Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Finance & Legal

ချမ်းသာစေသော ငွေသုံးနည်း (၃) ချက်

Updated 8th Aug 2016

Written by

Gentleman Magazine, Shweproperty

 

ဘာလို့ အလုပ်ပဲ အမြဲလုပ်နေရပြီး ကံတရားကမျက်နှာသာမပေးသေးတာလဲ။“ချမ်းသာဖို့ အလုပ်လုပ်နေတာကွ။ရှာသမျှပိုက်ဆံက ဘာလို့ခဏ နဲ့ကုန်သွားရတာလဲ“လို့ရော တွေးဖူးပါသလား။တွေးဖူးတဲ့သူတွေအတွက် ချမ်းသာဖို့ ငွေကို အကျိုးရှိစွာ အသုံးပြုနည်းလေးဝေမျှပါရစေ။ 70/30 စည်းမျဉ်းလို့ခေါ်ပါတယ်။



အလုပ်အတွက် လိုအပ်တဲ့အခွန်အခတွေ ကုန်ကျစရိတ်တွေအတွက် သုံးပြီးကျန်တဲ့ငွေ(အမြတ်ငွေ)ရဲ့ 70%နဲ့ ကိုယ့်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ဇိမ်ခံပစ္စည်းတွေကို သုံးစွဲပါ။ဒါဆိုကျန်တဲ့30%ကို ဘာလုပ်မလဲလို့ ပြန်မေးပါလိမ့်မယ်။အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ သုံးစွဲပါလို့ ဖြေပါရစေ။



၁။လှူဒါန်းပါ



မသုံးရမယ့် ငွေ30%ထဲက သုံးပုံတစ်ပုံကို လှူဒါန်းလိုက်ပါ။လှူဒါန်းတယ်ဆိုတာက အကူအညီလိုနေတဲ့သူတွေကို အကူအညီပေး လိုက်တာပါ။ ဝင်ငွေရဲ့10%လောက်ကတော့ လှူဒါန်းသင့်တယ်လို့ ထင်မိပါတယ်။ဝင်ငွေနည်းနေချိန်ကတည်းက လှူဒါန်းတဲ့အကျင့်ကို လုပ်ထားသင့် ပါတယ် ။ငွေများမှ 10%ကို လှူမယ်ဆိုရင် လက်တွန့်သွားမှာ အသေအချာဖြစ်နေတာမို့လို့ပါ။



၂။ရင်းနှီးမြှုပ်နှံပါ



နောက်ထပ်၃ပုံတစ်ပုံကိုတော့ ချမ်းသာဖို့ လုပ်ငန်းတစ်ခုအနေနဲ့ စတင်လိုက်ပါ။အချိန်ပိုင်းအနေနဲ့ပဲဖြစ်ဖြစ်ပေါ့။



အဲ့ဒီငွေနဲ့ လုပ်ငန်းစဖို့ လိုအပ်တာတွေဝယ်ပါ။တပ်ဆင်ပါ။ရောင်းချလိုက်ပါ။ဘယ်လိုလုပ်ငန်းတွေ လုပ်ရမလဲဆိုတဲ့ မေးခွန်းပြန်မေးလာရင်တော့ စိတ်ကူးတွေကို ဖြန့်ကျက်လိုက်ပါလို့ပဲ ဖြေချင်ပါတယ်။ကိုယ်အလုပ်မှာ ကျွမ်းကျင်ခဲ့တဲ့ပညာရပ်တစ်ခုခုဖြစ်ဖြစ် ဝါသနာပါတဲ့ အရာတစ်ခုခု ကနေဖြစ်ဖြစ်ကနေ ကိုယ့်အတွက် အမြတ်အစွန်းရနိုင်မယ့် လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။ဥပမာအနေနဲ့ လက်ကားဝယ်ထား တဲ့ပစ္စည်း တစ်ခုကို လက်လီပြန်ရောင်းသလိုပေါ့။တွေးကြည့်လိုက်ပါ။စမ်းပြီးလုပ်ကြည့်လိုက်ပါ။အခွင့်အရေးဆိုတဲ့ မီးတောက်လေးက နှိုးဖို့ သင့်မှာ ဘယ်လောက်တောင် ပါရမီရှိနေလဲဆိုတာ ဘယ်သူကမှ ပြောပြနိုင်တာမှမဟုတ်တာ။



၃။စုပါ



နောက်ဆုံး၃ပုံ၁ပုံကိုတော့ စုဆောင်းထားဖို့သုံးလိုက်ပါ။ချမ်းသာဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေထဲမှာ ဒါက စိတ်လှုပ်ရှားစရာ အကောင်းဆုံး အပိုင်း ဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ကိုယ်အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ မပူမပင်နေနိင်တဲ့အထိ စိတ်ချမ်းသာနေစေမှာမို့ လို့ပါ။ လူဆင်းရဲဆိုတာနဲ့ လူချမ်းသာဆိုတာ ကွာခြားချက်ရှိပါတယ်။လူဆင်းရဲက ရှာလို့ရတာကို သုံးပြီး ပိုတာကို စုတယ်။လူချမ်းသာကတော့ ရှာလို့ရ တာကို စုပြီး ပိုတာကို သုံးတယ်။



အဲ့ဒီတော့ လှူဒါန်းတာရယ် ရင်းနှီးမြှုပ်နှံတာရယ် စုဆောင်းတာရယ်ဆိုတဲ့အချက်တွေကို မမေ့ပါနဲ့။အမြဲကျင့်သုံးလိုက်ပါ။တစ်နေ့ချင်း တစ်လချင်းမှာ အများကြီးမသိသာပေမယ့် နှစ်အနည်းငယ်အတွင်း လူချမ်းသာတစ်ယောက်အဖြစ်နေနိုင်ဖို့ ဒီအချက်တွေက ကူညီပေးသွားမှာပါ။

 

Posted By : Wai Phyoe

Ref : Gentleman Magazine

Photo Credit : Social

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ