၁။  မြေငှါးဂရန်ထုတ်ပေးရာတွင် အမျိုးအစား(၂)မျိုးရှိပါသည်။ (က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနှင့် (ခ)မူလဂရန်ရှိပြီးမြေကို အကြောင်းအရာ အမျိုးမျိုးဖြင့် ဂရန်ထပ်မံလျှောက်ထားခြင်းတို့ဖြစ်ပါသည်။
(က)    ဂရန်သစ်(အစိုးရမြေမှ ဂရန်သစ်လျှောက်ထားခြင်း)မြို့ကွက်သစ်စတင်ဖော်ထုတ်ပေးရာတွင်လည်း (၂)မျိုးရှိပါသည်။

(၁) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့်မြေကွက် များအား ဂရန်ထုတ်ပေးခြင်း၊
(၂) မူလမြို့ဟောင်းရှိ အနေကြာဂရန်လျှောက်ထားခြင်းမရှိသေးသည့် အစိုးရမြေများအား ဂရန်ထုတ်ပေးခြင်းတို့ဖြစ်ပါသည်။

(ကက) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့် မြေကွက်များကို ဂရန်လျှောက်ထားရာတွင် မြေချထားမိန့်၊ မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းသည့် ငွေရပြေစာများ ပါရှိရပြီးသတင်းစာကြော်ငြာခြင်းမပြုစေဘဲအချိန်(၂)ပါတ် အတွင်း ဂရန်သစ်ထုတ်ပေးပါသည်။

(ခခ) မူလမြို့ဟောင်းရှိ အစိုးရမြေများကိုခ လျှောက်ထားပါက ဦးစွာပထမမြေပုံရေးကူးခွင့်လျှောက်ထားရပါမည်။ မြေပုံ ရေး ကူးခွင့်ရရှိပြီးပါက တရားရုံးကျမ်းကျိန်ချက်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံ ချက်၊ အဆောက်အဦဓါတ်ပုံများဖြင့် အမှုတွဲတည်ဆောက် ပြီးသတင်းစာကြော်ငြာ၍ကန့်ကွက်မှုအရှုပ်အရှင်း မရှိပါက (၁)လအတွင်းဂရန်သစ်ထုတ်ပေးပါသည်။

(၃) ဂရန်သစ်လျှောက်ထားမှုများကို အောက်ဖော်ပြပါအတိုင်း အမျိုး အစားများ ခွဲခြား၍ဆောင်ရွက်ပေးပါသည်-

(ကက) ဂရန်သစ်၊
(ခခ) ဂရန်သစ်/အမည်ပြောင်း(မြေကွက်ရရှိသူကိုင်တိုင်မဟုတ်ဘဲ ၄င်းထံမှတဆင့်လွှဲပြောင်းရရှိသူမှ အမည်ပြောင်းလျှောက် ထားခြင်း)
(ဂဂ) ဂရန်သစ်/ဦးပိုင်ခွဲ/အမည်ပြောင်း(မြေကွက်ရရှိသူထံမှခွဲစိတ် ၍ လွှဲပြောင်းရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း)

(ဃဃ) အမည်ပေါက်လျှောက်ထားခြင်း(အချို့သောဌာနဆိုင်ရာအဖွဲ့ အစည်းများသည် ငွေသွင်းရန်အခက်အခဲရှိ၍ ဂရန်ထုတ်ယူ ခြင်းမပြုဘဲ မြေရာဇ၀င်တွင် အမည်ပေါက်ရန်အတွက်သာ လျှောက်ထားခြင်းဖြစ်ပါသည်။
 (ခ)    ဂရန်ဟောင်း(မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှောက်ထားခြင်း) မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံး၍ လည်းကောင်း၊ လွှဲပြောင်း၍လည်းကောင်း၊ ဦးပိုင်ခွဲ၍လည်းကောင်း၊ ဂရန်ပျောက်မိတ္တူလျှောက်၍လည်းကောင်း၊ ဂရန်အမျိုးအစားပြောင်း၍ လည်းကောင်း လျှောက်ထားလာပါက အောက်ဖော်ပြပါအတိုင်း အမျိုး အစားခွဲခြားဆောင်ရွက်ပါသည်-



(၁) ဂရန်အမည်ပြောင်း၊
(၂) ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောင်ထားခြင်း)
(၃) ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)
(၄) သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်)
(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)
(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း)
(၇) ဂရန်မိတ္တူလျှောက်ထားခြင်း(ဂရန်မူရင်းပျောက်ဆုံးသွား၍အမည် ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူလျှောက်ထားခြင်း)
(၈) တောမှမြို့ပြောင်းလျှောက်ထားခြင်း(ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထားသည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း)
(၉) တောမှမြို့ပြောင်း၊ အမည်ပြောင်း(တောဂရန်မှမြို့ဂရန်အပြင် အမည်ပါပြောင်းပေးရန် လျှောက်ထားခြင်းဖြစ်ပါသည်။)

 ၂။    အထက်ဖော်ပြပါ ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြရပါမည်

(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) ဂရန်စာချုပ်မိတ္တူမှန်၊
(၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊
(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊
(၅) တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆)
(၆) မြေခွန်ပြေစာမိတ္တူမှန်၊
(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊
(၈) အဆောက်အဦဓါတ်ပုံ၊
(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊
(၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။

၃။ အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက် ပေးမည်
 
ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ

ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား

မြေပေးမိန့် (သို့) ပါမစ်မြေများနှင့်ပတ်သက်၍ သိထားသင့်သည်များ

မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ရွာမြေဆိုပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မြေကိစ္စ ဥပဒေနဲ့ ညီမညီ

Credit By: ဥပဒေရေးရာ
Posted By : Chan Myae (ShweProperty.com)