By Ra Wai, Shweproperty.com
Updated at 30 November 2021
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေချိန်အတွင်း လူတိုင်းလိုလိုဟာ တစ်ကိုယ်ရေသန့်ရှင်းမှု လုပ်ဖို့အရေးကို အလေးအနက် လိုက်နာနေပြီလို့ ပြောလို့ရပါတယ်။ တကယ်က လက်ကို မကြာခဏသေချာဆေးကြောတာမျိုးအပြင် သင့်အိမ်တွင်းမှာရှိတဲ့ ပစ္စည်းပစ္စယတစ်ချို့ကလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။နေ့စဉ်အသုံးအဆောင်တွေထဲမှာ တစ်ချို့ပစ္စည်းတွေဟာ ရောဂါပိုးမွှားနဲ့ ဘက်တီးရီးယားတွေ ကပ်တွယ်နေတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစု ကျန်းမာဖို့ဆိုရင် နေ့စဉ်သန့်ရှင်းပေးရမယ့် အရာတွေ ရှိပါတယ်။ (၁) Keyboard ကွန်ပျူတာ နေ့တိုင်း သုံးဖြစ်တဲ့သူတွေမှာ ကီးဘုတ်တွေသန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ကီးဘုတ်ဟာ staphylococcus aureus လို့ခေါ်တဲ့ ကူးစက်ပိုးတွေ နေနိုင်တယ်လို့ ပတ်ဝန်းကျင်သုတေသနနဲ့ ပြည်သူ့ကျန်းမာရေး နိုင်ငံတကာဂျာနယ်က ဖော်ပြထားပါတယ်။ ကီးဘုတ်အပြင် ကွန်ပျူတာနဲ့ တွဲဖက်သုံးရတဲ့ Mouse တို့ကိုလည်း လျှပ်စစ်သန့်စင်ဆေးရည် (သို့မဟုတ်) အယ်လ်ကိုဟောနဲ့ နေ့စဉ် ပိုးသတ်ပေးသင့်ပါတယ်။ (၂) ဖုန်း စမတ်ဖုန်းတွေဟာ လူနဲ့ အနီးစပ်ဆုံး အသုံးအဆောင်ပစ္စည်းပါ။ တစ်နေ့တစ်နေ့ ဖုန်းနဲ့ ထိတွေ့တဲ့ အကြိမ်ရေနဲ့ အချိန်ကာလကို အကြမ်းဖျဉ်းတွက်ကြည့်ရုံနဲ့တင် ဖုန်းတွေနဲ့ လူအကြား ဘယ်လောက်တောင် လက်ပွန်းတတီးရှိနေသလဲဆိုတာ မှန်းကြည့်လို့ရပါတယ်။ ဒီတော့ ဖုန်းတွေလည်း ဘယ်လောက်တောင် ညစ်ပတ်လိုက်မလဲ။၂၀၁၇ ခူနှစ်ကတည်းက အနုဇီဝပိုးမွှားဆိုင်ရာလေ့လာချက်စာတမ်းမှာ ဖုန်းတစ်လုံးမှာ ဘက်တီးရီးယားမျိုးကွဲ ၆ မျိုးအထိ ရှင်သန်နေနိုင်ကြတယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ကိုယ်ရေးကျန်းမာရေးအတွက် ဖုန်းသန့်ရှင်းရေးကလည်း နေ့စဉ်လုပ်ပေးသင့်တဲ့ အရာလို့ ဆိုပါတယ်။ (၃) တံခါးလက်ကိုင် ဒီနေ့ သင်တံခါးလက်ကိုင်တွေကို ဘယ်နှစ်ကြိမ်တောင် ကိုင်မိပြီလဲ။ တံခါးလက်ကိုင်တွေရဲ့ ၈၇% မှာ ဘက်တီးရီးယားတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီထဲက ၃၀% ဟာ staphylococcus aureus ပိုးရှိနေပြီး ၁၆ % က E.coli နဲ့ ၂၆% မှာ Klebsiella pneumoniae လို့ ခေါ်တဲ့ နမိုးနီးယားနဲ့ အဆုတ်ရောင်ရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ရှိနေပါတယ်။ဒါကြောင့် တံခါးလက်ကိုင်တွေကို ပိုးသတ်နိုင်တဲ့ Antibacterial Cleanser နဲ့ ပုံမှန်သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ (၄) အိပ်ရာ အိပ်ရာခင်းနဲ့ ခေါင်းအိုးစွပ်တွေကလည်း နေ့တိုင်းမှာ သန့်ရှင်းပေးဖို့ လိုပါတယ်။ ၂၀၁၆ ခုနှစ်က Amerisleep က လုပ်တဲ့ လေ့လာမှုအရ တစ်ပတ်ကြာ မလျှော်ဘဲ ထားတဲ့ ခေါင်းအုံးစွပ်တွေမှာ တစ်လက်မပတ်လည်တိုင်း ဘက်တီးရီးယား ၃ သန်း ခိုကပ်နေတယ်လို့ ဆိုပါတယ်။ တစ်လကြာရင်တော့ ပိုးအရေအတွက်ဟာ တစ်လက်မပတ်လည်မှာ ၁၁.၉၆ သန်းအထိ ရှိနိုင်ပါတယ်။ ဒါကြောင့် ခေါင်းအိုးစွပ်နဲ့ အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါ လျှော်ဖွပ်ပေးသင့်ပါတယ်။ (၅) ရေဗူး ထပ်ပြန်တလဲလဲ အသုံးပြုလို့ရတဲ့ ရေဗူးတွေကလည်း သင့်ကျန်းမာရေးအတွက် ပြဿနာ ဖြစ်နိုင်ပါတယ်။ Reuable Water Bottles တွေမှာ တွေ့ရတဲ့ ပျမ်းမျှ ဘက်တီးရီးယားပိုးအရေအတွက်နဲ့ ပတ်သက်ပြီး အများပြည်သူနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာပိုင်း နှစ်အလိုက်မှတ်တမ်းရဲ့ ၂၀၁၇ ခုနှစ် သုတေသနအရ ရေဗူးမျက်နှာပြင် တစ်မီလီ လီတာမှာ ဘက်တီးရီးယားပေါင်း ၇၅၀၀၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ တစ်ရက်အတွင်း ရေဗူးမျက်နှာပြင် ၁ မီလီ မီတာမှာ ဘက်တီးရီးယားပမာဏဟာ ၂ သန်းအထိ ရောက်နိုင်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ ရေဗူးကို နေ့တိုင်း ပိုးသတ် ဆပ်ပြာနဲ့ရေပူပူသုံးပြီး နေ့တိုင်း သန့်ရှင်းပေးသင့်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ မကြာခဏသန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အသုံးအဆောင်ပစ္စည်းများ (၁) သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ် သန့်ရှင်းရေးပုံမှန်မလုပ်ရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့ အိမ်သုံးပစ္စည်းများ Credit By: Kwee Posted By : Ra Wai, ShweProperty.com
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties