ကျွန်တော်တို့နေ့စဉ် စားသောက်စရာ အစားအစာ များချက်ပြုတ် တဲ့ နေရာဟာ အင်မတန် သန့်ရှင်းပြီး ပိုးမွှားကင်းစင်နေဖို့ လိုပါတယ်။

ဒါပေမယ့်မီးဖိုချောင်လို့ ခေါ်တဲ့ အစားအသောက်ချက်ပြုတ်ရာ နေရာကြီးဟာ တကယ်ရော သန့်ရှင်း ပြီးကျန်မားရေးအတွက်လုံခြုံစိတ်ချ စရာဖြစ်ရဲ့လား?
 
1)   ပန်းကန်းဆေးတဲ့ရေမြုတ် ဟာ မီးဖိုခန်း ရဲ့ အညစ်ပတ်ဆုံး ပစ္စည်းပါပဲ ။ လေ့လာတွေ့ရှိချက်များအရ ဘေစင်ထဲကရေမြုတ်ဟာ နေ့စဉ်သွားလာနေတဲ့ bus ကားလက်ရမ်း ထက်တောင် bacteria တွေပိုမို ပေါက်ပွားနေပါတယ်။
 
2)   အသားငါးတွေကိုင်ပြီးရင်ကိုယ့်လက်ကိုယ်တော့ ပြန်ဆေးကြတာမှန်ပေမယ့် ရေခဲသေတ္တာ တံခါးကိုတော့ မတော်တဆအသားငါး ကိုင်ရင်း ဖွင့်မိ ခဲ့ရင်တောင် ပြန်ဆေးဖို့ မေ့တတ်ကြပါတယ် ။ ရေခဲသေတ္တာဆိုတာလည်း၄ / ၅ နှစ် လောက်တော့ အနည်းဆုံးသုံးကြတာမလား ၊ အဲ့နှစ်အတွင်း ဘယ်နှစ်ခေါက်လောက် ဒီလိုဖြစ်ခဲ့ကြလဲ စဉ်းစားသာကြည့်တော့။
 
3)  နံပါတ်၁ အချက်က လိုပါပဲ ပန်းကန်ခွက်ယောက် ဆေးကြောတဲ့ ရေမြုတ် ကမှ အလွယ်တကူ လဲလှယ်လို့ရပါသေးတယ်။ ဘေစင် ကတော့ ဒီထက်ပို ညစ်ပေနိုင်တဲ့ အပြင် အလွယ်တကူ လဲလှယ်လို့ မရပါဘူး ။ အထူးသဖြင့်စားပြီးချင်း ပန်းကန်တွေကို မဆေးပဲ ဘေစင်မှာ ချထားတတ်သူများ အတွက်ကတော့ ဘက်တရီးယားတွေ များစွာ ပေါက်ဖွားနေတာမလို့ သတိပြုသင့်ပါတယ် ။
 


4)  ဒါ့အပြင်မီးဖိုချောင်အိမ်ရှင်မ တွေအကြိုက် လက်နှီး တွေကရော ဘယ်လောက်ထိ သန့်ရှင်းမယ်လို့ ယုံကြည်ထားပါသလဲ? တစ်လ မှာ ဘယ်နှစ်ခါလောက် လက်နှီးတွေကို လျှော်ဖြစ် ၊ အသစ်လဲ ဖြစ်ပါသလဲ ?
 
5)  ကျန်းမာရေးဆိုင်ရာ ပညာရှင်များကတော့ မီးဖိုချောင်ထဲက အသားလှီး ကော်စဉ့်နီတုံး တွေဟာ ၁၀ ခုမှာ၉ ခု က Bacteria တွေပေါက်ပွားနေတယ်လို့ ဆိုပါတယ် ။ သစ်သားစဉ့်နီတုံးက ကော်စဉ့်နီတုံးတွေက ဆေးကြောရခက်ပေမယ့် bacteria ပေါက်ပွားမှု လျော့နည်းတာကြောင့်သစ်သား စဉ့်နီးတုံး ကိုပဲ အသုံးပြု ဖို့ အကြံပေးထားပါတယ် ။
 
6)  ဒါ့အပြင်အရေးအကြီးဆုံးကတော့ ဆား ၊ သကြား ၊ ကြက်သွန် ၊ ငရုတ်ကောင်း အစရှိတဲ့ မီးဖိုချောက်သုံးကုန်ခြောက် တွေကို ထည့်တဲ့ ခြင်း ၊ ပုလင်း အစရှိတာတွေပါပဲ ။ များသောအားဖြင့် ကျွန်တော့တို့က ဥပမာ - ဆားကုန်ခါနီးပြီ ဆိုရင် ဆားထုတ် ဝယ်လာပြီး ဘူးထဲထည့်တယ် ၊ အဲ့လိုနဲ့ ကုန်ခါနီးတိုင်းပြန်ပြန်ဖြည့်ရင်း ဆားဘူးဟာ ဆေးကြောသန့်ရှင်းဖို့ အခန်းကို မရောက်တော့ပါဘူး ။
 
ဒီအချက်တွေဖတ်ပြီးအိမ်ရှင်မတွေ လည်း မီးဖိုချောင်သန့်ရှင်းရေးအတွက် ပိုမို သတိထားနိုင်မယ်လို့ ယုံကြည်ပါတယ်နော်။
 

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
မီးဖိုချောင်ထဲက စားသောက်ကုန်တွေ ကြာရှည်ခံဖို့ ဘယ်လိုလုပ်မလဲ?

သဘာဝနည်းနဲ့ အိမ်တွင်းက ကြွက်တွေ ကို မောင်းထုတ်နည်း

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အဓိကနေရာတွေအကြောင်း

သံပုရာသီးအခွံကို အိမ်မှာ ဘယ်လိုသုံးလို့ရလဲ
 
Credit By: Lunge.media
Posted By : Khun Htun Kyaw ( Shwe Property.com )