Updated 17th Dec 2020
Sint Sint, Shweproperty
Unicode
အသုံးစရိတ်လျှော့ချပေမယ့် ဘဝအတွက်လိုအပ်တာတွေ လျော့မသွားစေပဲ အလုံအလောက်ရှိနေဖို့လိုတယ်ဆိုတာ လူတိုင်းသိတဲ့ အရာပါ။ ပိုက်ဆံချွေတာချင်လို့ ထမင်း သုံးနှပ်စားနေရာကနေ တစ်နှပ်လျှော့စားမယ် ဆိုတာမျိုးတော့ ဘယ်အဆင်ပြေပါ့မလဲ။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။
ကိုယ်သုံးရမယ့် ငွေပမာဏထက် ပိုများတဲ့ အကျိုးဖြစ်ထွန်းမှုကို ဘယ်လိုကြံဆောင်ရမလဲဆိုတာကိုတော့ ဘယ်သူမှ သိပ်ပြီး အချိန်ပေး ချင့်ချိန်လေ့မရှိကြပါဘူး။ ဒီလို အကျိုးဖြစ်ထွန်းအောင်လုပ်မယ်ဆိုရင် ကိုယ်သုံးလိုက်တဲ့ ပိုက်ဆံကတော့ လျော့သွားမယ်၊ ဒါပေမယ့် ကိုယ်လိုချင်တာလေးတော့ ရလိုက်မှာပဲလေ။ ကဲ အဲဒီနည်းလမ်းလေးတွေကို အောက်မှာ ရှင်းပြထားပေးပါတယ်။ စမ်းလုပ်ဆောင်ကြည့်ပါ။
သုတေသနပြုလုပ်ပြီး ဈေးဆစ်ပါ။
ပစ္စည်းသေးသေးလေးပဲဖြစ်ဖြစ်၊ အကြီးကြီးဖြစ်ဖြစ် တစ်ခုခု ဝယ်ယူတော့မယ်ဆိုရင် အွန်လိုင်းပေါ်မှာ ဖြစ်စေ၊ ဈေးဆိုင်တွေမှာ လူကိုယ်တိုင်ဖြစ်စေ အချိန်ပေးပြီး လေ့လာပါ။ သုတေသနလုပ်ပါ။ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ပစ္စည်းမှန် ဈေးမှန်ရရှိနိုင်ဖို့အတွက် အနည်းဆုံး ဈေးရောင်းသူတစ်ဦးထက် ပိုပြီ ဈေးနှုန်း မေးမြန်းကြည့်ပါ။
ဖြစ်နိုင်ရင် ဆိုင်ရှင်နဲ့ ဈေးညှိနှိုင်းပါ။ တကယ်လို့ ဈေးကို လျှော့မပေးနိုင်ဘူးဆိုရင် တခြားပစ္စည်းတစ်ခုခုကို အပိုလက်ဆောင်အဖြစ်ပေးနိုင်မလားဆိုတာ ကြည့်ပါ။ ဒီနည်းလေးက လိုချင်တာလေးလည်းရ၊ အသုံးစရိတ်လည်း အများကြီးမဟုတ်တောင် နည်းနည်းတော့ ကျသွားစေပါတယ်။
တစ်စုတစ်စည်းတည်း သို့မဟုတ် ပါကင်လိုက်၊ ဒါဇင်လိုက် ဝယ်ပါ။
များသောအားဖြင့် ကုန်ပစ္စည်းတွေကို တစ်ခုချင်းစီဝယ်တာထက် အများကြီးနဲ့ တစ်ခါတည်းဝယ်တဲ့အခါ ပိုပြီးဈေးသက်သာလေ့ရှိပါတယ်။ ဒါကြောင့် တစ်ခုခုကို ဝယ်မယ်ဆိုရင် ဒါဇင်လိုက်ဖြစ်စေ၊ အချိန်အတိုင်းအတာတစ်ခုအထိ အသုံးလိုသလောက်ကို တစ်ခါတည်း ဝယ်လို့ရနိုင်မလားဆိုတာ အရင်စဉ်းစားရပါမယ်။
ဝယ်ယူလိုတဲ့ပစ္စည်းတွေအားလုံးကို ပေါင်းဝယ်လိုက်တဲ့အခါ စုစုပေါင်း ကုန်ကျစရိတ်လည်း လျော့ကျသွားမှာဖြစ်တဲ့အတွက် လူတိုင်းအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့် အမှန်တကယ်လိုအပ်တဲ့၊ အထားခံတဲ့ ပစ္စည်းဟုတ်မဟုတ် ဆိုတာကိုတော့ သတိပြုပါ။
အရောင်းမြှင့်တင်ရေးကာလတွေမှာ ဝယ်ယူပါ။
ဒီနည်းလမ်းကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့အတွက် အများကြီးရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ ဒါပေမယ့် အရောင်းဆိုင်တွေရဲ့ အရောင်းမြှင့်တင်ရေးပြုလုပ်တဲ့ အဓိကရည်ရွယ်ချက်အတိုင်း ကိုယ်ဝယ်ယူသင့်တာထက် ပိုပြီး ဝယ်ယူမိတာဖြစ်ဖြစ်၊ မလိုအပ်တာတွေ၊ ဝယ်ယူဖို့ ကြိုတင်မစဉ်းစားထားတာတွေကို ဝယ်ယူမိစေနိုင်တဲ့အတွက် သတိထားပါ။
ဈေးဝယ်မထွက်ခင် အသုံးစရိတ်နဲ့ ဝယ်ယူရန်စာရင်းကို ကြိုတင်ပြုလုပ်ထားတယ်ဆိုရင် မလိုအပ်တဲ့အရာတွေ ဝယ်ယူခြင်းကို ရှောင်ရှားနိုင်ပါတယ်။
အသုံးပြုပြီးသား ပစ္စည်းများကို ပြန်လည်ဝယ်ယူအသုံးပြုပါ။
အသုံးပြုပြီးသားပစ္စည်းများကို ပြန်လည်ဝယ်ယူပြီး အသုံးပြုခြင်းက အမြဲတမ်းတော့ မသင့်တော်ပေမယ့် များသောအားဖြင့် ဈေးလည်း ပိုသက်သာပြီး ပစ္စည်းအသစ်တွေလိုပဲ အဆင်ပြေတာကို တွေ့နိုင်ပါတယ်။
ဒါပေမယ့် အသုံးပြုပြီးသားပစ္စည်းကိုပဲ ဝယ်ယူမှာဆိုရင်တောင် မဝယ်ယူခင်မှာ ကိုယ်တကယ်လိုအပ်ရဲ့လား၊ လိုချင်ရုံသက်သက်ပဲလားဆိုတာကို အမြဲတမ်းပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။
ဒီဂျစ်တယ်နည်းပညာကို ကောင်းစွာ အသုံးချတတ်ပါစေ။
ငွေကို ချွေတာသုံးစွဲဖို့အတွက် ဒီဂျစ်တယ်နဲ့ ပတ်သက်တဲ့ ရွေးချယ်မှုတွေကို ကောင်းကောင်း အသုံးချတတ်ဖို့လိုပါတယ်။ အွန်လိုင်းကနေလည်း ကိုယ်ဝယ်ယူလိုတဲ့ ပစ္စည်းရဲ့ သတင်းအချက်အလက်တွေကို စုံလင်စွာ ရရှိနိုင်တဲ့အတွက် အွန်လိုင်းကနေလည်း မဝယ်ယူခင် လေ့လာနိုင်ပါတယ်။
ဒါတင်မကပဲ ကားလက်မှတ်တွေကို အွန်လိုင်းမှ ဝယ်ယူခြင်း၊ မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှ ငွေပေးချေခြင်း စသဖြင့် အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှု အမြောက်အများရရှိနိုင်တဲ့အတွက် အချိန်ကုန်သက်သာပြီး ဘဏ်သို့သွားရောက်ရာတွင် အသုံးပြုရတဲ့ ခရီးစရိတ်စသဖြင့် ကုန်ကျစရိတ်တွေလည်း သက်သာစေနိုင်ပါတယ်။
ဒီနည်းလမ်းတွေကို အစပိုင်းမှာ အလေ့အကျင့်မရှိသေးတဲ့အချိန်မှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သတိထားပြီး စမ်းသပ်လိုက်နာလုပ်ဆောင်ကြည့်တဲ့အခါ တဖြေးဖြေးနဲ့ အလေ့အကျင့်ဖြစ်လာပြီး လွယ်ကူလာပါလိမ့်မယ်။ ဒီလိုနည်းလမ်းနဲ့ ငွေကုန်ကြေးကျကို ချွေတာတာဟာ အမြောက်အများစုဆောင်းနိုင်မယ်လို့ မဆိုလိုပေမယ့် တဖြေးဖြေးနဲ့တော့ ကိုယ့်ရဲ့ပိုငွေလေးတွေ ဖြစ်လာမှာ အမှန်ပါပဲ။
ဖုန်းကလည်း အဓိက ငွေယိုပေါက် ဖြစ်တဲ့အတွက် ဒီလို ငွေကို ပညာသားပါပါ သုံးတတ်ရုံမကပဲ ဖုန်းအသုံးပြုတဲ့နေရာမှာလည်း ပညာသားပါဖို့ လိုပါသေးတယ်။ ဖုန်းဘေလ်အကုန်သက်သာအောင်ပြုလုပ်နည်း မှာ လေ့လာကြည့်လိုက်ပါ။
ချွေတာစုဆောင်းတဲ့နေရာမှာ ဖြုန်းတီးမှုကိုလျော့ချခြင်းဖြင့်လည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ချွေတာနိုင်ပါတယ်။
Zawgyi
အသံုးစရိတ္ေလွ်ာ့ခ်ေပမယ့္ ဘဝအတြက္လိုအပ္တာေတြ ေလ်ာ့မသြားေစပဲ အလံုအေလာက္ရွိေနဖို႔လိုတယ္ဆိုတာ လူတိုင္းသိတဲ့ အရာပါ။ ပိုက္ဆံေခၽြတာခ်င္လို႔ ထမင္း သံုးႏွပ္စားေနရာကေန တစ္ႏွပ္ေလွ်ာ့စားမယ္ ဆိုတာမ်ိဳးေတာ့ ဘယ္အဆင္ေျပပါ့မလဲ။ အဲဒီေတာ့ ဘယ္လိုလုပ္မလဲ။
ကိုယ္သံုးရမယ့္ ေငြပမာဏထက္ ပိုမ်ားတဲ့ အက်ိဳးျဖစ္ထြန္းမႈကို ဘယ္လိုႀကံေဆာင္ရမလဲဆိုတာကိုေတာ့ ဘယ္သူမွ သိပ္ၿပီး အခ်ိန္ေပး ခ်င့္ခ်ိန္ေလ့မရွိၾကပါဘူး။ ဒီလုိ အက်ိဳးျဖစ္ထြန္းေအာင္လုပ္မယ္ဆိုရင္ ကိုယ္သံုးလိုက္တဲ့ ပိုက္ဆံကေတာ့ ေလ်ာ့သြားမယ္၊ ဒါေပမယ့္ ကိုယ္လိုခ်င္တာေလးေတာ့ ရလိုက္မွာပဲေလ။ ကဲ အဲဒီနည္းလမ္းေလးေတြကို ေအာက္မွာ ရွင္းျပထားေပးပါတယ္။ စမ္းလုပ္ေဆာင္ၾကည့္ပါ။
သုေတသနျပဳလုပ္ၿပီး ေစ်းဆစ္ပါ။
ပစၥည္းေသးေသးေလးပဲျဖစ္ျဖစ္၊ အႀကီးႀကီးျဖစ္ျဖစ္ တစ္ခုခု ဝယ္ယူေတာ့မယ္ဆိုရင္ အြန္လိုင္းေပၚမွာ ျဖစ္ေစ၊ ေစ်းဆုိင္ေတြမွာ လူကိုယ္တိုင္ျဖစ္ေစ အခ်ိန္ေပးၿပီး ေလ့လာပါ။ သုေတသနလုပ္ပါ။ ကိုယ္လိုခ်င္တဲ့ ပစၥည္းကို ပစၥည္းမွန္ ေစ်းမွန္ရရွိႏိုင္ဖို႔အတြက္ အနည္းဆံုး ေစ်းေရာင္းသူတစ္ဦးထက္ ပိုၿပီ ေစ်းႏႈန္း ေမးျမန္းၾကည့္ပါ။
ျဖစ္ႏိုင္ရင္ ဆိုင္ရွင္နဲ႔ ေစ်းညိႇႏိႈင္းပါ။ တကယ္လို႔ ေစ်းကို ေလွ်ာ့မေပးႏို္င္ဘူးဆိုရင္ တျခားပစၥည္းတစ္ခုခုကို အပိုလက္ေဆာင္အျဖစ္ေပးႏိုင္မလားဆိုတာ ၾကည့္ပါ။ ဒီနည္းေလးက လိုခ်င္တာေလးလည္းရ၊ အသံုးစရိတ္လည္း အမ်ားႀကီးမဟုတ္ေတာင္ နည္းနည္းေတာ့ က်သြားေစပါတယ္။
တစ္စုတစ္စည္းတည္း သို႔မဟုတ္ ပါကင္လိုက္၊ ဒါဇင္လုိက္ ဝယ္ပါ။
မ်ားေသာအားျဖင့္ ကုန္ပစၥည္းေတြကို တစ္ခုခ်င္းစီဝယ္တာထက္ အမ်ားႀကီးနဲ႔ တစ္ခါတည္းဝယ္တဲ့အခါ ပိုၿပီးေစ်းသက္သာေလ့ရွိပါတယ္။ ဒါေၾကာင့္ တစ္ခုခုကို ဝယ္မယ္ဆိုရင္ ဒါဇင္လိုက္ျဖစ္ေစ၊ အခ်ိန္အတိုင္းအတာတစ္ခုအထိ အသံုးလိုသေလာက္ကို တစ္ခါတည္း ဝယ္လို႔ရႏုိင္မလားဆိုတာ အရင္စဥ္းစားရပါမယ္။
ဝယ္ယူလိုတဲ့ပစၥည္းေတြအားလံုးကို ေပါင္းဝယ္လိုက္တဲ့အခါ စုစုေပါင္း ကုန္က်စရိတ္လည္း ေလ်ာ့က်သြားမွာျဖစ္တဲ့အတြက္ လူတိုင္းအတြက္ အက်ိဳးရွိပါတယ္။ ဒါေပမယ့္ အမွန္တကယ္လိုအပ္တဲ့၊ အထားခံတဲ့ ပစၥည္းဟုတ္မဟုတ္ ဆိုတာကိုေတာ့ သတိျပဳပါ။
အေရာင္းျမႇင့္တင္ေရးကာလေတြမွာ ဝယ္ယူပါ။
ဒီနည္းလမ္းကိုေတာ့ အားလံုးရင္းႏွီးၿပီးသားျဖစ္တဲ့အတြက္ အမ်ားႀကီးရွင္းျပဖို႔ လိုမယ္မထင္ပါဘူး။ ဒါေပမယ့္ အေရာင္းဆိုင္ေတြရဲ႕ အေရာင္းျမႇင့္တင္ေရးျပဳလုပ္တဲ့ အဓိကရည္ရြယ္ခ်က္အတိုင္း ကိုယ္ဝယ္ယူသင့္တာထက္ ပိုၿပီး ဝယ္ယူမိတာျဖစ္ျဖစ္၊ မလိုအပ္တာေတြ၊ ဝယ္ယူဖို႔ ႀကိဳတင္မစဥ္းစားထားတာေတြကို ဝယ္ယူမိေစႏိုင္တဲ့အတြက္ သတိထားပါ။
ေစ်းဝယ္မထြက္ခင္ အသံုးစရိတ္နဲ႔ ဝယ္ယူရန္စာရင္းကို ႀကိဳတင္ျပဳလုပ္ထားတယ္ဆိုရင္ မလိုအပ္တဲ့အရာေတြ ဝယ္ယူျခင္းကို ေရွာင္ရွားႏိုင္ပါတယ္။
အသံုးျပဳၿပီးသား ပစၥည္းမ်ားကို ျပန္လည္ဝယ္ယူအသံုးျပဳပါ။
အသံုးျပဳၿပီးသားပစၥည္းမ်ားကို ျပန္လည္ဝယ္ယူၿပီး အသံုးျပဳျခင္းက အၿမဲတမ္းေတာ့ မသင့္ေတာ္ေပမယ့္ မ်ားေသာအားျဖင့္ ေစ်းလည္း ပိုသက္သာၿပီး ပစၥည္းအသစ္ေတြလိုပဲ အဆင္ေျပတာကို ေတြ႕ႏိုင္ပါတယ္။
ဒါေပမယ့္ အသံုးျပဳၿပီးသားပစၥည္းကိုပဲ ဝယ္ယူမွာဆိုရင္ေတာင္ မဝယ္ယူခင္မွာ ကိုယ္တကယ္လိုအပ္ရဲ႕လား၊ လိုခ်င္႐ုံသက္သက္ပဲလားဆိုတာကို အၿမဲတမ္းျပန္လည္ဆန္းစစ္ၾကည့္သင့္ပါတယ္။
ဒီဂ်စ္တယ္နည္းပညာကို ေကာင္းစြာ အသံုးခ်တတ္ပါေစ။
ေငြကို ေခြ်တာသံုးစြဲဖို႔အတြက္ ဒီဂ်စ္တယ္နဲ႔ ပတ္သက္တဲ့ ေရြးခ်ယ္မႈေတြကို ေကာင္းေကာင္း အသံုးခ်တတ္ဖို႔လိုပါတယ္။ အြန္လိုင္းကေနလည္း ကိုယ္ဝယ္ယူလိုတဲ့ ပစၥည္းရဲ႕ သတင္းအခ်က္အလက္ေတြကို စံုလင္စြာ ရရွိႏိုင္တဲ့အတြက္ အြန္လိုင္းကေနလည္း မဝယ္ယူခင္ ေလ့လာႏိုင္ပါတယ္။
ဒါတင္မကပဲ ကားလက္မွတ္ေတြကို အြန္လုိင္းမွ ဝယ္ယူျခင္း၊ မိုဘိုင္းဘဏ္ဝန္ေဆာင္မႈမွ ေငြေပးေခ်ျခင္း စသျဖင့္ အြန္လုိင္းမွတစ္ဆင့္ ဝန္ေဆာင္မႈ အေျမာက္အမ်ားရရွိိႏုိင္တဲ့အတြက္ အခ်ိန္ကုန္သက္သာၿပီး ဘဏ္သို႔သြားေရာက္ရာတြင္ အသံုးျပဳရတဲ့ ခရီးစရိတ္စသျဖင့္ ကုန္က်စရိတ္ေတြလည္း သက္သာေစႏုိင္ပါတယ္။
ဒီနည္းလမ္းေတြကို အစပိုင္းမွာ အေလ့အက်င့္မရွိေသးတဲ့အခ်ိန္မွာ အခက္အခဲျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ သတိထားၿပီး စမ္းသပ္လိုက္နာလုပ္ေဆာင္ၾကည့္တဲ့အခါ တေျဖးေျဖးနဲ႔ အေလ့အက်င့္ျဖစ္လာၿပီး လြယ္ကူလာပါလိမ့္မယ္။ ဒီလိုနည္းလမ္းနဲ႔ ေငြကုန္ေၾကးက်ကို ေခၽြတာတာဟာ အေျမာက္အမ်ားစုေဆာင္းႏိုင္မယ္လို႔ မဆိုလိုေပမယ့္ တေျဖးေျဖးနဲ႔ေတာ့ ကိုယ့္ရဲ႕ပိုေငြေလးေတြ ျဖစ္လာမွာ အမွန္ပါပဲ။
ဖုန္းကလည္း အဓိက ေငြယိုေပါက္ ျဖစ္တဲ့အတြက္ ဒီလို ေငြကို ပညာသားပါပါ သံုးတတ္႐ံုမကပဲ ဖုန္းအသံုးျပဳတဲ့ေနရာမွာလည္း ပညာသားပါဖုိ႔ လုိပါေသးတယ္။ ဖုန္းေဘလ္အကုန္သက္သာေအာင္ျပဳလုပ္နည္း မွာ ေလ့လာၾကည့္လုိက္ပါ။
ေခ်ြတာစုေဆာင္းတဲ့ေနရာမွာ ျဖဳန္းတီးမႈကိုေလ်ာ့ခ်ျခင္းျဖင့္လည္း တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ေခြ်တာႏုိင္ပါတယ္။
နောက်ဆုံးရ ဆောင်းပါးများ
ငွေသုံးကြမ်း တဲ့သူတောင် ပိုက်ဆံစုမိစေမယ့် နည်းလမ်း ၃ သွယ်
နည်း (၇) သွယ် သိရုံနဲ့ ပိုက်ဆံစုနိုင်ပြီ
နေ့စဉ်ဘဝမှာပိုက်ဆံချွေတာနိုင်ဖို့ သင်သတိထားသင့်တဲ့အရာ(၅)ခု
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။