမ်ခံအိမ်အသစ်ကြီးကို Shwe Property ပရိသတ်တွေကို အလည်ခေါ်သွားပေးချင်ပါတယ်။

Manchester မြို့ပေါ်က ပေါင်ငွေ (၃) သန်းတန် တန်ဖိုးကြီးဇိမ်ခံအိမ်ကြီး 

Erling Haaland ရဲ့ပေါင်ငွေ ၃ သန်းတန်ဖိုးရှိ ဇိမ်ခံအိမ်ကြီးရဲ့ နဂိုမူလပိုင်ရှင်ဟာ ကစားသမား Paul Pogba ရဲ့အိမ်ကြီးဖြစ်ပြီး Erling Haaland တစ်ယောက် Manchester မြို့ကိုပြောင်းရွှေ့ဖို့ ပြင်ဆင်နေချိန်ကတည်းက မျက်စိကျနေခဲ့တဲ့အိမ်ကြီးလည်းဖြစ်ပါတယ်။



Manchester United ကစားသမားဟောင်း Paul Pogba  နဲ့ Erling Haaland တို့ဟာ အေဂျင်စီတစ်ခုတည်းကဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်လည်းရင်းနှီးကြပြီး Erling Haaland အတွက် Manchester City မှာ နေထိုင်ဖို့အိမ်ရှာနေချိန် Pogba ရဲ့ဇိမ်ခံအိမ်ကြီးဟာ မျက်စိကျစရာ ဖြစ်နေခဲ့တာပါ။ Paul Pogba  ဟာ ထိုဇိမ်ခံအိမ်ကြီးကို ရောင်းမယ်ဆိုရင် ပေါင်ငွေ (၃) သန်းနဲ့ရောင်းချမှာဖြစ်ပြီး ငှားရမ်းနေထိုင်မယ်ဆိုရင်လည်း တစ်လကိုပေါင်ငွေ (၃၀၀၀၀) နဲ့စျေးသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

အိမ်ကြီးထဲမှာဆိုရင် အိပ်ခန်း (၅)ခန်းပါဝင်ပြီး ကိုယ်ပိုင်အားကစားခန်းမ၊ ချွေးထုတ်ခန်း၊ ဘိလိယက်ထိုးခန်း၊ ဂိမ်းကစားခန်း၊ ကျယ်ဝန်းသန့်ပြန့်တဲ့ရေချိုးခန်းတွေပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်ကြီးထဲမှာပဲ ရေကူးကန်နဲ့ ဘောလုံးကွင်းလေးတစ်ခုပါရှိသေးတာမို့ Haaland လို Professional အားကစားသမားတစ်ဦးအတွက်တော့ တိုင်း၍ရက်တဲ့ ကမ္ဗလာ မိုးရွာသည်နဲ့ အဆင်သင့် ဆိုသလိုဖြစ်နေတော့တာပါ။ 



 ဘောလုံးကွင်းထဲမှာတော့ ဂိုးသွင်းပေါက်တွေအပြင်  LED မီး ၊ အီလက်ထရောနစ်အမှတ်ပြဘုတ်ပြား၊ ကွင်းလယ်စက်ဝိုင်းမှာဆိုရင် Pogba ရဲ့ Logo တောင်ရေးဆွဲထားသေးတာဖြစ်လို့ Pogba တစ်ယောက် ဒီအိမ်ကို သူ့ရဲ့စံအိမ်အဖြစ် သတ်မှတ်ပြီး ကိုယ်တိုင်နေထိုင်ဖို့ အပီအပြင်ပြင်ဆင်ထားခဲ့တယ်လို့ ဆိုရမှာပါ။  

အိမ်အတွင်းပိုင်းဖွဲ့စည်းပိုင်းကို ကြည့်မယ်ဆိုရင်လည်း ခေတ်မီဆန်းသစ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊တန်ဖိုးကြီးမားတဲ့ ဆိုဖာဆက်တီတွေနဲ့ လှပခမ်းနားစွာဖွဲ့စည်းထားပြီး အခန်းတိုင်းကို ဒီဇိုင်းဆန်းတဲ့မျက်နှာကြက်မီးတွေနဲ့ အလှဆင်ပံ့ပိုးထားတာပဲဖြစ်ပါတယ်။ ထမင်းစားစားပွဲခုံပါ တစ်ဆက်တည်းပါဝင်တဲ့မီးဖိုချောင်ခန်းဟာ ကျယ်ဝန်းသလို သီးသန့်ပါရှိတဲ့ထမင်းစားခန်းဟာဆိုရင်လည်း ဆိုဖာထိုင်ခုံတွေနဲ့အဆင့်မြင့်မြင့်ဖွဲ့စည်းထားတာ မြင်နိုင်ပါတယ်။ 

 အိပ်ခန်းတိုင်းမှာလည်း အဆင့်မြင့်တီဗီတွေ၊ တန်ဖိုးကြီးမီးဆိုင်းတွေ၊၊ လှပတဲ့ Luxury  မီးအိမ်တွေ ချိတ်ဆွဲထားရှိထားပြီး အနားယူစရာ ဆိုဖာထိုင်ခုံတွေကတော့ မပါမဖြစ်အခန်းတိုင်းမှာရှိနေတာလည်း တွေ့ရပါတယ်။ 



အိမ်ကြီးတစ်အိမ်လုံးကို အဖြူရောင်ဆေးခြယ်ထားပြီး အဖြူရောင်ကြွေပြား၊ကျောက်ပြားတွေကိုအများဆုံးသုံးထားတဲ့ ပေါင်ငွေ (၃)သန်းတန်ဇိမ်ခံအိမ်ကြီးမှာ ပတ်ဝန်းကျင်ကိုကောင်းကောင်းမြင်နိုင်မယ့် ကြီးမားတဲ့ မှန်ပြတင်းတံခါးတွေလည်း တပ်ဆင်ထားတာကြောင့် အလင်းရောင်ကောင်းကောင်းဝင်ရောက်နိုင်ပြီး ခမ်းနားပြီး နွေးထွေးတဲ့ ဇိမ်ခံ စံအိမ်ကြီးတစ်လုံးအဖြစ် တည်ရှိနေတယ်ဆိုရင် မမှားပါဘူး။ 

အခုပြောပြခဲ့တာကတော့ Erling Haaland လက်ရှိနေထိုင်တဲ့ ပေါင်ငွေ(၃)သန်းတန် Manchester မြို့က ရင်သပ်ရှု့မောဖွယ် တန်ဖိုးကြီးဇိမ်ခံအိမ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေ ဆောင်းပါးများ

မင်းသမီးတစ်ပါးလို နေထိုင်နေတဲ့ JENNIE (BLACK PINK) ရဲ့ ကိုယ်ပိုင်အိမ်ကြီးအကြောင်း

ALIA လေးရဲ့ အမိုက်စားအပြင်အဆင်နဲ့ အိမ်ကြီးကို အလည်တစ်ခေါက်

BRAD PITT ရဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ ဒေါ်လာ သန်း (၄၀) တန် ရှေးဟောင်းအိမ်ကြီးအကြောင်း

IRON MAN ရဲ့ ရင်သပ်ရှု့မောဖွယ် ခေတ်ရှေ့ပြေးဒီဇိုင်းနဲ့ MALIBU အိမ်ကြီး

Posted By : Ra Wai (ShweProperty.com)