လွန်ခဲ့သော နှစ်ရက်ခန့်က ဖြစ်သည်။ စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦးရောက်လာပါသည်။
 
“တိုက်ခန်းတစ်ခန်းဝယ်ဖို့ စရန်ပေးပြီးသွားပြီ”
“စရန်ငွေပေးပြီးမှ ပြဿနာ ပေါ်လာတယ်ပေါ့”
 
စာရေးသူက စကားကို ဖြတ်၍ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
 
“ပြဿနာလို့ ပြောရမလား။ စိတ်ထဲမှာ မတင်မကျဖြစ်နေလို့ သူငယ်ချင်းဆီလာဆွေးနွေးမေး ကြည့်တာ”
“ကဲ-ပြောကြည့်ပါဦး”
“လူနေထိုင်ခွင့် လက်မှတ်ရမှ တိုက်ခန်းမှာ ဝင်နေလို့ရတယ်ဆို တာ ဟုတ်လား”
 
“ဥပဒေအရတော့ လူနေထိုင် ခွင့်ရမှ တိုက်ခန်းမှာ ဝင်ရောက်နေ ခွင့်ရမှာ ဖြစ်ပါတယ်”
“အချို့ တိုက်ခန်းတွေက လူ ဝင်နေကြပြီဆိုတော့ ပြဿနာဖြစ် နိုင်သလား”
 
“သူငယ်ချင်းနားလည်အောင် ရှင်းပြရမယ်ဆိုရင် အဆောက်အ အုံဆောက်လုပ်ခြင်းဆိုတဲ့ အပိုင်းကို နားလည်ထားဖို့လိုလိမ့်မယ်”
“ဒါဆို တစ်ခုခုစားသောက်ပြီး ဆွေးနွေးကြတာပေါ့”ဟု ပြောသ ဖြင့် သူငယ်ချင်းနှစ်ယောက်မှာ နီး ရာစားသောက်ဆိုင်သို့ ရောက်ရှိ သွားကြသည်။
 
“ရန်ကုန်မြို့တော် စည်ပင် သာယာနယ်နမိတ်အတွင်း အ ဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်လိုသူအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက် များနဲ့အညီ ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီကို လျှောက်ထားရတယ်။ ကော်မတီ က အဆောက်အအုံ အမျိုးအစားအ လိုက်၊ ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးရမယ့် သက်တမ်း ကာလကို ဆောက်လုပ်ခြင်းလုပ် ငန်း လုပ်ပိုင်ခွင့်အမိန့်မှာ ထည့် သွင်းသတ်မှတ်ပေးထားတယ်”



“ဒါကြောင့် တစ်နှစ်ကာလ အတွင်းပြီးစီးအောင် ဆောက်ရ မယ်ဆိုတာတွေကို ကြားသိနေရ တယ်”
 
“မှန်ပါတယ်။ အဆင့်နိမ့် အဆောက်အအုံတွေ ဆောက်လုပ် ခွင့်ပြုရာမှာ တစ်နှစ်ကာလ၊ သတ် မှတ်ချက်တွေရှိပါတယ်။ တစ်ခု သတိပြုရမှာက ဆောက်လုပ်ခြင်း ကို ခွင့်ပြုချက်ရတဲ့ နေ့ကစပြီး တစ်နှစ်အတွင်း စတင်ဆောက် လုပ်ခြင်း လုံးဝမပြုခဲ့လျှင်တော့ လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို ပြန် လည် ရုပ်သိမ်းနိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်
 
“အဆောက်အအုံပြီးစီးကြောင်း လက်မှတ်” အဆောက်အအုံဆောက် လုပ်ပြီးစီးလို့ရက်ပေါင်း ၃ဝ အ တွင်းမှာ ဆောက်လုပ်ခြင်း လုပ်ငန်း ပြီးစီးကြောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ တင်ပြရတယ်။ သက်ဆိုင်ရာ အ ဆောက်အအုံအင်ဂျင်နီယာ ဌာန က လာရောက်စစ်ဆေးပြီး ခွင့်ပြု ချက်ပုံစံနှင့်အညီ ဆောက်လုပ်ပြီး စီးကြောင်း တွေ့ရှိပါက မြို့တော် စည်ပင်သာယာရေး ကော်မတီကို အစီရင်ခံစာ တင်သွင်းရပါတယ်။ မြို့တော်စည်ပင်သာယာရေး ကော် မတီက စည်းကမ်းချက်နဲ့ ဆောက် လုပ်ပြီးစီးကြောင်း စိစစ်တွေ့ရှိလျှင် အဆောက်အအုံဆောက်လုပ်ပြီးစီး ကြောင်း လက်မှတ်ထုတ်ပေးမှာ ဖြစ်တယ်”
 
“တစ်ခါတစ်ရံမှာ ခွင့်ပြုထား တဲ့ အဆောက်အအုံပုံစံနဲ့ ကွဲလွဲနေ လို့ဆိုပြီး လူနေထိုင်ခွင့် မရတာ လည်းရှိတယ်လို့ ကြားဖူးတယ်”
“အမှန်ကတော့ အဆောက် အအုံပြီးစီးကြောင်း လက်မှတ်နဲ့ လူ နေထိုင်ခွင့် အမိန့်က ဆက်စပ်နေ တဲ့ သဘောဖြစ်တယ်။ ဆောက် လုပ်ပြီးစီးတဲ့ အဆောက်အအုံဟာ ခွင့်ပြုထားတဲ့ အဆောက်အအုံပုံစံ နဲ့ ကွဲလွဲနေရင် အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်ထုတ်မပေး နိုင်တဲ့အတွက် လူနေခွင့်လည်းရ မှာမဟုတ်ဘူး”
 
“အဲဒီလို အခြေအနေမျိုးဆို ရင် ဘယ်လို ဆောင်ရွက်ကြတယ် ဆိုတာ ဗဟုသုတအဖြစ် ရှင်းပါ ဦး”
“ဒါကတော့ လွယ်ပါတယ်။ ပြင်ဆင်ဆောက်လုပ်ထားတဲ့ အ ဆောက်အအုံပုံစံသစ်ကို ခွင့်ပြုဖို့ သက်တမ်းတိုးလျှောက်ထားရမှာ ဖြစ်တယ်”
 
“ပြင်ဆင်လျှောက်ထားမှုကို ငြင်းပယ်တာရှိသလား”
 
“ဒါကတော့ အလွန်နည်းပါ တယ်။ အကြောင်းပြချက်ပေါ် မူ တည်ပြီး လက်ရှိအဆောက်အအုံ ပုံစံကို ခွင့်ပြုလေ့ရှိပါတယ်။ ပြင် ဆင်ခွင့်ပြုချက်နှင့်အညီ ဆောက် လုပ်ပြီးစီးခဲ့ရင်တော့ အဆောက် အအုံပြီးစီးကြောင်း လက်မှတ်ထုတ် ပေးသွားမှာ ဖြစ်ပါတယ်”
 
နေထိုင်အသုံးပြုရန် ခွင့်ပြုခြင်း
 
“လူနေထိုင်ခွင့်နဲ့ ပတ်သက် လို့ကတော့ အစောကပြောခဲ့သလို အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်ကို သက်ဆိုင်ရာမှ ထုတ် ပေးပြီးနောက် ဆက်လက်လျှောက် ထားရမှာဖြစ်ပါတယ်။ အချို့ ကန် ထရိုက်တာများက အဆောက်အ အုံ ပြီးဆုံးကြောင်းနဲ့ လူနေထိုင်ခွင့် ကိုပါ တွဲလျက်လျှောက်ထားတာ တွေလည်း တွေ့ရပါတယ်”
 
“လူနေထိုင်ခွင့်လျှောက်ထား ဆဲမှာ ဝင်နေကြတာလည်းရှိကြ တာပေါ့”
“ဥပဒေအရ ခွင့်မပြုပေမယ့် အဆောက်အအုံဆောက်လုပ်ပြီးစီး ကြောင်း လက်မှတ်ရတဲ့အခါမှာ လူနေထိုင်ခွင့်လျှောက်ထားဆဲ ဝင် နေကြတာဖြစ်တယ်”



“အခုကိစ္စမှာ လူနေထိုင်ခွင့် မရသေးဘဲ ဝင်နေလိုက်ရင် ဘယ် လိုပြဿနာဖြစ်နိုင်သလဲ။ ပြဿနာ အထူးအထွေမရှိရင်တော့ ငွေချေ ပြီး ဝင်နေလိုက်မယ် စိတ်ကူး တယ်”
 
တားမြစ်ချက်နှင့် အပြစ်ဒဏ်
 
“ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေပုဒ်မ ၆၁ (င) မှာ မည်သူမျှ ဆောက်လုပ်ပြီး သော အဆောက်အအုံတစ်ခုတွင် ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင် ဖြစ်စေ၊ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲဝင် ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်း မပြုရလို့ တားမြစ်ထားတယ်”
 
“ဖောက်ဖျက်ရင် တရားစွဲခံရ မှာလား”
 
“ပုဒ်မ (၆၈) မှာ ပြစ်ဒဏ် ပိုင်းကို ဖော်ပြထားတယ်။ “မည်သူ မဆို ဤဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း သို့မဟုတ် လိုက်နာ ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင် ရှားစီရင်ခံရလျှင် ထိုသူကို ထောင် ဒဏ်တစ်နှစ်အထိဖြစ်စေ၊ အနည်း ဆုံး ငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံးငွေကျပ် ငါးသိန်းအထိ ဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”လို့ ပြဋ္ဌာန်းထားတဲ့အ တွက် လူနေခွင့်မရသေးဘဲ ဝင် ရောက်နေထိုင်ရင် ပုဒ်မ (၆၈) အရ အရေးယူခြင်းခံရမှာ ဖြစ် တယ်”
 
“အချို့ကလည်း ဒဏ်ငွေအ ရိုက်ခံပြီး ဆက်နေကြတယ်လို့ လည်း ကြားတယ်”
 
“ဒီလိုကိစ္စတွေရှိလို့လည်း ပုဒ်မ (၆၉) မှာ ဆက်လက်ပြဋ္ဌာန်း ထားတယ်။ “ပုဒ်မ (၆၈) အရ ပြစ် ဒဏ်ချမှတ်ခံရသူသည်အဆိုပါ ဥပဒေပြဋ္ဌာန်းချက်ကို ဆက်လက် ဖောက်ဖျက် လျင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ထိုသူကို ဆက် လက်ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ် လိုက်နာရန်ပျက် ကွက်ခြင်းပြုသည့်နေ့ အသီးသီးအတွက် တစ်နေ့လျင် အ နည်းဆုံး ငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ် ငါးသောင်းကျပ်အထိဖြစ်စေ ထောင်ဒဏ်တစ်နှစ်အထိ ဖြစ်စေ ချမှတ်ရမည်”လို့ ပြဋ္ဌာန်းထားတဲ့အတွက် ပထမ အကြိမ် အပြစ်ဒဏ်ချမှတ်ပြီး (ဥပမာ-ဒဏ်ငွေရိုက်ခြင်း ခံရပြီး) အဆိုပါ တိုက်ခန်းမှာပဲ ဆက်နေမယ်ဆိုရင် နေ ထိုင်ခွင့် လက်မှတ်မရမခြင်း၊ နေ့တိုင်းကို ဒဏ်ငွေအနည်းဆုံး တစ်သောင်းကျပ် ထမ်းဆောင်နေရမယ် သူငယ်ချင်း”
 
“ဒါဆိုရင် လူနေထိုင်ခွင့် လက်မှတ်ရမှပဲ ဝင်နေတာ အကောင်းဆုံးပေါ့”
 
“မှန်ပါတယ် သူငယ်ချင်း” ဟု အကြံပေး ဆွေးနွေးခဲ့ သည်ကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
အိမ်မြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ
 
ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် သတိပြုစရာ
 
ပါမစ်မြေ ဝယ်ယူခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
 
ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ်နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များကရောင်းချခြင်း၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း
 
Credit By: Zaygwet Journal
Posted By: Ra Wai (ShweProperty.com)