Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Finance & Legal

ငွေကို ဘယ်လို စီမံခန့်ခွဲ အသုံးချမလဲ?

Updated 17th Oct 2016

Written by

myanmaentrepreneurs, Shweproperty

 

ငွေဟာ မီးလိုပဲ သုံးတတ်ရင် အလွန်အကျိုးရှိသလို မသုံးတတ်ရင်တော့ ဘေးဒုက္ခပေးနိုင်ပါတယ်။ ငွေကြေးပြည့်စုံတဲ့သူတွေကြည့်မယ်ဆိုရင် အများစုဟာ ငွေကို စနစ်တကျ စီမံခန့်ခွဲကြသူတွေဖြစ်တယ်။ သူတို့ဟာ ဘယ်လိုပင်သေးငယ်သော အသုံးဖြစ်ပါစေ သတိရှိကြတယ်။ အသုံးနဲ့ အဖြုန်းကို နားလည်ကြပါတယ်။ ဒါဆို ငွေကို အကျိုးရှိစွာ သုံးစွဲနိုင်ဖို့ မီလံျနာတွေ ပြောပြတဲ့ အောက်ပါ အချက်လေးတွေကို သတိထားဖို့လိုပါတယ်.......



၁။ သူတို့ဟာ ရှာသည်ထက် ပိုပြီး မသုံးကြပါဘူး။ မြန်မာပြည်မှာလည်း ခရက်ဒစ်ကဒ်တွေ ပေါ်လာတော့မှာမို့ အကြွေးဝယ်စနစ်နဲ့ ပိုပြီးအသုံးပြုတာတွေ ဖြစ်လာနိုင်ပါတယ်။



၂။ နေ့စဉ်အသုံးစရိတ်တွေကို အမြဲလေ့လာနေလေ့ရှိပါတယ်။ ဘာတွေမှာ ဘယ်လောက်ကုန်လဲ သိနိုင်စေမယ့် မိုးဘိုင်းအပလီကေးရှင်းတွေ ရှိပါတယ်။



၃။ သူတို့ မသုံးတဲ့ အမှာစာတွေကို မမှာကြပါဘူး။ အထူးသဖြင့် သတင်းစာ၊ ဂျာနယ်၊ အခပေး ဖုန်း Call back Ringtone တွေဖြစ်ပါတယ်။ မသုံးရင် unsubscribed လုပ်တာ အကောင်းဆုံးပါ။



၄။ သေးငယ်တဲ့ အသုံးစရိတ်တွေကိုလည်း လျစ်လျူမရှု့ကြပါဘူး။ ဘာလို့လဲဆိုတော့ တစ်ခုချင်းသာ သေးငယ်တာပါ။ အများကြီးပေါင်းလိုက်ရင် ကြီးမားတဲ့အသုံးစရိတ်ဖြစ်လာနိုင်လို့ပါ။



၅။ ရုတ်တရက်ရလာတဲ့ ငွေကြေးတွေကို အရမ်းကာရောမသုံးကြပါဘူး။ ဥပမာ မွေးနေ့လက်ဆောင်ရတာ၊ ကံစမ်းမဲပေါက်တာ စသဖြင့်ပေါ့။



၆။ စိတ်ပျော်အောင်လို့ Shopping မထွက်ကြပါဘူး။ ဘာလို့လဲဆိုတော့ စိတ်ညစ်နေတဲ့အချိန်မှာ စိတ်ပျော်အောင် ပစ္စည်းတွေလိုက်ဝယ်မယ်ဆိုရင် ကိုယ်စိတ်ပြန်ကြည်တဲ့အချိန်မှာ နောင်တရတတ်ပါတယ်။



၇။ အချိန်နီးမှ လက်ဆောင်တွေ မဝယ်ကြပါ။ ဘာလို့လဲဆိုတော့ အချိန်နီးကပ်နေမှ လက်ဆောင်ဝယ်မယ်ဆိုရင် ကိုယ်ဂရုမစိုက်မိတာကို ဖုံးဖိဖို့အတွက် ဈေးကြီးတာတွေကို မစဉ်းစားဘဲ ဝယ်မိတတ်ကြတယ်။



၈။ အမြဲတမ်း အပြင်မှာ ထွက်မစားကြပါ။ အပြင်မှာ တစ်ခါစားရင် အိမ်မှာ ချက်ပြုတ်စားတာထက် အနည်းဆုံး နှစ်ဆလောက်ပို ကုန်ပါတယ်။



၉။ အကျန်တွေကို လွယ်လွယ်နဲ့ မလွှင့်ပစ်ကြပါ။ ဆိုင်မှာ စားလို့ပိုသွားရင် မထားခဲ့ပဲနဲ့ ပါဆယ်ထုတ်လာပါ။ ဒါဆို နောက်ထပ် တစ်နပ်အတွက် အသုံးတည့်ပါလိမ့်မယ်။



၁၀။ သက်တမ်းကုန်ခါနီး အစာတွေ မဝယ်ကြပါဘူး။ သူတို့ဟာ သုံးလေးရက် တစ်ခါလောက် ဈေးဝယ်လေ့ရှိကြသူတွေဖြစ်ပြီး အကြောင်းကတော့ တစ်ပါတ်စာအတွက် လှောင်ထားရင် တခါတလေ အစာတွေ ပုပ်သွားတတ်ကြလို့ပါ။



၁၁။ သေချာမစဉ်းစား မဆင်ခြင်ပဲနဲ့ ပိုက်ဆံသုံးလေ့မရှိပါ။ သူတို့တွေမေးလေ့ရှိတာက ငါတကယ်လိုရဲ့လား ပဲဖြစ်ပါတယ်။



၁၂။ ပုံမှန်မဝတ်တဲ့ အဝတ်အစားတွေကို ဝယ်လေ့မရှိပါ။ ဘာလို့လဲဆိုရင် အဝတ်အစားတွေက အများကြီး တကယ်ဝတ်လို့ဖြစ်တဲ့ အဝတ်က နည်းနည်းလေးဖြစ်မှာကို မလိုလားကြလို့ ဖြစ်ပါတယ်။



၁၃။ လျော့ဈေးနဲ့ ပေးထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ္စည်းတွေဝယ်လေ့ မရှိပါဘူး။ တကယ်လိုအပ်တဲ့ အရာမျိုး လျော့ဈေးနဲ့ ပေးထားရင်တော့ သူတို့တွေ လက်လွှတ်မခံကြပါဘူး။



၁၄။ ဈေးနှုန်းကို မမေးဘဲ ဘယ်တော့မှ ပစ္စည်းမဝယ်ကြပါ။ အဲဒါက ကိုယ့်ကို အထင်သေးမှာစိုးလို့ ခက်ခဲတဲ့ မေးခွန်းဖြစ်ပေမယ့်လဲ   ဈေးမမေးမိလို့   ဈေးကြီးပေးဝယ်ရတာနဲ့စာရင် တန်ပါတယ်။



၁၅။ အနာဂတ်မှာလိုအပ်လာမယ့် အသုံးတွေကို နှမျောလေ့မရှိကြပါ။ ဥပမာ သွားပိုးပေါက်သေသေးလေး တွေ့တယ်ဆိုပါစို့။ သူတို့တွေ ချက်ချင်းဆိုသလို သွားဆရာဝန်ဆီး သွားပြမှာပါ။ ဒီလိုမှမဟုတ်ဘဲ ပိုးပေါက်ကြီးလာပြီး ပိုဆိုးလာမယ်ဆိုရင် ငွေကုန်ကြေးကျပိုများမှာ ဖြစ်ပါတယ်။
၁၆။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာမယ့်နည်းလမ်းတွေ မသုံးကြပါဘူး။ ဥပမာ လောင်းကစားခြင်း၊ ကံစမ်းမဲဝယ်ခြင်း၊ စသဖြင့်။



၁၇။ ငွေကြေးရည်မှန်းချက်တွေကို မမေ့ဘဲ ချမှတ်လေ့ရှိကြပါတယ်။ ဒါမှသာ ကိုယ်သွားမယ့်လမ်းကြောင်း ရှိနေတဲ့အတွက် ကိုယ့်ငွေကြေး အိပ်မက်ပြည့်ဝမှာ ဖြစ်ပါတယ်။



၁၈။ အရင်က မှားခဲ့တာတွေကြောင့် အနာဂါတ်တိုးတက်မှုကို မနှောင့်နှေးစေပါဘူး။ အရင်က အသုံးအဖြုန်း ကြီးခဲ့လို့ ခုအချိန်မှာ အကြွေးတွေပဲ နစ်နေနေ အခုဆိုတာ ပြောင်းလဲဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

 

Ref : myanmaentrepreneurs

Photo Credit : Social

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ