ကိုယ့်ရဲ့အိမ်ခန်းလေးကိုဖြစ်စေ၊ ကိုယ့်အိမ်အပြင်ပိုင်း နံရံကို ဖြစ်စေ၊ ဆေးရောင်သုတ်တဲ့အခါမှာ ကိုယ့်စိတ်ကြိုက်အရောင်လေးတွေကိုပဲ ရွေးချယ်တတ်ကြတယ် မဟုတ်လား။

 ပြီးတော့ အဲ့ဒီလို ကိုယ့်အကြိုက်ဆုံး အရောင်လေးတွေဟာ ကိုယ့်ရဲ့ အတွင်းစိတ်သဘောကိုလည်း ထင်ဟပ်နေတယ်တဲ့။ ဥပမာ - အနီရောင်ကို ရွေးချယ်ထားရင် စိတ်အားထက်သန်သူလို့ ယူဆနိုင်သလို အနက်ရောင်ကို ရွေးချယ်မယ်ဆိုရင် စတိုင်လ်ကျပြီး လေးနက်သူတစ်ဦးလို့ ယူဆနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ့်စိတ်ကြိုက် ခြယ်သထားတဲ့ နံရံဆေးရောင်လေးတွေက ကိုယ့်အကြောင်း ဘာတွေပြောပြနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အဝါရောင်
အဝါရောင်ဟာ တောက်ပမှု၊ တက်ကြွမှုကို ဖော်ပြတဲ့ အရောင်ဖြစ်ပြီး ဘယ်လိုအခန်းမှာမဆို နွေးထွေးမှုကို ဆောင်ကျဉ်းပေးပါတယ်။ သင်က အဝါရောင်ကို နှစ်သက်သူဆိုရင်တော့ ကိုယ့်မိသားစုကိုဖြစ်စေ၊ သူငယ်ချင်းတွေကိုဖြစ်စေ နွေးထွေးမှုတွေ ပေးနိုင်ပြီး ဘယ်အချိန်မှာမဆို တက်ကြွနေတတ်သူ ဖြစ်ပါတယ်တဲ့။ 



အပြာရောင်
အပြာရောင်ဟာ အေးဆေးတည်ငြိမ်တဲ့ အရောင်ဖြစ်ပြီး ဆွဲဆောင်မှုရှိစွာ သာယာအေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။  အပြာရောင်ကို နှစ်သက်သူတွေကတော့ နူးညံ့သိမ်မွေ့စွာ ဆွဲဆောင်မှု ရှိသူတွေဖြစ်ပါတယ်။ 

အစိမ်းရောင်
အစိမ်းရောင်ဟာ သဘာဝနဲ့ ကြီးထွားမှုကို ကိုယ်စားပြုပါတယ်။ အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေကတော့ ယေဘုယျအားဖြင့် ပူလောင်ခြင်းထက် အေးအေးဆေးဆေး နေလိုကြတယ်၊ တသီးတသန့် နေလိုကြသူတွေ ဖြစ်တယ်လို့ ယူဆရပါတယ်။ 

ခရမ်းရောင်
ခရမ်းရောင်ကို တော်ဝင်အရောင်လို့ ခေါ်ကြတဲ့ အကြောင်းရင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရမ်းရောင်ဟာ ဇိမ်ကျတဲ့ ခံစားချက်ကို ဖြစ်စေပြီး အာရုံစူးစိုက်မှုကို ပိုကောင်းစေပါတယ်။ ခရမ်းရောင်ကို နှစ်သက်သူတွေဟာ လူအများကြား အမြဲပေါ်လွင်နေတတ်ပြီး အကောင်းဆုံးဆိုတဲ့ အရာတွေ ပိုင်ဆိုင်ရဖို့ အမြဲကြိုးပမ်းနေကြသူတွေ ဖြစ်ပါတယ်တဲ့။  

ကဲ...ဒီဆောင်းပါးလေးကို ဖတ်ပြီးရင်တော့ ကိုယ့်အိမ်အရောင်လေးတွေကို ကိုယ့်စိတ်ကြိုက်ခြယ်သပြီး ကိုယ့်ရဲ့ Personality ကို ဖော်ပြလိုက်တော့နော်။ 

 ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
နှစ်သစ်မှာ အိမ်မှာ ကံအဆိုးအညံ့တွေပျောက်အောင် ဖုန်းရွှေနည်းအရ ဒီလိုသန့်စင်ပါ 

မီးဖိုချောင်သုံး လက်နှီးစုတ် တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး 

မီးခိုချောင်မှာ ဘေစင်ပိတ်တဲ့အခါ လွယ်ကူရိုးရှင်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ( ၅ ) သွယ် 

အခန်းကို ပိုကျယ်သွားစေမယ့် ဆေးရောင်ခြယ်နည်း  

Posted By : John (ShweProperty.com)