Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက်များ

Updated 13th Dec 2020

Written by

Sint Sint, Shweproperty

Unicode

 

အခုလို ပူလောင်အိုက်စပ်တဲ့ နွေရာသီမှာ အဲကွန်း (Air Conditioner) တွေဟာ အိမ်တိုင်းနဲ့ လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ် နေရာယူလာပါတယ်။ ရာသီဥတုကြောင့် ပူလောင်နေတဲ့ အခြေအနေတခုကို အဲကွန်းတွေက လျှော့ချပေးနိုင်တာကြောင့် အပူဒဏ်ကနေ သက်သာတယ်ဆိုပေမယ့် အဲကွန်းခန်းထဲမှာပဲ အနေကြာလာရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့ အဲကွန်းခန်းထဲမှာပဲ အနေများသူတွေအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင် သတိပြုလိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ရေများများသောက်ပါ

 

အဲကွန်းခန်းထဲမှာ အနေများခြင်းဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရေများများ သောက်ပေးသင့်ပါတယ်။ ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် အဲကွန်းခန်းထဲမှာ အနေကြာခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

(၂) အဲကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ့

 

အဲကွန်းခန်းထဲကနေ နေပူထဲကို ရုတ်တရက်ဆိုသလို ထွက်တာမျိုးနဲ့ နေပူထဲကနေ အဲကွန်းခန်းထဲကို ချက်ချင်းဝင်တာမျိုးဟာ နှာခေါင်းသွေးလျှံတာ၊ ဦးနှောက်သွေးကြောပြတ်တာ စတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ Air Cutter ရှိတဲ့နေရာမျိုးတွေမှာဆိုရင် အဲဒီနေရာမှာ ခဏလောက်ရပ်နေပြီးမှာ သွားလာတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

 

 

(၃) လေကောင်းလေသန့် ထွက်ရှုပေးပါ

 

အဲကွန်းခန်းထဲမှာ အနေကြာခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အပြင်ဘက်ကို လေကောင်းလေသန့် ထွက်ရှုပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

 

(၄) အဲကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ

 

အဲကွန်းတွေဟာ အသုံးပြုတာကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်တာကြောင့် အဲကွန်းသန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။ အဲကွန်း ပုံမှန်သန့်ရှင်းရေး မပြုလုပ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ဓာတ်မတည့်မှုကြောင့် အသားအရေ ယားယံတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်သင့်ပါတယ်။

 

 

အဲယားကွန်း အသုံးပြုသောအခါ လိုက်နာသင့်သည့် (အခြေခံ) အချက်လက်ထဲမှ(၁၉ချက်) ကိုမျှဝေပေးလိုက်ပါတယ်။

 

၁။ Air con အပိတ်အဖွင့်လုပ်သည့်အခါ ပလပ်ကိုဆွဲဖြုတ်ခြင်း၊ ထိုးသွင်းခြင်းဖြင့် အပိတ်အဖွင့်လုပ်ခြင်း (လုံးဝ) မလုပ်ပါနှင့်။ Shock ဖြစ်ပြီး စက်ပျက်တတ်ပါသည်။

 

၂။ Remote Control ကို အသုံးပြုပြီး မိမိနှင့် သင့်တော်မည့် အပူချိန်မှာ ချိန်ထားသင့်ပါသည်။ (အရမ်း)မအေးပါစေနှင့်။ လူကို (တိုက်ရိုက်)လေ မထိုးထားပါနှင့်။ အထူးသဖြင့် အိပ်သည့်အခါတွင်ဖြစ်စေ၊ ညဘက်လူအိပ်နေချိန်ဖြစ်စေ လူဆီကို အအေးတည့် တည့် မကျရောက်အောင် သတိထားသင့်ပါသည်။

 

၃။ ညအိပ်ချိန်များတွင် အအေးဓာတ်ကို ထိန်းရန် အချိန်ထိန်းခလုတ်(Timer)ကို အသုံးပြုနိုင်ပါသည်။

 

၄။ အခန်းတွင်းကို အအေးဓာတ်မပေးပဲ လေချည်းသက်သက် ပေးချင်ပါက Fan mode ပန်ကာကို အသုံးပြုနိုင်ပါသည်။ ပန်ကာချည်းသုံးခြင်းဖြင့် လျှပ်စစ်ဓါတ် ချွေတာရာရောက်ပါသည်။

 

၅။ အခန်းတွင်း အပူချိန်အား သင့်သလောက်သာ ချိန်ထားသင့်ပါသည်။ အပူချိန် ပူလွန်း / အေးလွန်းလျှင် လျှပ်စစ်ဓါတ်အားကို ပိုကုန်စေနိုင်သည်။

 

၆။ Remote Control အဝေးထိန်းခလုတ်ကို Air con အောက် တစ်ပေခန့်အကွာရှိ နံရံတွင် အထိုင်ခွက်ဖြင့် တပ်ဆင်ထားပါ။ လွတ်မကျပါစေနှင့်။ ရေနှင့် အချိုရည်ကဲ့သို့သော အရည်များမထိပါစေနှင့်။ လွတ်ကျလျှင် ရေစင်လျှင် Remote ပျက်စီးပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မည်မဟုတ်ပါ။

 

၇။ Remote Control အဝေးထိန်းခလုပ်အား Air con နှင့် ၁၅ပေခန့် အကွာအဝေးအတွင်း၌သာ သုံးပါ။ သိပ်ဝေးလွန်းလျှင် အလုပ်မလုပ်ပါ။

 

၈။ Air con နှင့် Remote controlတို့ကြားတွင် ခန်းစည်း / ကန့်လန့်ကာ တို့နှင့်ခံနေလျှင် Remote ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။

 

၉။ Air con Indoor Filter ( လေစစ်ဆန်ကာ) ကို ဖြစ်နိင်လျှင် တစ်လလျှင် တစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးပါ။ ခရီးရက်ရှည်ထွက်စရာရှိလျှင်Air con ကို သေသေချာချာ ပိတ်ခဲ့ပါ။

 

 

၁၀။ Air conရဲ့ Indoor unit အတွင်း( သို့မဟုတ်) အပြင်ဘက်ရှိ အစိတ်အပိုင်းများကို ရေဖြင့်ဆေးပြီး သန့်ရှင်းရေး မလုပ်သင့်ပါ။ Shock ဖြစ်ပြီး ဓာတ်လိုက်တတ်သောကြောင့် ကျွမ်းကျင်သူများကိုသာ ခေါ်လုပ်သင့်ပါသည်။

 

၁၁။ Air con ရှေ့တည့်တည့်တွင် မည်သည့်ပစ္စည်းမှ ခံမနေပါစေနှင့်။ လေလမ်းကြောင်းရှေ့တွင် အရာဝတ္ထု ပစ္စည်းများ ပိတ်ဆို့နေလျှင် လိုအပ်တဲ့ အအေးဓာတ် မရှိနိုင်ပါ။

 

၁၂။ Air con တွင် ခရမ်းလွန်ရောင်ခြည် အချက်ပေး ကိရိယာပါရှိပါသည်။ Aircon ပေါ်သို့ နေရောင်ခြည် တိုက်ရိုက် ကျရောက်နေပါက ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။ ထို့ကြောင့် နေရောင်ခြည်တိုက်ရိုက် ကျရောက်မနေစေရန် ခန်းစီး ကန့်လန့်ကာတို့ဖြင့် ပြတင်းပေါက်များအား ကာထားသင့်ပါသည်။

 

၁၃။ အခန်းထဲ၌ အနံ့အသက် မကောင်းတော့ဘူးဆိုလျှင် ပြတင်းပေါက်များအား ဖွင့်ထားပြီး လေကောင်းလေသန့်ရအောင် လုပ်ပါ။

 

၁၄။ မီးလောင်စေတတ်သောမှုတ်ဆေးနှင့် သုတ်ဆေးများအား Air con နားမှာ အသုံးမပြုသင့်ပါ။ တင်နာ၊ ပိုးသတ်ဆေး၊ ရေနံဆီ၊ ဓာတ်ဆီကဲ့သို့သော အရည်များဟာ Air con ကို ထိခိုက်ပျက်စီးနိုင်ပါသည်။

 

၁၅။ မီးပူ မီးဖိုတို့လို အပူထုတ်သည့်ပစ္စည်းများအား Air con နှင့် ဝေးဝေးမှာထားပါ။ အပူချိန်မြင့်လျှင် Air con ပျက်တတ်ပါသည်။

 

၁၆။ Air con မှ ညှော်နံ့ရလျှင် ခလုတ်ကို ချက်ခြင်းပိတ်ကာ ပြင်ဆိုင်သို့ အကြောင်းကြားပါ။

 

၁၇။ Outdoor unit Condenser ထဲသို့တုတ် (သို့မဟုတ်) လက်ဖြင့် မထည့်ပါနှင့်။ အထဲမှာ အရှိန်ပြင်းပြင်း လည်နေတဲ့ပန်ကာ ရှိသောကြောင့် လူကို အန္တရာယ် ဖြစ်စေတတ်ပါသည်။

 

 

၁၈။ Outdoor unit Condenser ပေါ်တွင် အဝတ်များလှန်းခြင်း၊ ပစ္စည်းများ တင်ခြင်း မပြုလုပ်ပါနှင့်။ စက်အပူလွန်ပြီး ပျက်စီးတတ်ပါသည်။

 

၁၉။ အိမ်အပြင်ရှိ Outdoor unit Condenser တွင် အမှိုက်သရိုက်များ ကပ်နေ/မနေ ပုံမှန် စစ်ဆေးပါ။ အမှိုက်များကပ်နေလျှင် ရှင်းပေးပါ။

 

အဲကွန်းဖွင့်လို့ ဘာကောင်းကျိုးတွေရှိလဲ။

 

အဲကွန်းနဲ့ ပတ်သက်ပြီး လူတိုင်းအကြိုက်ဆုံးအရာကတော့ အေးစိမ့်နေတဲ့ ခံစားချက်မျိုးပါပဲ။ ဘယ်သူမဆို ပူပူလောင်လောင် နေရတာကို မကြိုက်ကြဘူးမလား။ ရုံးမှာဆိုလည်း ရုံးမှာမို့လို့၊ အိမ်မှာကျတော့လည်း မိသားစုဝင်တွေ ပူလောင်အိုက်စပ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ပန်ကာနဲ့ မတူတဲ့အချက်ကတော့ အခန်းကို အလုံပိတ်ထားပြီး အခန်းတွင်းမှာရှိတဲ့လေကို လည်ပတ်ကာ အေးမြစေတဲ့အချက်ပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း အဆင်ပြေသလို လေဖြတ်နိုင်ခြေကိုလည်း လျော့နည်းသွားစေတာပေါ့။

 

ဒါဆို အဲကွန်းဖွင့်လို့ ဆိုးကျိုးလုံးဝမရှိတော့ဘူးလား။

 

သိထားရမှာတစ်ခုက အရာရာတိုင်းသည် အကောင်းနဲ့ အဆိုးအမြဲ ဒွန်တွဲနေတဲ့အချက်ပါပဲ။ အဲကွန်းရဲ့ အေးမြစေတဲ့ ကောင်းကျိုးမှာလည်း လူတွေထင်မထားမိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ရှိနေပါတယ်။ ဒါကတော့ အသားခြောက်တာပါ။ အဲကွန်းလေက အရေပြားရဲ့ အစိုဓာတ်ကို နည်းသွားစေသလို ရေဓါတ်ကိုလည်း ခမ်းခြောက်သွားစေတယ်။ ပြီးတော့ လူက ဒီအဲကွန်းလေနဲ့ အမြဲထိတွေ့နေရတဲ့အခါ အပြင်ထွက်ပြီး နေရောင်နည်းနည်းခံလိုက်တာနဲ့ အသားက ယားလာတယ်၊ နီရဲလာတယ်၊ ပျက်စီးဖို့ ပိုလွယ်သလို သူများတွေထက် ပိုပြီးပူနေတယ်လို့လည်း ခံစားလာရပါတယ်။ အရေပြားအနေနဲ့ အသားခြောက်လာမယ်၊ အသားပပ်မယ်၊ အသားဖတ်တွေ လန်ပြီး ကွာကျလာမယ်။ ကိုယ့်အရေပြားကို သေချာကြည့်လိုက်ရင် ပက်ကြားအက်နေသလို အက်ကွဲကြောင်းအရာလေးတွေပါ ထင်နေမယ်။ အဆီနည်းသွားတာကြောင့် ကြည့်လိုက်ရင် လူက မွဲခြောက်ခြောက်နဲ့ နဂိုအသားအရောင်ပါ မှိန်လာတော့တာပေါ့။

 

 

အဲ့ဒါဆို လုံးဝအဲကွန်းကို ရှောင်လိုက်ဖို့လိုမလား။

 

ကိုယ့်အိမ်မှာဆိုရင်တော့ အဲကွန်းကို ပိတ်ထားလိုက်လို့ရပေမယ့် ရုံးမှာကျတော့ ကိုယ်အဆင်မပြေဘူးဆိုတိုင်း ပိတ်လို့ရတာမှ မဟုတ်တာ။ ဒီတော့ အဲကွန်းခန်းထဲမှာ နေရင်းနဲ့ ကိုယ့်အသားအရေကို သိပ်မပျက်စီးအောင် ဒီနည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

 

၁။ ရေဘူးဆောင်ထားပါ။ နာရီဝက်ခြားတစ်ခါ ရေသောက်ပါ။ လူက အေးနေတယ်လို့ခံစားရရင် ရေသောက်ဖို့ကို မေ့နေတတ်ပါတယ်။ အထူးသဖြင့် အေးလွန်းတဲ့အခါ ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရှုံးမှုဖြစ်နေပြီး ကိုယ်မသိလိုက်ခင်မှာပဲ အရေပြားက ရေဓာတ်ခမ်းခြောက်နေပါပြီ။ ဒါကြောင့် ရေသောက်ဖို့ကို မမေ့နဲ့နော်။

 

၂။ နေ့လည်နေ့ခင်း ဗိုက်ဆာရင် သစ်သီးတွေ လှီးစိတ်ပြီး စားလိုက်ပါ။ အဆီများတဲ့ မုန့်တွေ၊ အကြော်အလှော်တွေကို ရှောင်ပါ။

 

၃။ ဘယ်သူမဆို အဲကွန်းခန်းထဲ အေးစိမ့်နေတဲ့အချိန် ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ကြတယ်မလား။ ဒါပေမယ့် ဒီကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အသားခြောက်စေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးနော်။ ဒါကြောင့် နေ့တိုင်းလိုလို ကော်ဖီသောက်တာထက် တစ်ရက်ခြား တစ်ခွက်လောက် သောက်ပေးတာ ပိုအဆင်ပြေမှာပါ။

 

၄။ မျက်နှာကို စပရေးအမြဲဖျန်းပေးပါ။ မျက်နှာအတွက် သီးသန့်ထုတ်ထားပြီး အမွှေးနံ့သိပ်မပြင်းတဲ့ အစိုဓာတ်ထိန်း စပရေးမျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ။

 

 

၅။ အစိုဓာတ်ထိန်းခရင်မ်ကို အိမ်ကနေ မထွက်ခင်ကတည်းက တစ်ကိုယ်လုံး လိမ်းထားပါ။

 

၆။ ရုံးမှာလည်း နို့ ဒါမှမဟုတ် အဆီတစ်မျိုးမျိုးပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ဆောင်ထားပါ။ လက်ဖဝါး၊ လည်ပင်း၊ တံတောင်ဆစ်၊ ပေါင်တံ၊ ခြေသလုံးတွေကို ၂နာရီ တစ်ခါလောက် လိမ်းပေးရပါမယ်။

 

၇။ အဲကွန်းခန်းထဲမှာ အချိန်ပြည့်နေတာထက် ခဏတစ်ဖြုတ် အပြင်ထွက်ပြီး အိမ်သာသွားတာ၊ လမ်းလျှောက်ထွက်တာ၊ အပြင်က လေကောင်းလေသန့်ရှူရှိုက်တာမျိုး လုပ်ပေးပါ။

 

၈။ အပြင်ကနေ အဲကွန်းခန်းထဲ မဝင်ခင် ခဏလောက်စောင့်ပေးပါ။ ချွေးတိတ်ပြီး ခန္ဓာကိုယ်တွင်း အပူချိန်ငြိမ်သွားပြီဆိုမှ ဝင်ပါ။ အဲကွန်းခန်းကနေ အပြင်ထွက်တော့မယ်ဆိုရင်လည်း တန်းမထွက်လိုက်ပါနဲ့။ ခဏလောက်တော့ ကိုယ်ထဲကို အအေးဓါတ်တွေ လျော့သွားအောင် စောင့်သင့်ပါတယ်။

 

၉။ အဲကွန်းကို အေးစိမ့်နေအောင် အအေးမမြှင့်ထားပါနဲ့။

 

၁၀။ အိမ်မှာ ရေချိုးပြီးသွားပြီဆိုရင် တစ်ကိုယ်လုံးကို Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ် ပြန်လိမ်းပေးပါ။ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ မျက်နှာ၊ လက်၊ ခြေထောက်တွေကို သေချာလေး လိမ်းပြီးမှ အိပ်ပါ။

 

၁၁။ အားလပ်ရက်တွေမှာ အိမ်တွင်းပစ္စည်းတွေဖြစ်တဲ့ ကြက်ဥ၊ ပျားရည်၊ ထောပတ်သီး၊ သကြားညို၊ စတာတွေနဲ့ အသားအရေကို ပြန်ပြီး နူးညံ့ချောမွေ့အောင် ထိန်းသိမ်းပေးပါ။

 

ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာမယ်ဆိုရင် အဲကွန်းထဲမှာ အမြဲရှိနေလည်း အသားအရေပျက်စီးမှာကို ပူစရာမလိုတော့ဘူးပေါ့။

 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

 

GAS မီးဖို သုံးစွဲတဲ့ အိမ်တိုင်း သတိထား ဂရုပြုသင့်သော အချက်များ

 

ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေမယ့် အိပ်ခန်းတွင်း စိုက်သင့်သည့် အပင်များ

 

အိမ်မှာထားရင် လာဘ်ကောင်းစေတယ်လို့ ယူဆကြတဲ့ နိုင်ငံအသီးသီးက အဆောင်များ

 

Zawgyi

 

အခုလို ပူေလာင္အိုက္စပ္တဲ့ ေႏြရာသီမွာ အဲကြန္း (Air Conditioner) ေတြဟာ အိမ္တိုင္းနဲ႔ လုပ္ငန္းခြင္တိုင္းမွာ မရွိမျဖစ္ ေနရာယူလာပါတယ္။ ရာသီဥတုေၾကာင့္ ပူေလာင္ေနတဲ့ အေျခအေနတခုကို အဲကြန္းေတြက ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ အပူဒဏ္ကေန သက္သာတယ္ဆိုေပမယ့္ အဲကြန္းခန္းထဲမွာပဲ အေနၾကာလာရင္ေတာ့ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ဒါေၾကာင့္မို႔လို႔ အဲကြန္းခန္းထဲမွာပဲ အေနမ်ားသူေတြအေနနဲ႔ က်န္းမာေရးဆိုးက်ိဳးေတြ မျဖစ္ေပၚရေအာင္ သတိျပဳလိုက္နာသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) ေရမ်ားမ်ားေသာက္ပါ

 

အဲကြန္းခန္းထဲမွာ အေနမ်ားျခင္းဟာ ခႏၶာကိုယ္ ေရဓာတ္ခမ္းေျခာက္ျခင္းကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ တတ္ႏိုင္သေလာက္ ေရမ်ားမ်ား ေသာက္ေပးသင့္ပါတယ္။ ေရမ်ားမ်ားေသာက္ေပးျခင္းဟာ ခႏၶာကိုယ္ေရဓာတ္ ခမ္းေျခာက္ျခင္းကို ျပန္လည္ ျဖည့္တင္းေပးႏိုင္တဲ့အျပင္ အဲကြန္းခန္းထဲမွာ အေနၾကာျခင္းေၾကာင့္ ျဖစ္တတ္တဲ့ အသားအေရ ေျခာက္ေသြ႕ျခင္းေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

 

 

(၂) အဲကြန္းခန္းထဲကေန ခ်က္ခ်င္း ေနပူထဲ ထြက္တာမ်ိဳးနဲ႔ ဝင္တာမ်ိဳးကို မျပဳလုပ္ပါနဲ႔

 

အဲကြန္းခန္းထဲကေန ေနပူထဲကို ႐ုတ္တရက္ဆိုသလို ထြက္တာမ်ိဳးနဲ႔ ေနပူထဲကေန အဲကြန္းခန္းထဲကို ခ်က္ခ်င္းဝင္တာမ်ိဳးဟာ ႏွာေခါင္းေသြးလွ်ံတာ၊ ဦးေႏွာက္ေသြးေၾကာျပတ္တာ စတာမ်ိဳးေတြကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။ Air Cutter ရွိတဲ့ေနရာမ်ိဳးေတြမွာဆိုရင္ အဲဒီေနရာမွာ ခဏေလာက္ရပ္ေနၿပီးမွာ သြားလာတာမ်ိဳးကို ျပဳလုပ္ေပးသင့္ပါတယ္။

 

(၃) ေလေကာင္းေလသန႔္ ထြက္ရႈေပးပါ

 

အဲကြန္းခန္းထဲမွာ အေနၾကာျခင္းဟာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ အျပင္ဘက္ကို ေလေကာင္းေလသန႔္ ထြက္ရႈေပးတာမ်ိဳး ျပဳလုပ္ေပးသင့္ပါတယ္။

 

(၄) အဲကြန္းသန႔္ရွင္းေရးကို ပုံမွန္ျပဳလုပ္ေပးပါ

 

အဲကြန္းေတြဟာ အသုံးျပဳတာၾကာလာတာနဲ႔အမွ် ဘက္တီးရီးယားနဲ႔ မႈိေတြကို ေပါက္ဖြားေစႏိုင္တာေၾကာင့္ အဲကြန္းသန႔္ရွင္းျပဳလုပ္ဖို႔ကို မေမ့ေလ်ာ့သင့္ပါဘူး။ အဲကြန္း ပုံမွန္သန႔္ရွင္းေရး မျပဳလုပ္ျခင္းေၾကာင့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြနဲ႔ ဓာတ္မတည့္မႈေၾကာင့္ အသားအေရ ယားယံတာမ်ိဳးကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ သတိထားၿပီး ျပဳလုပ္သင့္ပါတယ္။

 

 

အဲယားကြန္း အသုံးျပဳေသာအခါ လိုက္နာသင့္သည့္ (အေျခခံ) အခ်က္လက္ထဲမွ(၁၉ခ်က္) ကိုမွ်ေဝေပးလိုက္ပါတယ္။

 

၁။ Air con အပိတ္အဖြင့္လုပ္သည့္အခါ ပလပ္ကိုဆြဲျဖဳတ္ျခင္း၊ ထိုးသြင္းျခင္းျဖင့္ အပိတ္အဖြင့္လုပ္ျခင္း (လုံးဝ) မလုပ္ပါႏွင့္။ Shock ျဖစ္ၿပီး စက္ပ်က္တတ္ပါသည္။

 

၂။ Remote Control ကို အသုံးျပဳၿပီး မိမိႏွင့္ သင့္ေတာ္မည့္ အပူခ်ိန္မွာ ခ်ိန္ထားသင့္ပါသည္။ (အရမ္း)မေအးပါေစႏွင့္။ လူကို (တိုက္႐ိုက္)ေလ မထိုးထားပါႏွင့္။ အထူးသျဖင့္ အိပ္သည့္အခါတြင္ျဖစ္ေစ၊ ညဘက္လူအိပ္ေနခ်ိန္ျဖစ္ေစ လူဆီကို အေအးတည့္ တည့္ မက်ေရာက္ေအာင္ သတိထားသင့္ပါသည္။

 

၃။ ညအိပ္ခ်ိန္မ်ားတြင္ အေအးဓာတ္ကို ထိန္းရန္ အခ်ိန္ထိန္းခလုတ္(Timer)ကို အသုံးျပဳႏိုင္ပါသည္။

 

၄။ အခန္းတြင္းကို အေအးဓာတ္မေပးပဲ ေလခ်ည္းသက္သက္ ေပးခ်င္ပါက Fan mode ပန္ကာကို အသုံးျပဳႏိုင္ပါသည္။ ပန္ကာခ်ည္းသုံးျခင္းျဖင့္ လွ်ပ္စစ္ဓါတ္ ေခြၽတာရာေရာက္ပါသည္။

 

၅။ အခန္းတြင္း အပူခ်ိန္အား သင့္သေလာက္သာ ခ်ိန္ထားသင့္ပါသည္။ အပူခ်ိန္ ပူလြန္း / ေအးလြန္းလွ်င္ လွ်ပ္စစ္ဓါတ္အားကို ပိုကုန္ေစႏိုင္သည္။

 

၆။ Remote Control အေဝးထိန္းခလုတ္ကို Air con ေအာက္ တစ္ေပခန႔္အကြာရွိ နံရံတြင္ အထိုင္ခြက္ျဖင့္ တပ္ဆင္ထားပါ။ လြတ္မက်ပါေစႏွင့္။ ေရႏွင့္ အခ်ိဳရည္ကဲ့သို႔ေသာ အရည္မ်ားမထိပါေစႏွင့္။ လြတ္က်လွ်င္ ေရစင္လွ်င္ Remote ပ်က္စီးၿပီး အလုပ္ေကာင္းေကာင္း လုပ္ႏိုင္မည္မဟုတ္ပါ။

 

၇။ Remote Control အေဝးထိန္းခလုပ္အား Air con ႏွင့္ ၁၅ေပခန႔္ အကြာအေဝးအတြင္း၌သာ သုံးပါ။ သိပ္ေဝးလြန္းလွ်င္ အလုပ္မလုပ္ပါ။

 

၈။ Air con ႏွင့္ Remote controlတို႔ၾကားတြင္ ခန္းစည္း / ကန႔္လန႔္ကာ တို႔ႏွင့္ခံေနလွ်င္ Remote ေကာင္းေကာင္းအလုပ္မလုပ္ႏိုင္ပါ။

 

၉။ Air con Indoor Filter ( ေလစစ္ဆန္ကာ) ကို ျဖစ္နိင္လွ်င္ တစ္လလွ်င္ တစ္ႀကိမ္ခန႔္ သန႔္ရွင္းေရးလုပ္ေပးပါ။ ခရီးရက္ရွည္ထြက္စရာရွိလွ်င္Air con ကို ေသေသခ်ာခ်ာ ပိတ္ခဲ့ပါ။

 

 

၁၀။ Air conရဲ႕ Indoor unit အတြင္း( သို႔မဟုတ္) အျပင္ဘက္ရွိ အစိတ္အပိုင္းမ်ားကို ေရျဖင့္ေဆးၿပီး သန႔္ရွင္းေရး မလုပ္သင့္ပါ။ Shock ျဖစ္ၿပီး ဓာတ္လိုက္တတ္ေသာေၾကာင့္ ကြၽမ္းက်င္သူမ်ားကိုသာ ေခၚလုပ္သင့္ပါသည္။

 

၁၁။ Air con ေရွ႕တည့္တည့္တြင္ မည္သည့္ပစၥည္းမွ ခံမေနပါေစႏွင့္။ ေလလမ္းေၾကာင္းေရွ႕တြင္ အရာဝတၳဳ ပစၥည္းမ်ား ပိတ္ဆို႔ေနလွ်င္ လိုအပ္တဲ့ အေအးဓာတ္ မရွိႏိုင္ပါ။

 

၁၂။ Air con တြင္ ခရမ္းလြန္ေရာင္ျခည္ အခ်က္ေပး ကိရိယာပါရွိပါသည္။ Aircon ေပၚသို႔ ေနေရာင္ျခည္ တိုက္႐ိုက္ က်ေရာက္ေနပါက ေကာင္းေကာင္းအလုပ္မလုပ္ႏိုင္ပါ။ ထို႔ေၾကာင့္ ေနေရာင္ျခည္တိုက္႐ိုက္ က်ေရာက္မေနေစရန္ ခန္းစီး ကန႔္လန႔္ကာတို႔ျဖင့္ ျပတင္းေပါက္မ်ားအား ကာထားသင့္ပါသည္။

 

၁၃။ အခန္းထဲ၌ အနံ႔အသက္ မေကာင္းေတာ့ဘူးဆိုလွ်င္ ျပတင္းေပါက္မ်ားအား ဖြင့္ထားၿပီး ေလေကာင္းေလသန႔္ရေအာင္ လုပ္ပါ။

 

၁၄။ မီးေလာင္ေစတတ္ေသာမႈတ္ေဆးႏွင့္ သုတ္ေဆးမ်ားအား Air con နားမွာ အသုံးမျပဳသင့္ပါ။ တင္နာ၊ ပိုးသတ္ေဆး၊ ေရနံဆီ၊ ဓာတ္ဆီကဲ့သို႔ေသာ အရည္မ်ားဟာ Air con ကို ထိခိုက္ပ်က္စီးႏိုင္ပါသည္။

 

၁၅။ မီးပူ မီးဖိုတို႔လို အပူထုတ္သည့္ပစၥည္းမ်ားအား Air con ႏွင့္ ေဝးေဝးမွာထားပါ။ အပူခ်ိန္ျမင့္လွ်င္ Air con ပ်က္တတ္ပါသည္။

 

၁၆။ Air con မွ ေညႇာ္နံ႔ရလွ်င္ ခလုတ္ကို ခ်က္ျခင္းပိတ္ကာ ျပင္ဆိုင္သို႔ အေၾကာင္းၾကားပါ။

 

၁၇။ Outdoor unit Condenser ထဲသို႔တုတ္ (သို႔မဟုတ္) လက္ျဖင့္ မထည့္ပါႏွင့္။ အထဲမွာ အရွိန္ျပင္းျပင္း လည္ေနတဲ့ပန္ကာ ရွိေသာေၾကာင့္ လူကို အႏၲရာယ္ ျဖစ္ေစတတ္ပါသည္။

 

 

၁၈။ Outdoor unit Condenser ေပၚတြင္ အဝတ္မ်ားလွန္းျခင္း၊ ပစၥည္းမ်ား တင္ျခင္း မျပဳလုပ္ပါႏွင့္။ စက္အပူလြန္ၿပီး ပ်က္စီးတတ္ပါသည္။

 

၁၉။ အိမ္အျပင္ရွိ Outdoor unit Condenser တြင္ အမႈိက္သ႐ိုက္မ်ား ကပ္ေန/မေန ပုံမွန္ စစ္ေဆးပါ။ အမႈိက္မ်ားကပ္ေနလွ်င္ ရွင္းေပးပါ။

 

အဲကြန္းဖြင့္လို႔ ဘာေကာင္းက်ိဳးေတြရွိလဲ။

 

အဲကြန္းနဲ႔ ပတ္သက္ၿပီး လူတိုင္းအႀကိဳက္ဆုံးအရာကေတာ့ ေအးစိမ့္ေနတဲ့ ခံစားခ်က္မ်ိဳးပါပဲ။ ဘယ္သူမဆို ပူပူေလာင္ေလာင္ ေနရတာကို မႀကိဳက္ၾကဘူးမလား။ ႐ုံးမွာဆိုလည္း ႐ုံးမွာမို႔လို႔၊ အိမ္မွာက်ေတာ့လည္း မိသားစုဝင္ေတြ ပူေလာင္အိုက္စပ္တာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္တယ္။ ပန္ကာနဲ႔ မတူတဲ့အခ်က္ကေတာ့ အခန္းကို အလုံပိတ္ထားၿပီး အခန္းတြင္းမွာရွိတဲ့ေလကို လည္ပတ္ကာ ေအးျမေစတဲ့အခ်က္ပါ။ သက္ႀကီး႐ြယ္အိုေတြအတြက္လည္း အဆင္ေျပသလို ေလျဖတ္ႏိုင္ေျခကိုလည္း ေလ်ာ့နည္းသြားေစတာေပါ့။

 

ဒါဆို အဲကြန္းဖြင့္လို႔ ဆိုးက်ိဳးလုံးဝမရွိေတာ့ဘူးလား။

 

သိထားရမွာတစ္ခုက အရာရာတိုင္းသည္ အေကာင္းနဲ႔ အဆိုးအၿမဲ ဒြန္တြဲေနတဲ့အခ်က္ပါပဲ။ အဲကြန္းရဲ႕ ေအးျမေစတဲ့ ေကာင္းက်ိဳးမွာလည္း လူေတြထင္မထားမိတဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက ရွိေနပါတယ္။ ဒါကေတာ့ အသားေျခာက္တာပါ။ အဲကြန္းေလက အေရျပားရဲ႕ အစိုဓာတ္ကို နည္းသြားေစသလို ေရဓါတ္ကိုလည္း ခမ္းေျခာက္သြားေစတယ္။ ၿပီးေတာ့ လူက ဒီအဲကြန္းေလနဲ႔ အၿမဲထိေတြ႕ေနရတဲ့အခါ အျပင္ထြက္ၿပီး ေနေရာင္နည္းနည္းခံလိုက္တာနဲ႔ အသားက ယားလာတယ္၊ နီရဲလာတယ္၊ ပ်က္စီးဖို႔ ပိုလြယ္သလို သူမ်ားေတြထက္ ပိုၿပီးပူေနတယ္လို႔လည္း ခံစားလာရပါတယ္။ အေရျပားအေနနဲ႔ အသားေျခာက္လာမယ္၊ အသားပပ္မယ္၊ အသားဖတ္ေတြ လန္ၿပီး ကြာက်လာမယ္။ ကိုယ့္အေရျပားကို ေသခ်ာၾကည့္လိုက္ရင္ ပက္ၾကားအက္ေနသလို အက္ကြဲေၾကာင္းအရာေလးေတြပါ ထင္ေနမယ္။ အဆီနည္းသြားတာေၾကာင့္ ၾကည့္လိုက္ရင္ လူက မြဲေျခာက္ေျခာက္နဲ႔ နဂိုအသားအေရာင္ပါ မွိန္လာေတာ့တာေပါ့။

 

 

အဲ့ဒါဆို လုံးဝအဲကြန္းကို ေရွာင္လိုက္ဖို႔လိုမလား။

 

ကိုယ့္အိမ္မွာဆိုရင္ေတာ့ အဲကြန္းကို ပိတ္ထားလိုက္လို႔ရေပမယ့္ ႐ုံးမွာက်ေတာ့ ကိုယ္အဆင္မေျပဘူးဆိုတိုင္း ပိတ္လို႔ရတာမွ မဟုတ္တာ။ ဒီေတာ့ အဲကြန္းခန္းထဲမွာ ေနရင္းနဲ႔ ကိုယ့္အသားအေရကို သိပ္မပ်က္စီးေအာင္ ဒီနည္းလမ္းေတြကို ေသခ်ာလိုက္လုပ္ၾကည့္ဖို႔ အႀကံေပးလိုက္ပါတယ္။

 

၁။ ေရဘူးေဆာင္ထားပါ။ နာရီဝက္ျခားတစ္ခါ ေရေသာက္ပါ။ လူက ေအးေနတယ္လို႔ခံစားရရင္ ေရေသာက္ဖို႔ကို ေမ့ေနတတ္ပါတယ္။ အထူးသျဖင့္ ေအးလြန္းတဲ့အခါ ကိုယ္ခႏၶာက ေရဓာတ္ဆုံးရႈံးမႈျဖစ္ေနၿပီး ကိုယ္မသိလိုက္ခင္မွာပဲ အေရျပားက ေရဓာတ္ခမ္းေျခာက္ေနပါၿပီ။ ဒါေၾကာင့္ ေရေသာက္ဖို႔ကို မေမ့နဲ႔ေနာ္။

 

၂။ ေန႔လည္ေန႔ခင္း ဗိုက္ဆာရင္ သစ္သီးေတြ လွီးစိတ္ၿပီး စားလိုက္ပါ။ အဆီမ်ားတဲ့ မုန႔္ေတြ၊ အေၾကာ္အေလွာ္ေတြကို ေရွာင္ပါ။

 

၃။ ဘယ္သူမဆို အဲကြန္းခန္းထဲ ေအးစိမ့္ေနတဲ့အခ်ိန္ ေကာ္ဖီပူပူေလးတစ္ခြက္ေလာက္ ေသာက္လိုက္ရမွ ေနသာထိုင္သာ ရွိတတ္ၾကတယ္မလား။ ဒါေပမယ့္ ဒီေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က အသားေျခာက္ေစတယ္ဆိုတာ ေမ့လို႔ မျဖစ္ဘူးေနာ္။ ဒါေၾကာင့္ ေန႔တိုင္းလိုလို ေကာ္ဖီေသာက္တာထက္ တစ္ရက္ျခား တစ္ခြက္ေလာက္ ေသာက္ေပးတာ ပိုအဆင္ေျပမွာပါ။

 

၄။ မ်က္ႏွာကို စပေရးအၿမဲဖ်န္းေပးပါ။ မ်က္ႏွာအတြက္ သီးသန႔္ထုတ္ထားၿပီး အေမႊးနံ႔သိပ္မျပင္းတဲ့ အစိုဓာတ္ထိန္း စပေရးမ်ိဳးဆိုရင္ေတာ့ အေကာင္းဆုံးပါပဲ။

 

 

၅။ အစိုဓာတ္ထိန္းခရင္မ္ကို အိမ္ကေန မထြက္ခင္ကတည္းက တစ္ကိုယ္လုံး လိမ္းထားပါ။

 

၆။ ႐ုံးမွာလည္း ႏို႔ ဒါမွမဟုတ္ အဆီတစ္မ်ိဳးမ်ိဳးပါတဲ့ အစိုဓာတ္ထိန္းခရင္မ္ကို ေဆာင္ထားပါ။ လက္ဖဝါး၊ လည္ပင္း၊ တံေတာင္ဆစ္၊ ေပါင္တံ၊ ေျခသလုံးေတြကို ၂နာရီ တစ္ခါေလာက္ လိမ္းေပးရပါမယ္။

 

၇။ အဲကြန္းခန္းထဲမွာ အခ်ိန္ျပည့္ေနတာထက္ ခဏတစ္ျဖဳတ္ အျပင္ထြက္ၿပီး အိမ္သာသြားတာ၊ လမ္းေလွ်ာက္ထြက္တာ၊ အျပင္က ေလေကာင္းေလသန႔္ရႉရႈိက္တာမ်ိဳး လုပ္ေပးပါ။

 

၈။ အျပင္ကေန အဲကြန္းခန္းထဲ မဝင္ခင္ ခဏေလာက္ေစာင့္ေပးပါ။ ေခြၽးတိတ္ၿပီး ခႏၶာကိုယ္တြင္း အပူခ်ိန္ၿငိမ္သြားၿပီဆိုမွ ဝင္ပါ။ အဲကြန္းခန္းကေန အျပင္ထြက္ေတာ့မယ္ဆိုရင္လည္း တန္းမထြက္လိုက္ပါနဲ႔။ ခဏေလာက္ေတာ့ ကိုယ္ထဲကို အေအးဓါတ္ေတြ ေလ်ာ့သြားေအာင္ ေစာင့္သင့္ပါတယ္။

 

၉။ အဲကြန္းကို ေအးစိမ့္ေနေအာင္ အေအးမျမႇင့္ထားပါနဲ႔။

 

၁၀။ အိမ္မွာ ေရခ်ိဳးၿပီးသြားၿပီဆိုရင္ တစ္ကိုယ္လုံးကို Lotion ဒါမွမဟုတ္ အစိုဓာတ္ထိန္းခရင္မ္ ျပန္လိမ္းေပးပါ။ အထူးသျဖင့္ အိပ္ခါနီးအခ်ိန္မွာ မ်က္ႏွာ၊ လက္၊ ေျခေထာက္ေတြကို ေသခ်ာေလး လိမ္းၿပီးမွ အိပ္ပါ။

 

၁၁။ အားလပ္ရက္ေတြမွာ အိမ္တြင္းပစၥည္းေတြျဖစ္တဲ့ ၾကက္ဥ၊ ပ်ားရည္၊ ေထာပတ္သီး၊ သၾကားညိဳ၊ စတာေတြနဲ႔ အသားအေရကို ျပန္ၿပီး ႏူးညံ့ေခ်ာေမြ႕ေအာင္ ထိန္းသိမ္းေပးပါ။

 

ခုေျပာျပခဲ့တဲ့ နည္းလမ္းေတြကို ေသခ်ာလိုက္နာမယ္ဆိုရင္ အဲကြန္းထဲမွာ အၿမဲရွိေနလည္း အသားအေရပ်က္စီးမွာကို ပူစရာမလိုေတာ့ဘူးေပါ့။

 

ဖတ္ရႈမႈအမ်ားအဆုံး အိမ္ၿခံေျမေဆာင္းပါးမ်ား

 

GAS မီးဖို သုံးစြဲတဲ့ အိမ္တိုင္း သတိထား ဂ႐ုျပဳသင့္ေသာ အခ်က္မ်ား

 

ပိုမိုေကာင္းမြန္စြာ အိပ္ေပ်ာ္ေစမယ့္ အိပ္ခန္းတြင္း စိုက္သင့္သည့္ အပင္မ်ား

 

အိမ္မွာထားရင္ လာဘ္ေကာင္းေစတယ္လို႔ ယူဆၾကတဲ့ ႏိုင္ငံအသီးသီးက အေဆာင္မ်ား

 

Credit : Fbatinsone , findglocal & hellosayarwon

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ