Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Storage

ဘဝမှာ အောင်မြင်မှုဆီသို့ ဦးတည်လျှောက်လှမ်းနိုင်မယ့် ခြေလှမ်း (၉) ခု

Updated 11th Oct 2016

Written by

Trend Myanmar, Shweproperty

 

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာဖို့ နဲ့ ကိုယ်လုပ်ဆောင်တဲ့အရာတွေကို ကိုယ်တိုင်ကျေနပ်မှုရှိနေဖို့ဆိုတာ ကိုယ့်ကြိုုးစားအားထုတ်မှုပေါ်မှာပဲ မူတည်ပါတယ်။ ခုဖော်ပြမယ့်အချက်တွေက ဘဝမှာ မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိ နေထိုင်ဖြတ်သန်းစေမယ့် လက်တွေ့ကျတဲ့ အချက်တွေပဲ   ဖြစ်ပါတယ်.......

၁။ တခြားသူရော၊ မိမိကိုပါ ပြုပြင်ပေးမယ့် တကယ်အဓိပ္ပါယ်ရှိတဲ့ ပန်းတိုင်ကို ရှာပါ



ကိုယ်တကယ်လုပ်ချင်တဲ့ အရာကိုပဲ ရွေးလုပ်ပါ။ ကိုယ်ဘာလုပ်ချင်သလဲဆိုတာ ရှင်းလင်းစွာသိပြီဆိုတာနဲ့ အောင်မြင်မှုဆီ ဆွဲခေါ်ပေးမယ့် တိကျတဲ့ခြေလှမ်းတွေကို ပိုမိုလွယ်ကူစွာ သိလာမှာ ဖြစ်ပါတယ်။



၂။ ပန်းတိုင်ပို့ဆောင်မယ့် မိမိနေ့စဉ်အလုပ်တွေကို အဓိက ဦးစားပေးပါ



 မိမိရည်မှန်းချက်တွေ ပြည့်စုံစေဖို့အတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုသာ အာရုံစိုက်လုပ်ဆောင်သွားပါ။



၃။ မိမိရည်မှန်းချက်ကို တာဝန်ခံနိုင်ပါစေ



အကျိုးရလဒ်ဖြစ်ပေါ်စေပြီး အဖြစ်မနေ အပြီးလုပ်ရမယ့် နေ့စဉ် အရေးကြီးဆုံးဆောင်ရွက်စရာ စာရင်းတစ်ခု ပြုစုပါ။ ဒီအချက်တွေ များများလုပ်နိုင်လေ၊ အောင်မြင်မှု ကြီးမားလေ ဖြစ်ပါတယ်။



၄။ မိမိဝင်ငွေတစ်စိတ်တစ်ပိုင်း စုဆောင်းပါ



ကိုယ့်ကိုယ်ကို အခွင့်အာဏာပေးချင်ရင် ငွေရေးကြေးရေးအချုပ်အချယ် ပိုမိုးကင်းရှင်းဖို့ လိုအပ်ပါတယ်။ ငွေရဲ့ကျေးကျွန်မဖြစ်ပါစေနဲ့။ အရှင်သခင်အဖြစ်ပဲ နေပါ။ ငွေကြေးကို ပါးနပ်စွာ စီမံခန့်ခွဲတတ်လာတဲ့အခါ စီမံစရာငွေကြေး ပိုမိုရလာပါလိမ့်မယ်။



၅။ အောင်မြင်ဖြစ်ထွန်းနေသူတွေရှိတဲ့ ကုမ္ပဏီကို ဖက်တွယ်ပါ



မိမိကို စေ့ဆော်မှုရစေပြီး စိတ်ဓာတ်မြင့်တင်ပေးသူတွေရဲ့ ဝန်းကျင်မှာ နေထိုင်ပါက သူတို့လို ဖြစ်ချင်စိတ်တွေ မြှင့်တင်ပေးပါလိမ့်မယ်။



၆။ မိမိစိတ်ကူးအိပ်မက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ပါ



ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ချင်တယ်၊ ဖြစ်အောင်ကြိုးစားမယ်လို့ ရည်ရွယ်ထားပါသလဲ။ အဲဒီအတိုင်း အကောင်အထည်ဖော်ပါ။ ကိုယ်ဘယ် လိုမျိုး   ဖြစ်ချင်လဲဆိုတာ မိမိကိုယ်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုပါ။



၇။ မိမိအတွေးတွေ ဖြန့်ကျက်ဖို့ နေ့စဉ်စာဖတ်ပါ



စာဖတ်လို့ အသိဉာဏ်ကြွယ်ဝလေ၊ အမြင်ကျယ်လေ ဖြစ်ပါလိမ့်မယ်။ စာဖတ်ခြင်းက မိမိကိုယ်မိမိယုံကြည်မှုတိုးစေပါလိမ့်မယ်။



၈။ ကျေးဇူးတင်စရာတွေ ရေးမှတ်ပါ



ကျေးဇူးတင်စရာရှိတဲ့အခါတွေ နေ့စဉ် ရေးမှတ်ပါ။ ဒီအလေ့အကျင့်က ဘဝအသိအမြင်၊ စိတ်နေသဘောထားတွေ   ပြောင်းလဲစေပြီး   ကျေးဇူးပို သိတတ်စေဖို့ အစဉ်မပြတ်သတိပေးပါလိမ့်မယ်။



၉။ ချင့်ချင့်ချိန်ချိန်၊ အချိန်မှန်မှန်နဲ့ အသင့်အတင့် စားသုံးပါ



ကောင်းမွန်ကျန်းမာတဲ့ စိတ်၊ ခန္ဓာရရှိပိုင်ဆိုင်ဖို့အတွက် နေ့စဉ်ပုံမှန်အလေ့အထ ချင့်ချိန်ဖို့ လိုပါတယ်။ အစားလွန်ရင် ထိုင်းမှိုင်းပြီး   နှေးကွေးလေး လံပါလိမ့်မယ်။ အသင့်အတင့်ချင့်ချိန်စားသောက်ပါက အစာခြေပြသနာတွေ မခံစားရဘဲ အပြုသဘောဆောင်တဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက် ရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်။

 

Ref : Trned Myanmar

Photo Credit : Social

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ