Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Finance & Legal

ငမွဲအဖြစ်အား ရပ်တန့်ခြင်း (၁)

Updated 21st Mar 2016

Written by

TechSpace Journal Team, Shweproperty

 

သင်ရဲ့ လစာနဲ့ ပိုက်ဆံတွေ သင့်လက်ချောင်းတွေ ကြားထဲက ထိန်းလို့မရအောင် ကြပ်ပျောက် ငှက်ပျောက် ပျောက်နေပါလား. ? သင့်အနေနဲ့ နေ့ရော ညရော ကြိုးစားပမ်းစားနဲ့ လူနဲ့ မတူအောင် အလုပ်တွေ လုပ်နေရ သလိုမျိုး ခံစားနေရတာတောင် သင်လက်ထဲမှာ ပြစရာ ချူးတစ်ပြားမှ မရှိပါဘူးလား?



ဒီလိုဆိုရင် သင့်မှာ ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်တဲ့ အလေ့အကျင့် မရှိတာ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအစား တစ်လွဲ အသုံးပြုနေလို့ ဖြစ်ပါလိမ့်မယ်။ လစာငွေကြေးကို မိမိစီမံမှုအောက်မှာ အကန့်အသတ်နဲ့ထိန်းထားနိုင်တာဟာ ငွေကို ထိန်းသိမ်း ကိုင်တွယ်နိုင်တာထက် သင့်ကိုယ်သင် လေးစား တန်ဖိုးထားတာ ဖြစ်ပြီး၊ ဘဝရဲ့ မျှခြေတစ်ခုကို ရှာဖွေနိုင်တာ၊ ဘဝမှာ သက်တောင့် သက်သာ ရှိအောင် နေနိုင်တာလဲ ဖြစ်ပါလိမ့်မယ်။



ငမွဲဖြစ်ခြင်း ငွေပျက်ခြင်းကို ရပ်တန့်ဖိုု့ အတွက် သင့်ရဲ့ ဘာအရေးကြီးသလဲဆိုတာတွေကို သင့်တင့်မျှတအောင် ချိန်ညှိဖို့ လိုအပ်သလို သင့်ကိုယ်သင် ဂရုတစိုက်နဲ့ စောင့်လျှောက်ဖို့လည်း လိုအပ်ပါတယ်။ ဒါကိုဘယ်လိုလုပ်မလဲဆိုတဲ့ အချက်တွေကတော့......



၁။ သင်ကိုယ်တိုင်မှ စတင်ပါ အချိန်ရှိတိုင်း ဘိုင်ပျက်ပြီး ငမွဲဖြစ်နေတာဟာ သင့်ကိုယ်သင် တက်နိုင်သလောက် သင်ကိုယ်တိုင် ဂရုတစိုက် မစောင့်ရှောက်လို့ပဲ ဖြစ်ပါတယ်။ သင့်ကိုယ်သင် တန်ဖိုးမထားဘူး ဆိုရင် သင့်ရဲ့ လစာငွေနဲ့ ပိုက်ဆံကိုလည်း ဘယ်လိုနည်းနဲ့မှ တန်ဖိုးထားဖြစ်မှာ မဟုတ်ပါဘူး။ ရတာနဲ့ အလွယ်သုံးပစ် မိပါလိမ့်မယ်။ ငွေသုံးတာ၊ ငွေစုတာ၊ ငွေချေးယူတဲ့ နေရာတွေမှာ သင့်ရဲ့ ဆုံးဖြတ်ချက်တွေဟာ သင့်ရဲ့ ဘဝမှာ ဘယ်လို အရည်အချင်းမျိုးနဲ့ နေထိုင်သွားမလဲဆိုတာကို သက်ရောက်မှု ရှိပါလိမ့်မယ်။ အောက်မှာ ဖော်ပြမဲ့ အချက်တွေက သင့်ကို ငွေကြေးအရ တည်ငြိမ်မှုရှိတဲ့ အခြေအနေတစ်ခု ရောက်အောင် လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ပေး နိုင်ပါလိမ့်မယ်။



- ပိုက်ဆံ သို့မဟုတ် ငွေ အသုံးနိုင်ခြင်း ပိုက်ဆံ သုံးနိုင်တယ်ဆိုုတာ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ ထပ်တူ မကြပါဘူး။ပိုက်ဆံဟာ သင်ဘာဖြစ်တယ်ဆိုတာကို မဖော်ပြနိုင်သလို သင့်မှာ Power ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြနေခြင်းလည်း မဟုတ်ပါဘူး။ တကယ့် Power ဆိုတာက ကိုယ်ပိုင်စွမ်းရည်နဲ့ မိမိ အတွင်းပိုင်းမှာ ရှိတဲ့ အရည် အချင်းပဲ ဖြစ်ပါတယ်။ ပိုက်ဆံကို အသုံးပြုပြီး ငါ့မှာ Powerful ဖြစ်တယ်လို့ ခံစားနေရတာဟာ မိမိအတွင်းမှာ ပိုင်ဆိုင်တဲ့ အရည်အချင်းတွေကို လက်ခံတန်ဖိုးထားခြင်း မပြုဘဲ၊ တစိမ်းပြင်ပြကလူတွေ အသိအမှတ်ပြု လက်ခံတာကို ရရှိအောင် ကြိုးစားယူချင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။



 Suze Orman ကပြောပါတယ်။ ကျွန်တော်တို့ သိမ်ငယ်နေတဲ့ အချိန်မှာ ငွေကို ပိုသုံးမိကြပါတယ်တဲ့ “spend more than when we feel less than. သင်ဘယ်လောက် အဖိုးတန်တာကို သင်ကိုယ်တိုင် မခံစားမိတဲ့အချိန်မျိုးမှာ သင့်ရဲ့ ငွေအသုံးပြုမှုတွေကို ထိန်းချုပ်လို့ မရတော့အောင်ကို ဖြုန်းတီးမိတက်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ် ခံစားရပြီး သင့်အနားမှာ ရှိတဲ့ ပိုငွေသုံးနိုင်တဲ့သူတွေနဲ့ အပြိုင် ငါလည်း သုံးနိုင်တယ်ဆိုတာကို ဖော်ပြချင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ မိမိရဲ့ အတွင်းပိုင်း အရည်အချင်းတွေကို မကြည့်မိတော့ပဲ ပြင်ပခံစားချက်တွေကိုပဲ ပိုကြည့်မိပြီး ဒါဟာ ကျွန်တော်တို့ကို အဓိက အန္တရာယ်ပေးမဲ့ အချက်ပဲ ဖြစ်ပါတယ်။



- သင့်ကိုယ်သင် မလေးစားနိုင်တဲ့အချက်က သင်မဝယ်နိုင်တဲ့ အရာတစ်ခုကိုယ် ဝယ်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်မျိုးမှာ သင့်အတွင်းစိတ်မှာ နာကျဉ်ခံခက်ဖြစ်ပြီး၊ ငါလိုချင်တာကို ဝယ်ဖို့ လုံလောက်အောင် ပိုက်ဆံမပေးနိုင်ခြင်း၊ စားချင်တာကို စားဖို့ ပိုက်ဆံမရှိလေခြင်းဆိုတာမျိုး ဖြစ်ပြီး ဘယ်တော့မှ မကြေနိုင်တော့မဲ့ အကြွေးတွေ ထားမိတာ အကြွေးသံသယာကို စတင်မိစေပါလိမ့်မယ်။ အဲ့ဒီအပြင် အခြားသူတွေကိုလည်း ဒါကိုဖြင့် မလုပ်ပေးနိုင်လေးခြင်းဆိုပြီး အပြစ်ရှာကာ မျက်စောင်းတခဲခဲ ဖြစ်နေပါလိမ့်မယ်။



-နောက်မှားတက်တဲ့ အချက်ဟာ ကိုယ့်လက်ထဲမှာ ငွေ အလုံအလောက် ရှိနေတဲ့ အချိန်မျိုးမှာ အသေးအဖွဲ ငွေပမာဏတွေကို ဂရုမပြုတော့ဘဲ လက်ဖွာမိတာ ဖြစ်ပါတယ်။



- သဘောကောင်းတဲ့ လုပ်ငန်းဖော်က ငွေကြေးအရ ကူညီကောင်း ကူညီပါလိမ့်မယ်။ ဒါပေမဲ့ မိမိကိုယ်တိုင်က ချင့်ချင့်ချိန်ချိန်မသုံးဘဲ အကုန်သုံး၊ မရှိမှ ဘိုင်ပျက် ငုတ်တုတ်ထိုင်နေတာမျိုး အမြဲဆိုရင်တော့၊ မိမိ အသုံးစရိတ်ကို မချိန်တွယ်ဘဲ အရမ်းကာရော သုံးနေတာမျိုး ဖြစ်နေရင်တော့ ဒါဟာ မကောင်းတဲ့အချက် ဖြစ်တဲ့အတွက် ကိုယ်ကိုယ် ငွေကြေးအရ ကူနေတဲ့သူတွေကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါလိမ့်မယ်။ ငွေကြေးပြဿနာကို အဓိကက မိမိကိုယ်တိုင် မဖြေရှင်းဘဲ သူများမကူလို့ စိတ်အခဲ မကြေဖြစ်နေရင် အလွန်ဟာ မိမိကိုယ်တိုင်ဘဲ ဖြစ်ပါလိမ့်မယ်။

 

Ref : TechSpace Journal Team

Photo Credit : Myanmar Latest News

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ