Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Finance & Legal

လစာကောင်းကောင်းဝင်နေသောလည်း သင့်အားမွဲနေစေသော အကျင့် (၈) ခု

Updated 17th Dec 2020

Written by

Sint Sint, Shweproperty

Unicode

လစာကောင်းကောင်း ရနေသော်လည်း ဘာကြောင့် ငွေကြေးမစုဆောင်းမိရတာလဲ။ ကိုယ်သတိမထားမိတဲ့ တချို့အချက်တွေကြောင့်  ငွေကြေးမစုဆောင်း မိတာပါ။ အဲ့တာကြောင့် လစာကောင်းနေပေမဲ့ သင့်အားမွဲနေစေသော အချက် (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်............



(၁)လစာတိုးလာတာနဲ့အမျှ အသုံးအစွဲတိုးလာခြင်း



သင့်ရဲ့လူနေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ခြင်း မှာလက်ခံဖွယ်ရာဖြစ်ပါသည်။ ဝင်ငွေတိုးလာတာနဲ့အမျှ သင့်နှင့် သင့်မိသားစု အတွက် ကျန်းမာရေး၊ပညာရေးစသည်တို့အတွက် အသုံးစရိတ်တိုးခြင်းဟာ အဆင်ပြေပါတယ်။ သို့ပေမယ့် သင်သည် အမြဲတစေ ပိုက်ဆံသုံးဖို့ အရေးကိုပဲ လိုက်ပြီး စဉ်းစားနေတဲ့သူဆိုလျှင်တော့ လစာ ဘယ်လောက်များများ စုနိုင်လိမ့်မည် မဟုတ်ပါ။ ဒါကြောင့် လစာ ဝင်ငွေတိုး လာသော်လည်း သင့်ရဲ့အသုံးအစွဲကို အဆင့်တစ်ခုတွင် သတ်မှတ်ထားပါ။ ထိုအဆင့်ထက် ကျော်လွန်သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။



(၂) အနာဂါတ်ကို မေ့ထားပြီး လက်ရှိအခြေအနေကို သာ အာရုံစိုက်ခြင်း



လူတော်တော်များများရဲ့အကျင့်က ပြဿနာ တစ်ခုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲရှိပါက ထိုပြဿနာကို မေ့ထားလိုက်ခြင်း ဖြစ်ပါတယ်။ အလားတူပဲ အနာဂါတ်မှာ ရှင်သန်နိုင်မှု အတွက် ဆိုတဲ့အကြောင်းကို ရင်ဆိုင်ဖြေရှင်းဖို့အခက်အခဲ ရှိပါက အနာဂါတ်ဆိုတာကြီးကို မေ့ထားလိုက်တာပါပဲ။
ထိုအခါမျိုးတွင် အနာဂါတ်မှာဘာပဲ ဖြစ်ဖြစ် လက်ရှိဘဝမှာ ပျော်အောင်နေမယ်ဆိုတဲ့အတွေးပေါ်လာပြီး အနာဂါတ်အတွက် စုဆောင်းမှု ဖို့မေ့လျော့သွားတတ်ပါသည်။



(၃) စုဆောင်းဖို့အတွက် စောပါသေးတယ်လို့ထင်မြင်ခြင်း



လူငယ်များတွင် ပိုပြီး တွေ့ရတတ်ပါတယ်။ အသက်ငယ်တုန်း ရှာသမျှ ပိုက်ဆံ သုံးလိုက်ဦးမည်။ အနာဂါတ်အတွက် အသက်နည်းနည်းရမှ ရှာဖွေမည် ဆိုတဲ့အတွေးပါ။ ဒါပေမယ့် အသက်ဘယ်လောက်ရောက် မှ အနာဂါတ်အတွက် စဉ်းစားမည် ဆိုတာကိုတော့ သတ်မှတ်မထားတတ်ပါ။ ဒါကြောင့် နောက်မကျခင် ဒီနေ့ပဲ ပိုက်ဆံ စုဆောင်းဖို့၊ ရင်းနှီးမြုပ်နှံဖို့စဉ်းစားလိုက်ပါ။ ကမ္ဘာကျော်သူဌေးကြီး များရဲ့ပြောဆိုချက်ကတော့ “ သင်မသုံးခင် အယင်စုပါ… စုပြီးမှ သုံးပါ” တဲ့။



(၄) ငွေသုံးစွဲမှုကို စာရင်းမလုပ်ထားခြင်း



ကျွန်တော်တို့တော်တော်များများ ယူဆထားတာရှိပါတယ်။ ငွေဘယ်က ဝင်တယ်၊ ဘယ်မှာသုံးလို့ကုန်သွားတယ်ဆိုတာကို စာရင်းလုပ်စရာမလိုပဲ သိပါတယ် ဆိုပြီး ယူဆတတ်ကြပါတယ်။ ဒါပေမယ့် ဒီယူဆချက်က အမြဲမမှန်ပါဘူး။ ကြီးကြီးမားမားသုံးစွဲမှုတွေကို မှတ်မိနိုင်ပေမယ့် သေးငယ်တဲ့ အသုံးစရိတ်တွေကိုတော့ မှတ်မိချင်မှ မှတ်မိပါမယ်။ ထိုသေးငယ်တဲ့အသုံးစရိတ်လေးတွေက တစ်ချိန်ချိန်မှာ ကြီးမားတဲ့ နေရာမှာ ဝင်ယူလာနိုင်ပါတယ်။


ဒါကြောင့် ဒီနေ့ပဲ သင့်ရဲ့အသုံးစရိတ်ကို မှတ်သားထားလိုက်ပါ။ Apple IOS မှာပဲ ဖြစ်ဖြစ် Andriod မှာပဲဖြစ်ဖြစ် သင့်ရဲ့အသုံးစရိတ်ကို စီမံပေးနိုင်တဲ့ application ကောင်းတွေ အများကြီးရှိပါတယ်။ အခမဲ့လည်း ရနိုင်ပါတယ်။



(၅) ဘတ်ဂျတ်သတ်မှတ်ထားမှု မရှိခြင်း



အပေါ်က ငွေအသုံးစာရင်းနဲ့လည်း စပ်ဆက်မှုရှိပါတယ်။ သင့်အနေနဲ့လတစ်လ စတာနဲ့ဒီလမှာ ဝင်ငွေဘယ်လောက်ရှိမယ်။ ဒီလမှာ ဘယ်လောက်သုံးမယ်။ ဘယ်အတွက်သုံးမယ်ဆိုတဲ့ ဘတ်ဂျတ်လေးကို ဆွဲတဲ့အကျင့်ကို လုပ်သင့်ပါတယ်။ သင့်ကို အကူအညီပေးနိုင်မယ့် free application တွေ အများကြီးပါ။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် ဒီတစ်လအတွက် ဘာတွေကို ဦးစားပေးသုံးရမယ်။ဘာတွေကိုတော့ မသုံးရဘူး ဆိုတာကို မြင်လာပါလိမ့်မယ်။ ဘယ်အပိုင်းမှာတော့ သုံးစွဲမှုများနေတယ်။ ဘယ်အပိုင်းမှာတော့ သုံးစွဲမှု မရှိဘူးဆိုတာကို လည်း နားလည်လာပါလိမ့်မယ်။နောက်လအတွက်လည်း ကြိုတင်စဉ်းစားနိုင်ပါတယ်။



(၆) သင့်အတွက် ဘာလိုအပ်တယ်၊ ဘာကို လိုချင်လဲ၊ အသုံးစရိတ်ဘယ်လောက်ရှိလဲဆိုတာကို နားမလည်းခြင်း



ငွေကို ထိထိရောက်ရောက်စုဆောင်းနိုင်ဖို့အတွက် အရမ်းအရေးကြီးတဲ့အချက်တစ်ချက်ကတော့ သင့်အတွက် ဘယ်အရာ သည် မရှိမဖြစ်လိုအပ်တယ်၊ ဘယ်အရာ သည် ရှိလျှင်တော့ ကောင်းတယ်၊ ဘာအရာက တော့ ရှိလည်း မထူးဘူး ဆိုတာကို နားလည်ဖို့ပါပဲ။
နောက်တစ်ချက်ကတော့ လိုအပ်တာနဲ့လိုချင်တာကို ခွဲခြား သိမြင်ဖို့ပါပဲ။ လူတိုင်းကတော့ ပစ္စည်းကောင်းဆိုလျှင် လိုချင်တာပေ့ါ။ ကျွန်တော်လည်း ipad ဆိုလျှင်လိုချင်တာပေ့ါ။ ဒါပေမယ့် ကိုယ့်အတွက်လိုအပ်တာလား၊ လိုချင်တာလား ဆိုတာကို ခွဲခြားသိမြင်တတ်ပါစေ။

 



(၇) သင့်ရဲ့အကြွေးတွေကို မေ့ထားခြင်း



အကြွေးရှိလျှင် ဆပ်လိုက်ပါ။ လူတော်တော်များများက အကြွေးဆိုတာကြီး ကို မေ့ထားတတ်ကြတယ်။ (မြန်မာပြည်မှာလည်း credit card တွေ၊ ဘဏ်က ငွေချေးတာတွေ စတင်ခေတ်စားစပြုလာပါပြီ)။ အကြွေးကို မေ့ထားခြင်း ဟာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် အတိုးတွေ တတ်လာတာကတော့ ပျော်စရာမှမဟုတ်ပါ။


ဒါကြောင့် အကြွေးရှိပြီးဆိုလျှင် အဲ့ဒီအကြွေးကို ဆပ်ဖို့ဆိုတာကို ထိပ်ဆုံးမှာ ထားပြီး ဦးစားပေးပါ။



(၈) သင့်ရဲ့ electronic gadgets တွေကို အမြဲတစေ အဆင့်မြှင့်တင်နေခြင်း



အယင်အပတ်က Samsung note 5 လားမသိဘူးထွက်သွားတယ်။ နောက်အပတ်မှာ iphone 6S ဆိုတာထွက်ဦးမယ်။ ဒီကြားထဲမှာ ထွက်နေတဲ့ handset တွေကလည်း အများကြီးပဲ။


အသစ်အသစ် ထွက်တိုင်းသာ လိုက်ဝယ်နေရမယ်ဆိုလျှင် ဆုံးတော့မည်မဟုတ်ပါ။ တကယ်လိုအပ်လို့ဝယ်လိုက်တာက ပြဿနာ မဟုတ်ပါ။ ဒါပေမယ့် အသစ်ထွက်လာလို့လိုက်ဝယ်တယ်ဆိုတာကတော့ ပြဿနာ ဖြစ်လာပါပြီ။


အပေါ်က အချက် (၈) ချက်ဟာ သင့်အတွက် အကျိုး တစ်ခုခု ရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကပ်စေးနဲခိုင်းတာ မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ အကျိုးရှိရှိ သုံးနိုင်ဖို့အတွက် မလိုအပ်တဲ့နေရာတွေမှာ လျော့ ချနိုင်ဖို့လိုအပ်တယ်ဆိုတာကို ဆိုလိုထားတာပါ။

 

Zawgyi

 

လစာေကာင္းေကာင္း ရေနေသာ္လည္း ဘာေၾကာင့္ ေငြေၾကးမစုေဆာင္းမိရတာလဲ။ ကိုယ္သတိမထားမိတဲ့ တခ်ိဳ႕အခ်က္ေတြေၾကာင့္   ေငြေၾကးမစုေဆာင္း မိတာပါ။ အဲ့တာေၾကာင့္ လစာေကာင္းေနေပမဲ့ သင့္အားမြဲေနေစေသာ အခ်က္ (၈) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္............

 

 

 

(၁)လစာတိုးလာတာနဲ႔အမွ် အသုံးအစြဲတိုးလာျခင္း

 

 

 

သင့္ရဲ႕လူေနထိုင္မႈအဆင့္အတန္းကို ျမႇင့္တင္ျခင္း မွာလက္ခံဖြယ္ရာျဖစ္ပါသည္။ ဝင္ေငြတိုးလာတာနဲ႔အမွ် သင့္ႏွင့္ သင့္မိသားစု အတြက္ က်န္းမာေရး၊ပညာေရးစသည္တို႔အတြက္ အသုံးစရိတ္တိုးျခင္းဟာ အဆင္ေျပပါတယ္။ သို႔ေပမယ့္ သင္သည္ အၿမဲတေစ ပိုက္ဆံသုံးဖို႔ အေရးကိုပဲ လိုက္ၿပီး စဥ္းစားေနတဲ့သူဆိုလွ်င္ေတာ့ လစာ ဘယ္ေလာက္မ်ားမ်ား စုႏိုင္လိမ့္မည္ မဟုတ္ပါ။ ဒါေၾကာင့္ လစာ ဝင္ေငြတိုး လာေသာ္လည္း သင့္ရဲ႕အသုံးအစြဲကို အဆင့္တစ္ခုတြင္ သတ္မွတ္ထားပါ။ ထိုအဆင့္ထက္ ေက်ာ္လြန္သုံးစြဲျခင္းမွ ေရွာင္ၾကဥ္သင့္ပါသည္။

 

 

(၂) အနာဂါတ္ကို ေမ့ထားၿပီး လက္ရွိအေျခအေနကို သာ အာ႐ုံစိုက္ျခင္း

 

 

 

လူေတာ္ေတာ္မ်ားမ်ားရဲ႕အက်င့္က ျပႆနာ တစ္ခုကို ရင္ဆိုင္ေျဖရွင္းရန္ အခက္အခဲရွိပါက ထိုျပႆနာကို ေမ့ထားလိုက္ျခင္း ျဖစ္ပါတယ္။ အလားတူပဲ အနာဂါတ္မွာ ရွင္သန္ႏိုင္မႈ အတြက္ ဆိုတဲ့အေၾကာင္းကို ရင္ဆိုင္ေျဖရွင္းဖို႔အခက္အခဲ ရွိပါက အနာဂါတ္ဆိုတာႀကီးကို ေမ့ထားလိုက္တာပါပဲ။

ထိုအခါမ်ိဳးတြင္ အနာဂါတ္မွာဘာပဲ ျဖစ္ျဖစ္ လက္ရွိဘဝမွာ ေပ်ာ္ေအာင္ေနမယ္ဆိုတဲ့အေတြးေပၚလာၿပီး အနာဂါတ္အတြက္ စုေဆာင္းမႈ ဖို႔ေမ့ေလ်ာ့သြားတတ္ပါသည္။

 

 

 

(၃) စုေဆာင္းဖို႔အတြက္ ေစာပါေသးတယ္လို႔ထင္ျမင္ျခင္း

 

 

 

လူငယ္မ်ားတြင္ ပိုၿပီး ေတြ႕ရတတ္ပါတယ္။ အသက္ငယ္တုန္း ရွာသမွ် ပိုက္ဆံ သုံးလိုက္ဦးမည္။ အနာဂါတ္အတြက္ အသက္နည္းနည္းရမွ ရွာေဖြမည္ ဆိုတဲ့အေတြးပါ။ ဒါေပမယ့္ အသက္ဘယ္ေလာက္ေရာက္ မွ အနာဂါတ္အတြက္ စဥ္းစားမည္ ဆိုတာကိုေတာ့ သတ္မွတ္မထားတတ္ပါ။ ဒါေၾကာင့္ ေနာက္မက်ခင္ ဒီေန႔ပဲ ပိုက္ဆံ စုေဆာင္းဖို႔၊ ရင္းႏွီးျမဳပ္ႏွံဖို႔စဥ္းစားလိုက္ပါ။ ကမာၻေက်ာ္သူေဌးႀကီး မ်ားရဲ႕ေျပာဆိုခ်က္ကေတာ့ “ သင္မသုံးခင္ အယင္စုပါ… စုၿပီးမွ သုံးပါ” တဲ့။

 

 

(၄) ေငြသုံးစြဲမႈကို စာရင္းမလုပ္ထားျခင္း

 

 

 

ကြၽန္ေတာ္တို႔ေတာ္ေတာ္မ်ားမ်ား ယူဆထားတာရွိပါတယ္။ ေငြဘယ္က ဝင္တယ္၊ ဘယ္မွာသုံးလို႔ကုန္သြားတယ္ဆိုတာကို စာရင္းလုပ္စရာမလိုပဲ သိပါတယ္ ဆိုၿပီး ယူဆတတ္ၾကပါတယ္။ ဒါေပမယ့္ ဒီယူဆခ်က္က အၿမဲမမွန္ပါဘူး။ ႀကီးႀကီးမားမားသုံးစြဲမႈေတြကို မွတ္မိႏိုင္ေပမယ့္ ေသးငယ္တဲ့ အသုံးစရိတ္ေတြကိုေတာ့ မွတ္မိခ်င္မွ မွတ္မိပါမယ္။ ထိုေသးငယ္တဲ့အသုံးစရိတ္ေလးေတြက တစ္ခ်ိန္ခ်ိန္မွာ ႀကီးမားတဲ့ ေနရာမွာ ဝင္ယူလာႏိုင္ပါတယ္။

 

 

ဒါေၾကာင့္ ဒီေန႔ပဲ သင့္ရဲ႕အသုံးစရိတ္ကို မွတ္သားထားလိုက္ပါ။ Apple IOS မွာပဲ ျဖစ္ျဖစ္ Andriod မွာပဲျဖစ္ျဖစ္ သင့္ရဲ႕အသုံးစရိတ္ကို စီမံေပးႏိုင္တဲ့ application ေကာင္းေတြ အမ်ားႀကီးရွိပါတယ္။ အခမဲ့လည္း ရႏိုင္ပါတယ္။

 

 

(၅) ဘတ္ဂ်တ္သတ္မွတ္ထားမႈ မရွိျခင္း

 

 

 

အေပၚက ေငြအသုံးစာရင္းနဲ႔လည္း စပ္ဆက္မႈရွိပါတယ္။ သင့္အေနနဲ႔လတစ္လ စတာနဲ႔ဒီလမွာ ဝင္ေငြဘယ္ေလာက္ရွိမယ္။ ဒီလမွာ ဘယ္ေလာက္သုံးမယ္။ ဘယ္အတြက္သုံးမယ္ဆိုတဲ့ ဘတ္ဂ်တ္ေလးကို ဆြဲတဲ့အက်င့္ကို လုပ္သင့္ပါတယ္။ သင့္ကို အကူအညီေပးႏိုင္မယ့္ free application ေတြ အမ်ားႀကီးပါ။ အဲ့ဒီလို လုပ္ျခင္းအားျဖင့္ ဒီတစ္လအတြက္ ဘာေတြကို ဦးစားေပးသုံးရမယ္။ဘာေတြကိုေတာ့ မသုံးရဘူး ဆိုတာကို ျမင္လာပါလိမ့္မယ္။ ဘယ္အပိုင္းမွာေတာ့ သုံးစြဲမႈမ်ားေနတယ္။ ဘယ္အပိုင္းမွာေတာ့ သုံးစြဲမႈ မရွိဘူးဆိုတာကို လည္း နားလည္လာပါလိမ့္မယ္။ေနာက္လအတြက္လည္း ႀကိဳတင္စဥ္းစားႏိုင္ပါတယ္။

 

 

 

(၆) သင့္အတြက္ ဘာလိုအပ္တယ္၊ ဘာကို လိုခ်င္လဲ၊ အသုံးစရိတ္ဘယ္ေလာက္ရွိလဲဆိုတာကို နားမလည္းျခင္း

 

 

 

ေငြကို ထိထိေရာက္ေရာက္စုေဆာင္းႏိုင္ဖို႔အတြက္ အရမ္းအေရးႀကီးတဲ့အခ်က္တစ္ခ်က္ကေတာ့ သင့္အတြက္ ဘယ္အရာ သည္ မရွိမျဖစ္လိုအပ္တယ္၊ ဘယ္အရာ သည္ ရွိလွ်င္ေတာ့ ေကာင္းတယ္၊ ဘာအရာက ေတာ့ ရွိလည္း မထူးဘူး ဆိုတာကို နားလည္ဖို႔ပါပဲ။

ေနာက္တစ္ခ်က္ကေတာ့ လိုအပ္တာနဲ႔လိုခ်င္တာကို ခြဲျခား သိျမင္ဖို႔ပါပဲ။ လူတိုင္းကေတာ့ ပစၥည္းေကာင္းဆိုလွ်င္ လိုခ်င္တာေပ့ါ။ ကြၽန္ေတာ္လည္း ipad ဆိုလွ်င္လိုခ်င္တာေပ့ါ။ ဒါေပမယ့္ ကိုယ့္အတြက္လိုအပ္တာလား၊ လိုခ်င္တာလား ဆိုတာကို ခြဲျခားသိျမင္တတ္ပါေစ။

 

 

(၇) သင့္ရဲ႕အေႂကြးေတြကို ေမ့ထားျခင္း

 

 

 

အေႂကြးရွိလွ်င္ ဆပ္လိုက္ပါ။ လူေတာ္ေတာ္မ်ားမ်ားက အေႂကြးဆိုတာႀကီး ကို ေမ့ထားတတ္ၾကတယ္။ (ျမန္မာျပည္မွာလည္း credit card ေတြ၊ ဘဏ္က ေငြေခ်းတာေတြ စတင္ေခတ္စားစျပဳလာပါၿပီ)။ အေႂကြးကို ေမ့ထားျခင္း ဟာ ေပ်ာ္ဖို႔ေကာင္းပါတယ္။ ဒါေပမယ့္ အတိုးေတြ တတ္လာတာကေတာ့ ေပ်ာ္စရာမွမဟုတ္ပါ။

 

 

ဒါေၾကာင့္ အေႂကြးရွိၿပီးဆိုလွ်င္ အဲ့ဒီအေႂကြးကို ဆပ္ဖို႔ဆိုတာကို ထိပ္ဆုံးမွာ ထားၿပီး ဦးစားေပးပါ။

 

 

 

(၈) သင့္ရဲ႕ electronic gadgets ေတြကို အၿမဲတေစ အဆင့္ျမႇင့္တင္ေနျခင္း

 

 

 

အယင္အပတ္က Samsung note 5 လားမသိဘူးထြက္သြားတယ္။ ေနာက္အပတ္မွာ iphone 6S ဆိုတာထြက္ဦးမယ္။ ဒီၾကားထဲမွာ ထြက္ေနတဲ့ handset ေတြကလည္း အမ်ားႀကီးပဲ။

 

 

အသစ္အသစ္ ထြက္တိုင္းသာ လိုက္ဝယ္ေနရမယ္ဆိုလွ်င္ ဆုံးေတာ့မည္မဟုတ္ပါ။ တကယ္လိုအပ္လို႔ဝယ္လိုက္တာက ျပႆနာ မဟုတ္ပါ။ ဒါေပမယ့္ အသစ္ထြက္လာလို႔လိုက္ဝယ္တယ္ဆိုတာကေတာ့ ျပႆနာ ျဖစ္လာပါၿပီ။

 

 

အေပၚက အခ်က္ (၈) ခ်က္ဟာ သင့္အတြက္ အက်ိဳး တစ္ခုခု ရွိလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ ကပ္ေစးနဲခိုင္းတာ မဟုတ္ပါဘူး။ လိုအပ္တဲ့ေနရာမွာ အက်ိဳးရွိရွိ သုံးႏိုင္ဖို႔အတြက္ မလိုအပ္တဲ့ေနရာေတြမွာ ေလ်ာ့ ခ်ႏိုင္ဖို႔လိုအပ္တယ္ဆိုတာကို ဆိုလိုထားတာပါ။

 

နောက်ဆုံးရ ဆောင်းပါးများ 

 

နည်း (၇) သွယ် သိရုံနဲ့ ပိုက်ဆံစုနိုင်ပြီ

ဘဝကို ဟန်ချက်ညီညီနေထိုင်ဖို့ ပိုက်ဆံစုနည်း (၆) နည်း 

ငွေသုံးကြမ်း တဲ့သူတောင် ပိုက်ဆံစုမိစေမယ့် နည်းလမ်း ၃ သွယ်

ငွေကို ပညာသားပါပါ သုံးစွဲနည်း (၅) မျိုး

 
 

Ref : ကိုဟိန်း (Prospect Myanmar)

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ