မီးဖိုချောင်ဆိုတာအိမ်တိုင်းမှာမရှိမဖြစ်လိုအပ်တဲ့ အရာပါ။အိမ်ထောင်ရှင်ဘဝကိုကူးပြောင်းတော့မယ့် အမျိုးသမီးတိုင်းဟာ “သူမ”တို့ရဲ့မီးဖိုချောင်လေးကိုစိတ်ကူးနဲ့ ပုံဖော်မြင်တတ်ကြပါတယ်။သန့်ရှင်းသပ်ရပ်လှပတဲ့မီးဖိုချောင်လေးကိုလည်းအိမ်ထောင်ရှင်မတိုင်းလိုချင်ကြမှာအမှန်ပါပဲ။ ဒါပေမယ့်သန့် ရှင်းသပ်ရပ်တဲ့ မီးဖိုချောင်ဖြစ်ရုံနဲ့တော့ သူမ တို့ရဲ့အိမ်ထောင်ရေးဟာသာယာသွားမှာတော့မဟုတ်ပါဘူး။ဒါကြောင့်သန့်ရှင်းသပ်ရပ်တဲ့မီးဖိုချောင်အပြင် မီးဖိုချောင်ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာဖုန်းရွှေနည်းပညာအရဖော်ပြပေးလိုက်ပါတယ်။ တချို့ကတော့ဒီလိုအတတ်ပညာမျိုးကိုအယုံကြည်မရှိတတ်ကြပါဘူး။ ဒါပေမယ့်သာယာတဲ့ အိမ်ထောင်ရေးလေးဖြစ်ဖို့ အတွက်လွယ်ကူတဲ့ မီးဖိုချောင်ရဲ့အပြင်ဆင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁။ မီးဖိုချောင်နဲ့မျက်နှာခြင်းဆိုင်ဒီအချက်ကဖုန်းရွှေပညာမှာအရမ်းကိုဆိုးဝါးလွန်းတဲအချက်ပါပဲ။မီးဖိုချောင်နဲ့အိပ်ခန်းဟာမျက်နှာချင်းဆိုင်နေလို့လုံးဝမသင့်တော်ပါဘူး။ကျန်းမာရေးအရလည်းအိမ်သားတို့အညံ့ရှိနိုင်ပါတယ်။

၂။ မီးဖိုချောင်ရဲ့အရောင်များအားရွေးချယ်ခြင်းဖုန်းရွှေပညာမှာမီးဖိုချောင်ကိုမီးလို့ ယူဆပါတယ်။ဒါကြောင့် မီးဖိုချောင်ကိုရေဓါတ်ကိုယ်စားပြုတဲ့ အရောင်တွေမသုတ်သင့်ပါဘူး။ မီးနဲ့ ရေတွေ့ဆုံပြီးအိမ်တွင်းတိုက်ခိုက်ကာဇနီးမောင်နှံတွေကြားမပြေလည်မူတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်ရေဓါတ်ကိုကိုယ်စားပြုတဲ့ အပြာရောင်တို့ အမည်းရောင်တို့ကိုမီးဖိုချောင်မှာမသုတ်သင့်ပါဘူး။

၃။ မီးဖိုချောင်ကြမ်းပြင်အရေးကြီးပုံဒါကလည်းအရေးကြီးတဲ့ အချက်ပါပဲ။ ဖုန်းရွှေပညာမှာ မီးဖိုချောင်ကြမ်းပြင်ဟာ အိပ်ခန်းဧည့်ခန်းတို့ ထက်ပိုမိုမြင့်မားနေရင် အိမ်တွင်းရေးပဋိပက္ခတွေဖြစ်တတ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မီးဖိုချောင်ကြမ်းပြင်ဟာအိပ်ခန်း။ဧည့်ခန်းတို့ ထက်ပိုမိုမမြင့်မားနေသင့်ဘူး။ အနည်းဆုံးတန်းတူတော့ရှိဖိုလိုအပ်ပါတယ်။



၄။ ဓါးများရှိသင့်တဲ့ပုံစံမီးဖိုချောင်တိုင်းမှာဓါးဆိုတာရှိတတ်ပါတယ်။ ဒါပေမယ့်ဓါးကိုထားသိုတဲ့ အခါဓါးသွားကထောင်လျှက်ဖြစ်နေတာမျိုး ဓါးသွားပါ်နေတာမျိုးမဖြစ်သင့်ပါဘူး။ ဓါးကိုစိုက်လျှက်ဓါးသွားမပေါ်အောင်ထားသင့်ပါတယ်။

၅။ ဒီလိုမီးဖိုချောင်မျိုးရှိနေရင်အကယ်၍အိမ်ထဲဝင်ဝင်ချင်းတံခါးဖွင့်လိုက်တာနဲ့ မီးဖိုချောင်ကိုမြင်နေရရင်ဒါဟာအပူပဲလို့ ယူဆကြပါတယ်။ ဒီလိုမီးဖိုချောင်ရှိနေရင်တော့ ခန်းစီးအကာမျိုး ဒါမှမဟုတ် 3folded မျိုးကာရံထားပေးရင်ကာကွယ်နိုင်ပါတယ်။

၆။ အိမ်သာရေချိုးခန်း၊ မီးဖိုချောင်နဲ့အိမ်သာတဆက်တည်းဖြစ်နေရင် ဒါမှမဟုတ် မျက်နှာခြင်းဆိုင်ဖြစ်နေရင်လည်း ဇနီးမောင်နှံခြင်းအဆင်မပြေမူတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်ဇနီးမောင်နှံလေးတွေကြား အိမ်တွင်းရေးပဋိပက္ခတွေမရှိပဲ အချစ်တွေတိုးပွားစေဖို့ ဖုန်းရွှေပညာအရ မီးဖိုချောင်အခန်းပြင်ဆင်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

မီးဖိုချောင်အပြင်ဆင်ကတဆင့် သာယာသောအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

ဗေဒင်ကိန်းခန်းနည်းအရ အိမ်အသစ်ကို သန့်ချင်ရင် ဒီလိုဆောင်ရွက်ပါ

အိမ်တွင်းရေးသာယာပြီး စီးပွားတက်ဖို့ မဖြစ်မနေလိုက်နာရမယ့် ဖုန်းရွှေနည်းလမ်းများ

မိုးရာသီမှာ အိမ်ခန်းအတွင်း စွတ်စိုမှုကင်း သန့်ရှင်းစေဖို့

အိမ်ထဲမှာ ကံအဆိုးအညံ့တွေပျောက်စေဖို့ ဒီလို ဖုန်းရွှေနည်းလမ်းတွေပြုလုပ်ပါ

Credit By : Marry Myanmar
Posted By : Ra Wai (ShweProperty.com)