Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Renovate & Furnish

သင်နေ့စဉ်နေ့တိုင်းသန့်ရှင်းရေးလုပ်သင့်တဲ့ပစ္စည်းများ

Updated 24th Mar 2020

Written by

Sint Sint, Shweproperty

ကျွန်တော်တို့အားလုံးဟာ သန့်ရှင်းသပ်ရပ်နေတဲ့အိမ်ကိုနှစ်သက်ကြပါတယ်။ ဒါပေမဲ့လဲ အိမ်ကြီးတစ်ခုလုံးကိုနေ့စဉ်သန့်ရှင်းရေးလုပ်ဖို့ကတော့ အချိန်လုံလောက်စွာမရှိတတ်ကြပါဘူး။ ဒါမဲ့လဲ သင့်အိမ်မှာ သင်သတိထားပီးနေ့တိုင်းလိုသန့်ရှင်းရေးလုပ်သင့်တဲ့ပစ္စည်းလေးတွေရှိနေပါတယ်။

မီးဖိုချောင်သုံးပုဝါများ

မကြာသေးခင်ကမှ လေ့လာမှုတွေအရ မီးဖိုချောင်သုံးပုဝါတွေဟာ မီးဖိုချောင်ထဲမှာအညစ်ညမ်းဆုံးအရာတွေလို့သိရပါတယ်။ သင့်ရေချိုးခန်းထဲမှာရှိတဲ့ ပုဝါငယ်လေးတွေလဲအလားတူပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အဆိုပါပုဝါတွေကို တစ်နေ့တစ်ကြိမ်ထက်ပိုအသုံးပြုတဲ့အခါ သူတို့တွေဟာပိုပီးမြန်ဆန်စွာညစ်ပတ်ပါတယ်။ ဒါကြောင့်လဲ အဲ့ပုဝါတွေကိုရက်အနည်းငယ်ခြားတစ်ခါသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

သော့များ

သော့တွေဟာ ဓာတ်လှေကားခလုတ်တွေထက် ဘက်တီးရီးယားတွေကိုပိုထုတ်ပေးပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ သော့တွေကိုဘယ်တော့မှလဲသန့်ရှင်းရေးမလုပ်သလို အမြဲလိုလိုညစ်ပတ်တဲ့လက်တွေနဲ့ကိုင်တွယ်ကြပါတယ်။ တစ်ခါတစ်လေ ညစ်ပတ်တဲ့အိတ်ကပ်တွေထဲထည့်ထားမိသလို အောက်ကိုလဲပြုတ်ကျတတ်ပါသေးတယ်။ အဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ များစွာသောဘက်တီးရီးယားတွေကို သော့နဲ့အတူအိမ်ထဲခေါ်သွင်းလာသလိုပါပဲ။ ဒါကြောင့်လဲ သူတို့ကိုသန့်ရှင်းရေးလုပ်ပေးဖို့ကအရမ်းအရေးကြီးရတာဖြစ်ပါတယ်။

ရေချိုးခန်းကျောက်ပြားများ

ရေချိုးခန်းကျောက်ပြားတွေညစ်ပေနေတာကို သန့်ရှင်းဖို့ဆိုရင် သင်ရေတစ်ခါချိုးပီးတိုင်း ကျောက်ပြားတွေကိုသုတ်ပီးသန့်ရှင်းရေးလုပ်ပေးပါ။ သင့်ရေချိုးခန်းကို ခြောက်သွေ့နေအောင်လုပ်တာဟာ ဘက်တီးရီးယားတွေကိုလဲကာကွယ်နိုင်ပီး မှိုတွေပေါက်ဖွားတာကိုလဲ တားဆီးပေးနိုင်ပါတယ်။

မီးဖိုချောင်သုံးဖော့တုံး

မီးဖိုချောင်ထဲမှာတော့ အဆိုပါဖော့တုံးကအညစ်ပတ်ဆုံးဖြစ်မယ်ထင်ပါတယ်။ အဆိုပါဖော့တုံးကို ပန်းကန်တွေ၊ အိုးတွေ၊ စင်းနှီးတုံးတွေကို တိုက်ချွတ်ဆေးကြောတဲ့အခါအသုံးပြုပါတယ်။ ဖော့တုံးတစ်ခုကိုပိုးသတ်တဲ့အကောင်းဆုံးနည်းလမ်းက အပူပေးတာပဲဖြစ်ပါတယ်။ ဖော့တုံးကိုသေချာဆေးကြောပီးတော့ Microwave ထဲကိုမီးအားလျှော့ပီး ၁-၂ မိနစ်အတွင်းထားပေးပါ။ အဲလိုလုပ်နေစဉ်မှာသေချာစောင့်ကြည့်နေဖို့တော့လိုအပ်ပါတယ်။ မီးခိုးတစ်ခုခုကိုတွေ့ပီဆိုတာနဲ့ Microwave ကိုချက်ချင်းပိတ်လိုက်ပါ။ သတ္တုအဖတ်တွေပါတဲ့ ဖော့တုံးကိုတော့ ဒီနည်းလမ်းသုံးပီးသန့်ရှင်းရေးလုပ်လို့မရပါဘူး။

ဘေစင်များ

သင်ကတော့ထင်မှာပေါ့။ သင်လက်ဆေးပီးရင် သင့်လက်သန့်သွားသလို ဘေစင်လဲသန့်သွားမယ်လို့။ ဒါမဲ့ သင်ထင်တာမှားပါတယ်။ အမှန်ကတော့ ဘေစင်ရဲ့နံရံမှာသင်မမြင်နိုင်တဲ့ဘက်တီးရီးယားတွေအများကြီးစုပုံလျက်ရှိပါတယ်။

ရေစိမ်ထားတဲ့ညစ်ပတ်နေတဲ့အိုးခွက်ယောက်ပန်းကန်များ

နောက်နေ့မနက်ထိ စားပီးသားပန်းကန်တွေကိုဘေစင်မှာ ရေစိမ်ပီးထားတတ်တဲ့အကျင့်ဟာအကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးကတော့ စားပီးတိုင်းတစ်ခါတည်းပန်းကန်ခွက်ယောက်တွေကိုပါဆေးတာဖြစ်ပါတယ်။

ကော်ဖီဖျော်စက်

သင့်ကော်ဖီဖျော်စက်ဟာ ဘက်တီးရီးယားတွေနဲ့မှိုတွေအတွက်တော့ ပူနွေးတဲ့အိပ်ယာလေးလိုပါပဲ။ ဒါကြောင့် သင်နေ့တိုင်းကော်ဖီဖျော်စက်ကိုသန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။

စဉ်းနှီးတုံး

သင်ချက်ပြုတ်ပီးစီးတဲ့အခါတိုင်းမှာ သင်အသုံးပြုပီးသား စဉ်းနှီတုံးတွေကို ရေနဲ့ဗာနီကာအချိုးညီစွာရောစပ်ထားတဲ့အရည်ထဲမှာ မိနစ်အနည်းငယ်လောက်စိမ်ထားပေးပါ။ ဒီနည်းလမ်းဟာသူတို့မျက်နှာပြင်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုတွေကို သေစေပါတယ်။ အဲ့အပြင် တကယ်လဲအချိန်တိုင်းသန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်ပါတယ်။ အဲ့လိုလုပ်ဖို့ဆိုရင် မုန့်ဖုတ်ဆိုဒါတစ်ဇွန်းကို ရေနွေးတစ်လီတာနဲ့ရောပီး စဉ်းနှီးတုံးမျက်နှာပြင်ပေါ်ကိုလောင်းပေးပါ။ ၅-၁၀ လောက်ထားပါ။ ပီးရင် ရေနဲ့ဆေးချပါ။

မိတ်ကပ် Brush တွေနဲ့ဖော့တွေ

သင်မိတ်ကပ် Brush တစ်ခုတည်းကိုပဲအကြာကြီးသုံးနေမယ်ဆိုရင် ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေစုလာပီး သင့်မျက်နှာကိုပါထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့်လဲ တစ်ခါသုံးပီးတိုင်း ဆပ်ပြာရေနွေးလေးထဲမှာစိမ်ပီးသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

Ref : xyznews

Photo Credit : hgtv

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ