Updated 18th Dec 2020
Sint Sint, Shweproperty
Unicode
ကြမ်းပိုးလို့ အသံကြားလိုက်တိုင်း ကြက်သီးထစေပါတယ်။ အဘယ့်ကြောင့်ဆိုေ သေ် ကြမ်းပိုးသည် လူတို့ရဲ့သွေးကိုစုပ်ယူခြင်းဖြင့် အသက်ရှင်နေထိုင်ကြတဲ့ အင်းဆက်သတ္တဝါ မျိုးပင်ဖြစ်သည်။ကြမ်းပိုးတွေဟာ နေ့လည်နေ့ခင်းဆို လူအနီးအနားမှာ မရှိဘဲ ညဘက်ရောက်မှသာ ထွက်ပေါ်လာလေ့ရှိတယ်။ ဖမ်းရခက်၊ ရှင်းရခက်တဲ့အကောင်တွေဖြစ်ပါတယ်။ အိမ်တစ်အိမ်မှာ ကြမ်းပိုးတစ်ကောင်ရှိပြီဆိုတာနဲ့ ကြမ်းပိုးတွေအများကြီးဖြစ်လာပြီး ရှင်းလို့မနိုင်အောင်ဖြစ်တက်ပါတယ်။ ကြမ်းပိုးသည် နေတိုင်းမှာ ခိုအောင်းနိုင်သည်။မိမိကိုယ်ထဲတွင်လည်း ပုန်းအောင်းနိုင်ပါသေးတယ်။ ကြမ်းပိုးဆိုလူတိုင်းက ရွံလည်း ရွံကြောက်လည်း ကြောက်တဲ့ သတ္တဝါထဲမှာ ပါဝင်နေပါတယ်။
ဒီအကောင်သေးသေးလေးတွေကို ဘယ်လိုရှင်းမလဲ။လက်ရှိမှာ အစဉ်အမြဲအိမ်မှာ တိုက်ခန်းထဲမှာကြမ်းပိုးကို ဖျက်ဆီးဖို့အတော်ကြာနည်းလမ်းများရှိပါသလား။နံနက်ခင်းတိုင်း ယားယံတဲ့အဖုအချို့ရယ် အရေပြားပေါ် ကုတ်ခြစ်နေရခြင်းဟာ မိမိတို့ အဖို့ မနှစ်မြို့စရာပါပဲ။ ကြမ်းပိုးဆိုတဲ့အကောင်းသေးသေးလေးတွေ့ ခေသူတွေတော့ မဟုတ် သွေးစုပ်ဖုတ်ကောင်အသေးစားလေးတွေလိုပါပဲ။ အဲသည်အကောင်လေးတွေဟာ အကိုက်ခံရလို့ နေမထိထိုင်မသာ ခံစားရလို့ဆိုတဲ့ အကြောင်းတစ်ခုတည်းတော့မဟုတ်ပါဘူး ဂရုတစိုက်အလေးထားရမယ့်ပြဿနာတစ်ခုဖြစ် ပါတယ်။ နောက်ပိုင်းမှာ အရေပြားပြသနာကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်အိမ်လုံးကို အလျင်အမြန်ပွားများသွားနိုင်လို့ဖြစ်ပါတယ်။ ပိုးမွှားသန့်ရှင်းရေးကို လည်း မပြတ်လုပ်ဆောင်သင့်ပါတယ် .တစ်ကိုယ်ရေ သန့်ရှင်းလေးလုပ်သလိုမျိုးပေါ့။
ကြမ်းပိုးတွေကြောင့် နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဖြေရှင်းဖို့ DIY Solutions အချို့ရှိပါတယ်။ သို့သော် အရင်ဆုံးတော့ အိမ်မှာ ခိုအောင်းနေမယ့် ကြမ်းပိုးခိုအောင်းနိုင်တဲ့နေရာ အတော်များများကို ရှာဖွေရပါမယ်။သူတို့နေတက်တဲ့အရာလေးတွေက အိပ်ရာ တွေတော်တော်လေး နှစ်သက်ကြပါတယ်။ လူတွေကလည်း ညဘက်မှာ အိပ်စက်တဲ့ အခါမှာ သက်တောင့်သက်သာလေး အိပ်စက်ချင်ကြတာမလား။နံနက်ခင်းတိုင်း အရေပြားမှာ ကိုက်ရာသေးသေးလေးတွေ၊ ခေါင်းအုံးနဲ့ မွေ့ယာကြားတွေမှာ ခပ်သေးသေး အညိုရောင် သို့မဟုတ် အနီရင့်ရောင်အစက်အပျောက်တွေ၊ ကြမ်းပိုးသေအချို့ရဲ့ အရေခွံခြောက်တွေ၊ကြုံတွေ့နေရတာွဟော လှပတဲ့ နံနက်ခင်းတော့ မဟုတ်ဘူးလေ။
ယင်းတို့ကို နှိမ်နှင်းဖို့ ဆေးဖြန်းမယ် ဆိုရင် လက်အိပ်စွပ်၊ Mask တပ်၊ ဆေးဖြန်းမယ့်နေရာကလွဲလို့ အခြားပစ္စည်းတွေကို ဖုံးအုပ်တန်သည် ဖုံးအုပ်ရပါမယ်။ ဆေးသည် မိမိ အတွက် အန္တရာယ်ရှိနီုင်သောကြောင့်ဖြစ်သည်။ ပိုက်ဆံသုံးဖို့ ပိုတက်နိုင်ရင်တော့ ပိုးမွှားသန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်းနဲ့အလွယ်တကူဖြေနိုင်မှာပါ။ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ဖြေရှင်းလို့အဆင်ပြေစေမယ့် နည်းလမ်းအချို့ကိုလည်း မှဝေပးချင်ပါတယ်။
(၁) ကြမ်းပိုးအောင်းတဲ့နေရာကို ချုံ့ရပါမယ်။ အိမ်ဆောက်ပစ္စည်းဆိုင်လေးတွေမှာ အလွယ်တကူဝယ်လို့ရတဲ့ လှေဖာတဲ့ ပွဲညှက်ကို ဝယ်ပြီး အခန်းနံရံနဲ့ ကြမ်းပြင်ကြားတွေကို ပိတ်လိုက်ပါ။အခန်းထဲ ကယောက်ကယက်ဖြစ်စေတဲ့ဟာတွေကို ဖယ်ရှားဖို့ အိုင်ဒီယာကောင်းတစ်ခုပါပဲ။
(၂) မုန့်ဖုတ်ဆော်ဒါကို ကြမ်းပိုးတွေပုန်းနိုင်မယ့်နေရာတွေကို သေသေချာချာပက်ဖျန်းပေးပါ။ခဏနေကပြောခဲ့တဲ့ လှေဖာတဲ့ ပွဲညှက်လိုပစ္စည်းမျိုးတွေ ဝယ်လို့မရတာ ဒါမှမဟုတ် အနံ့အသက်မခံစားနိုင်တာမျိုးတွေအတွက် မုန့်ဖုတ်ဆော်ဒါ (baking soda)က အသုံးဝင်ပါတယ်။ကြမ်းပိုးတွေအောင်းတဲ့ ကြမ်းပိုးသိုက်နေရာကို မုန့်ဖုတ်ဆော်ဒါများများလေးထား လိုက်ခြင်းဖြင့် ကြမ်းပိုးတွေဖယ်ရှားနိုင်တယ်လေ။
(၃) အယ်လ်ကိုဟော (အရက်ပြန်) နဲ့ ကြမ်းပိုးရှိနေရာတွေကို စိုစွတ်အောင်ပွတ်သုတ်ပေးနိုင်ပါတယ်။ကိုယ့်အတွက် အန္တာရာ်ဖြစ်စေမယ့် ဓာတုဆေးဝါး ကြမ်းပိုးသတ်ဆေးတွေကို ဝယ်သုံးမိတာထက် အယ်လ်ကိုဟော (alcohol)နဲ့ပွတ်သပ်ပေးခြင်းက အဆင်ပြေနီုင်မှာပါ။
(၄) ပါကင်ထုပ်ရာမှာသုံးတဲ့ တိပ် (duct tape) ကိုသုံးပြီးလည်း ကြမ်းပိုးတွေကိုဖယ်ရှားလို့ရပါတယ်။ပြင်ညီမျက်နှာပြင်တွေ အတွက်ကတော့ တိပ်ကို မကြီးမသေးလေးတွေဖြတ်၊ ကြမ်းပိုးရှိတဲ့နေရာမှာ လှမ်းကပ်ယူ၊ တိပ်တွေအားလုံးပြန်စုပြီး အိပ်တစ်လုံးနဲ့လုံအောင်ထည့်ကာ ခပ်ဝေးဝေးအမှိုက်ပုံးထဲစွန့်ပစ်လို့ရတာပေါ့။ ဒါကတော့ လက်မြန်မှရမယ်နော်။
(၅) အမွှေးဆီအသုံးပြုတတ်တယ်ဆိုရင်တော့ လာဗင်ဒါအဆီ (Lavender Essential Oil) ကို ကြမ်းပိုးတွေပုန်းနေတဲ့နေရာ မှာ အသုံးချနိုင်ပါတယ်။ လာဗင်ဒါရနံ့ကို ကြမ်းပိုးတွေမကြိုက်ပါဘူး။လာဗင်ဒါရနံ့ဆီကို မသုံးချင်ဘူးဆိုရင်တော့ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ လာဗင်ဒါပန်းတွေရယ် အရွက်တွေရယ်ကို ပြဿနာဖြစ်နေတဲ့နေရာတွေမှာ ခပ်ကြဲကြဲဖြန့် ထားလိုက်ပါ။
(၆) ပူဒီနာအရွက် (mint leaves) တွေအသုံးပြုပြီးတော့လည်း ကြမ်းပိုးတွေကိုနှင်ထုတ်လို့ရပါသေးတယ်။ ပူဒီနာရနံ့သည် လည်း ကြမ်းပိုးများ မုန်တီးတဲ့ အခြားသောရနံ့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကြိတ်ခြေထားသော ပူဒီနာအရွက်တွေကို ကြမ်းပိုးတွေအောင်းနေတဲ့နေရာတွေမှာထားပေးခြင်းဟာလည်း အိုင်ဒီယာကောင်းတစ်ခုပါပဲ။ ဆိုဖာထောင့်တွေလို၊ သေတ္တာထောင့်တွေလိုနေရာမျိုးမှာ ပူဒီနာတွေကိုခြေပြီးထားလိုက်တာပေါ့။ ဒါကတော့ လွယ်ကူရိုးစင်းသော လုပ်နည်းလေးပါပဲ။
(၇) ဖုန်စုပ်စက်ရှိရင်လည်း သူတို့ကိုရှင်းထုတ်လို့ရပါတယ်။ လက်နှိုက်လို့မရတဲ့ ထောင့်ချိုးတွေ၊နေရာတွေက ကြမ်းပိုးကြီးတွေနဲ့ ကြမ်းပိုးဥတွေကို စုပ်ထုတ်လို့ရတယ်လေ။ ပြီးရင်တော့ ဖုန်စုပ်စက်ကအိတ်ကို သေချာစည်းနှောင်ပြီး ပလတ်စတစ်အိတ်တစ်ခုထဲ သေချာထည့်ပြီးမှစွန့်ပစ်ရပါမယ်။ တစ်ခါသုံးပစ္စည်းတွေသုံးလို့ရရင်တော့ ပိုအဆင်ပြေပါတယ်။
(၈) ဖုန်စုပ်စက်လိုမျိုးပဲ အိမ်သန့်ရှင်းရေးမှာသုံးတဲ့ Steam Cleaner သုံးပြီး ကြမ်းပိုးကိုနှိမ်နင်းလို့ရပါတယ်။အဆိုပါပစ္စည်းက အပူချိန်ပြင်းပြင်းကို ကြမ်းပိုးတွေမခံနိုင်ပါဘူး။ အကြိုအကြား လက်မရောက်နိုင်တဲ့နေရာက ကြမ်းပိုးတွေကို နှိမ်နင်းချင်တဲ့အခါ Steam Cleaner ကိုအသုံးပြုနိုင်ပါတယ်။
(၉) Steam Cleaner အိမ်မှမရှိဘူးဆိုရင်လည်း ဆံပင်ခြောက်အောင်သုံးတဲ့ လေပူမှုတ်စက် (hair dryer) ကိုသုံးလို့ရပါတယ်။ အရည်အသွေးကောင်းတဲ့ hair dryer ဖြစ်ဖို့တော့လိုတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်အမြင့်ဆုံးခလုပ်ကိုသုံးပြီး ကြမ်းပိုးတွေရှိတဲ့နေရာကို မှုတ်ရမှာမို့ဖြစ်ပါတယ်။
(၁၀) အိပ်ရာခင်းတွေ၊ စောင်တွေ၊ လိုက်ကာတွေ စသဖြင့် ကြမ်းပိုးအောင်းခဲ့တဲ့ ပစ္စည်းတွေကို ရေပူပူနဲ့လျှော်ဖွတ် ပစ်ပါ။ အခြောက်ခံဖို့ဆိုရင်လည်း နေပူပူ နေပြင်းပြင်းထဲလှန်းဖို့ သို့မဟုတ် အခြောက်ခံစက်မယ် အပူချိန် အမြင့်ဆုံးခလုပ် သုံးပြီး အခြောက်ခံဖို့လုပ်ပါ။ စိတ်မချဘူးဆိုရင်နည်းမရှိရင်တော့ အိပ်ရာခင်းတွေ စောင်တွေကို ပလတ်စတစ်အိတ်ထဲ လုံအောင်ထည့်ပိတ်ပြီး နေပူပူမှာထုတ်လှမ်းပေးရပါမယ်။
(၁၁) ကြမ်းပိုးအောင်းခဲ့လို့ရှင်းလင်းထားတဲ့ ပစ္စည်းအစုံကို နေပြင်းပြင်းမှာထုတ်လှမ်းပါ။ကြမ်းခင်းကော်ဇော၊ ပရိဘောဂအစိတ်အပိုင်းတွေ၊ မွေ့ယာတွေကို နေ့လယ်နေပူထဲ ပစ်ထားလိုက် တနေကုန်ပစ်ထားလိုက်ပါ။
(၁၂) မွေ့ယာတွေ၊ဆိုဖာတွေကို ပလတ်စတစ်နဲ့ ရက်အနည်းငယ်လောက် ဖုံးအုပ်ထားပေးပါ။သည်နည်းလမ်းက ကြမ်းပိုးတွေ အထဲမှာ ပိတ်မိနေဖို့လုံလောက်သလို သေဆုံးဖို့လည်း အကြောင်းဖန်ပါလိမ့်မယ်။ ပရိဘောဂ ခပ်သေးသေးတွေကိုလည်း သည်နည်းလမ်းအတိုင်းပြုလုပ်ပေးထားနိုင်ပါတယ်။ကြမ်းပိုးရှင်းမယ်ဆိုရင်တော့ တစ်နေ့တည်း တစ်နေရတည်းမှာ တစ်ခါတည်းရှင်းဖို့ မမေ့ပါနဲ့နော် ။ သူက အပိုင်းလိုက်ရှင်းရမယ့် အရာမဟုတ်ပါဘူး။ မျိုးပြုတ်အောင် ပြတ်ရှင်းရမှာနော်. ။ မဟုတ်ရင် မျိုးဆက်တွေကျနေနိုင်ပါတယ်။ဘယ်အဆင့်ပြီးရင် ဘယ်ဟာ ပြုလုပ်ရမယ်ဆိုတာလည်း ကြိုစဉ်းစားထားရမှာပါ။နောက်ထပ်နည်းလမ်းတွေကိုလည်းမျှဝေပေးချင်ပါသေးတယ်။ အိမ်သုံး ရှာလကာရည်ကို အသုံးပြုလို့ရပါသေးတယ်။
ရှာလကာရည်မှာပါဝင်တဲ့ acetic acid က အင်းဆကေ်တွရဲ့အာရုံကြောကိုတုံ့ဆိုင်းသွားစေပြီး သေဆုံးစေနိုင်ပါတယ်။ ဒါကြောင့် စပရေးဗူးတစ်ခုထဲကို ရှာလကာရည်ထည့်ပြီး ကြမ်းပိုးတွေရှိလောက်မယ့်နေရာတွေမှာလိုက်ဖျန်းပေးပြီးတော့ အခြောက်ခံထားလိုက်ပါ။ နှစ်ခေါက် သုံးခေါက်လောက်ထပ်လုပ်ပေးလိုက်ရုံနဲ့ ကြမ်းပိုးတွေရှင်းသွားပါလိမ့်မယ်။
ကြမ်းပိုးရှိတဲ့နေရာက အသုံးအဆောင်တွေကို နေပူထဲထုတ်လှန်းပါ။ အဝတ်အစားနဲ့ အိပ်ယာခင်း၊ခေါင်းအုံးစွပ် စတာတွေကို အမည်းရောင်ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး တစ်ရက်လောက်နေလှန်းပြီးမှ လျှော်လိုက်မယ်ဆိုရင် ကြမ်းပိုးတွေနဲ့သူတို့ရဲ့ဥတွေရှင်းသွားပါလိမ့်မယ်။နေလှန်းဖို့အဆင်မပြေတဲ့ပစ္စည်းတွေကိုတော့ အပေါ်ကနည်းလေးတွေသုံးပါ။အစားအသောက်၊ဆေး၊ အဝတ်အစား၊အိတ်နဲ့ ဖိနပ်အသစ်တွေဝယ်တဲ့အခါမှာ ပါလာတတ်တဲ့ Silica Gel အထုပ်လေးတွေထဲက Silica gel အစိလေးတွေကို ကြမ်းပိုးတွေလာတတ်တဲ့နေရာတွေမှာ ထားထားပေးလိုက်ပါ။ Silica gel က အင်းဆက်တွေရဲ့ခန္ဓာကိုယ်ထဲက အစိုဓာတ်ကိုစုပ်ယူနိုင်စွမ်းရှိတာကြောင့် သူတို့ကို တဖြည်းဖြည်းအားနည်းပြီးသေဆုံးသွားစေပါလိမ့်မယ်။နောက်ဆိုရင် အဲလို အိတ်လေးတွေကို မလွှင့်ပစ်တော့နဲ့ေ နော်. ဒါပေမယ့် အိမ်မှာ ကလေးငယ်တွေရှိရင်တော့ ဒီနည်းကိုမသုံးပါနဲ့။
ရေခဲခြောက်က အပြင်မှာဒီတိုင်းထားရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုထုတ်လွှတ်ပေးတာကြောင့် အင်းဆက်တွေကို အားနည်းစေပါတယ်။ ဒါကြောင့် ကြမ်းပိုးတွေရှိတဲ့နားမှာ ရေခဲခြောက်နေ့တစ်ဝက်လောက်ထားပြီး အဲ့ဒီနေရာတွေမှာ ကိုယ်လိမ်းပေါင်ဒါမှုန့်တွေဖြူးထားပေးလိုက်မယ်ဆိုရင် ကြမ်းပိုးတွေ ရှင်းသွားပါလိမ့်မယ်။ကြမ်းပိုးဟာ အင်းဆက်အမျိုးအစားထဲမှာ ပါဝင်တဲ့ ပိုးကောင်မွှားကောင် တစ်မျိုးဖြစ်ကာ နှိပ်နင်းရခက်ပြီး လူကိုဒုက္ခအပေးဆုံး ပိုးကောင်တစ်မျိုးဖြစ်ပါတယ်။ ကြမ်းပိုးတွေရဲ့ ပင်မအစာကတော့ လူရဲ့ သွေးပဲဖြစ်ပါတယ်။ကြမ်းပိုးတစ်ကောင်ဟာ တစ်ရက်မှာ ဥ (၅)ဥ ပေါက်နိုင်တာကြောင့် သင့်ရဲ့ အိပ်ယာထဲမှာ ကြမ်းပိုးတစ်ကောင် တွေ့ပြီဆိုတာနဲ့ ဒီထက်မကတဲ့ ကြမ်းပိုးတွေ ရှိနေပြီဆိုတာသိထားလိုက်ပါ။
၁။ ဒူးရင်းသြဇာရွက်
ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်လို့ လူသိများတဲ့ ဒူရင်းသြဇာသီးရဲ့ အရွက်ဟာ သူမတူအောင် ကြမ်းပိုးများ ပြေးအောင် နှိမ်နင်းနိုင်ပါတယ်။ဒူရင်းသြဇာရွက်(အစို) လေးများကို မိမိအိပ်တဲ့ အိပ်ယာအောက်ကို ဖြန့်ခင်းထားလိုက်ရင် ကြမ်းပိုးတွေ တဖြည်းဖြည်း ပြေးကုန်ပါလိမ့်မယ်။
၂။ ဆူးပန်းရွက်
Pandan လို့ ခါ်တဲ့ ဆူးပန်းရွက်ဟာလည်း ကြမ်းပိုးတွေ ပြေးစေတာမို့ အိပ်ယာအောက်မှာ ဖြန့်ခင်းပြီးအိပ်စက်နိုင်ပါတယ်။
၃။ ဒူးရင်းခွံ
ဒူးရင်းသီးရဲ့ အခွံဟာလည်း ကြမ်းပိုးတွေကို တစ်ဖြည်းဖြည်းလျော့ပါးအောင် လုပ်ပေးနိုင်ပေမယ့် ဒူးရင်းသီးနံ့မခံနိုင်သူများနဲ့ ဆူးပါတဲ့ အခွံကို အိပ်ယာအောက် ထားအိပ်ဖို့က အခက်အခဲရှိနိုင်ပါတယ်။
ကြမ်းပိုးများအပြီးတိုင် ရှင်းလင်းနိုင်ရန်
၁။ ကြမ်းပိုးတွယ်ထားသော အိပ်ယာအခင်း၊ အစွပ်၊ စောင်၊ ခြင်ထောင် စသည်တို့ကို ရေနွေးဖြင့် ပြုတ်ပြီး ဆပ်ပြာမှုန့်နှင့် စိပ်လျှော်ပါ။
၂။ ကုတင်တိုင်၊ ကြမ်းခင်းတို့ကို ကြမ်းတိုက်ဆေးရည် ဆပ်ပြာတို့ဖြင့် ဆေးကြောပါ။
၃။ အိပ်ယာပစ္စည်းများကို တစ်ပတ်တစ်ခါ နေပူထုတ်လှန်းပါ။
ကြမ်းပိုးအန္တရာယ် တွန်းလှန်နိုင်ကြပါစေ…။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက်များ
GAS မီးဖို သုံးစွဲတဲ့ အိမ်တိုင်း သတိထား ဂရုပြုသင့်သော အချက်များ
ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေမယ့် အိပ်ခန်းတွင်း စိုက်သင့်သည့် အပင်များ
Zawgyi
၁။ ဒူးရင်းသြဇာရွက်
၂။ ဆူးပန်းရွက်
Pandan လို့ ခ်ါတဲ့ ဆူးပန်းရွက်ဟာလည်း ကြမ်းပိုးတွေ ပြေးစေတာမို့ အိပ်ယာအောက်မှာ ဖြန့်ခင်းပြီးအိပ်စက်နိုင်ပါတယ်။
၃။ ဒူးရင်းခွံ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : ShweProperty Project Sales
သင်္ဃန်းကျွန်း ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 230
Mobile : 09 958 777 888
Office no : 09958777888
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : ShweProperty Project Sales
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : ShweProperty Project Sales
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : ShweProperty Project Sales
သင်္ဃန်းကျွန်း ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 1400
Mobile : 09 958 777 888
Office no : 09958777888
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : Shwe Taung Tann Real…
သံသုမာလမ်း
Property ID: S-1247957
တောင်ဥက္ကလာ ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 1,150 သိန်း
Mobile : 09777392966 / 09977386435
Office no : 09423556615 / 09442127874
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : Shwe Htake Tann
မြန်မာပလာဇာ အနီး
Property ID: S-1248168
ရန်ကင်း ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 3,500 သိန်း
Mobile : 09420010411 / 09799894395
Office no : 09424803786 / 09420010411
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : Kyaw Zin
သံလျင် ဘုရားကုန်း
Property ID: S-1246329
သံလျင် ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 250 သိန်း
Mobile : -
Office no : 09955168152
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : Shwe Taung Tann Real…
တောင်ဥက္ကလာပ
Property ID: S-1247783
တောင်ဥက္ကလာ ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 4,300 သိန်း
Mobile : 09777392966 / 09977386435
Office no : 09423556615 / 09442127874
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : Shwe Taung Tann Real…
မိုးစန္ဒာလမ်း
Property ID: S-1247452
ကမာရွတ် ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 15 သိန်း
Mobile : 09777392966 / 09977386435
Office no : 09423556615 / 09442127874
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : Shwe Taung Tann Real…
သံလွင်လမ်းသွယ်
Property ID: S-1248061
ဗဟန်း ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 25 သိန်း
Mobile : 09777392966 / 09977386435
Office no : 09423556615 / 09442127874
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : Native Land
0
Property ID: S-1212739
ရန်ကင်း ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 1,500 USD
Mobile : 09250052502, 09969757508
Office no : 09 777227254, 09959605479
ဖုန်းခေါ်ဆိုသောအခါ အဆင်ပြေစေရန် အတွက်ShweProperty.com တွင် တွေ့သောကြော်ငြာဟု ပြောပေးပါရန်
Advertiser : Native Land
Alone Road.
Property ID: S-1224239
အလုံ ၊ ရန်ကုန်တိုင်းဒေသကြီး
Asking Price : 22 သိန်း
Mobile : 09250052502, 09969757508
Office no : 09 777227254, 09959605479
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့ ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။