Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Finance & Legal

ချမ်းသာချင်ရင် ဒါတွေရှောင်

Updated 4th Oct 2016

Written by

နတ်စည်တော် (Shwemom), Shweproperty

 

 

အချို့က ချမ်းသာချင်ကြတယ်၊ ဒါပေမယ့် ချမ်းသာမလာဘူး၊ တစ်ခါတလေ ဝင်ငွေက ကြမ်းသလောက် ဘာကြောင့် မချမ်းသာရတာလဲဆိုပြီး သိချင်နေကြတဲ့သူတွေ ရှိပါတယ်။ ဒီတော့ ချမ်းသာချင်တယ်ဆိုရင် အောက်ပါ အချက်(၇)ချက်ကို ရှောင်ပါလို့ တိုက်တွန်းလိုက်ပါရစေ။



(၁) ဝင်တဲ့ငွေထက် ပိုမဖြုန်းနဲ့



အမှန်က ဝင်သမျှငွေကို အတိမ်းအပါးမရှိအောင် စုထားခြင်းကို ချမ်းသာဖို့ ပိုပြီးနီးစပ်ပါတယ်။ ဒါပေမယ့် ဝင်ငွေထက် ပိုပြီး ဖြုန်းတီး တဲ့သူတွေ အဖို့တော့ အရင်ဆုံး ကိုယ်ရှာတာနဲ့ လောက်အောင်သုံးတဲ့အကျင့် ရှိမှ၊ ငွေစုချင်စိတ် ဖြစ်လာမယ်၊ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ရတာထက် ပိုသုံးရင် အကြွေးသံသရာက ထွက်မှာ မဟုတ်ပါဘူး။



(၂) မလိုအပ်တာ မဝယ်နဲ့



တစ်ချို့တတွေက ပစ္စည်းလေး ဈေးချောင်တာ တွေ့ရင် ဝယ်ထားလိုက်တာမျိုး ရှိတတ်ပါတယ်။ အမှန်က ဘဝမှာ လို အပ်တာတွေ အများကြီးပါ။ ဒီ အသုံးမလိုတဲ့ ပစ္စည်းတစ်ခု ဝယ်မယ့်အစား ကိုယ် ဘာအသုံးလိုသလဲဆိုတာကို စဉ်းစား စေချင်တယ်။ ဒါက ကိုယ့်အတွက် အကျိုးရှိပါတယ်။



(၃) လက်မဖွာနဲ့



ကိုယ်တတ်နိုင်သလောက် လှူဒါန်းတာ ကုသိုလ်ရပါတယ်။ ဒါပေမယ့် တစ်ချို့တွေက အလှူပွဲနဲ့ရောပြီး မလိုအပ်တဲ့ အစီအစဉ်တွေ   လျှောက်ထည့်တာမျိုးဟာ သက်သက် ဖြုန်းတီးခြင်းဖြစ်ပါတယ်။ နောက် လက်ဖွာခြင်းနဲ့ ဒါနပြုခြင်းဟာ တစ် ခြားဆီ ဖြစ်ပါတယ်။ လက်ဖွာတယ်ဆိုတာက မလိုအပ်ဘဲ ပိုက်ဆံတွေ လျှောက်ဖြုန်းနေခြင်း၊ ပိုက်ဆံတွေ ပိုနေတယ်ဆိုတဲ့ သဘောနဲ့ ဈေးဝယ်ထွက်ခြင်း၊ ခရီးထွက်ခြင်း၊ သူငယ်ချင်းတွေနဲ့ ပါတီတွေခဏခဏ လုပ်ခြင်း-စတာတွေ ပါဝင်ပါတယ်။



(၄) အပျော်အပါးလောင်းကစား မလိုက်စားနဲ့



ပိုက်ဆံကို အကျိုးမဲ့ဖြုန်းတီးတဲ့ အထဲမှာ အပျော်အပါးနဲ့လောင်းကစားဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ သင်နဲ့နီးစပ်တဲ့ အ ပျော်အပါးလောင်းကစား လိုက်စားတယ်ဆိုတဲ့သူတွေကို လေ့လာကြည့်ပါ။ ဘယ်သူကများ လူမွေးလူတောင် ပြောင်လို့လဲ။



(၅) အရက်သေစာ မသောက်စားနဲ့



အခုခေတ်မှာတော့ အရက်စသည်တို့ဟာ ဈေးပေါပေါနဲ့ ရနိုင်ပါတယ်။ သေချာတာကတော့ အရက်သေစာဆိုတာ သောက် ပါများလာရင် စွဲလမ်းတတ်ပါတယ်။ ဒီထက်ပိုသေချာတာက လူမချမ်းသာတာနောက်ထား အသက်ကတော့ တိုမှာ အမှန်ပါဘဲ။



(၆) မရင်းနီးတဲ့ စီးပွားရေးမှာ မမြှုုပ်နှံနဲ့



ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းတစ်ခုကို အပြောကောင်းလွန်းလို့ ဝင်ပြီး မြှုပ်နှံမိတဲ့ ပုဂ္ဂိုလ်တွေ ဘာဖြစ်သွားသလဲဆိုတာ ရုပ်ရှင်ဇာတ်ကားတွေ၊ မှုခင်းဂျာနယ်တွေမှာ ဖတ်ဖူးပါလိမ့်မယ်။ ဒါ အပြင်မှာလည်း လုပ်ငန်းနဲ့ပတ်သက်ပြီး လိမ်လည်မှု တွေ၊ တစ်ပတ်ရိုက်တာတွေ၊ အုံလိုက်ကျဉ်းလိုက် ဘုဉ်းပြေးတာတွေ အများကြီး ရှိပါတယ်။



(၇) အချေးအငှားမထူနဲ့



အားနာတတ်တဲ့ စိတ်ကို အရင်ဖျောက်ပါ။ တစ်ခါတလေ မလွဲမရှောင်သာ ချေးငှားရရင်တောင်မှ ဒီလူ ပြန်ဆပ်မဆပ် မ သေချာရင် သူချေးချင်တဲ့ငွေ သုံးပုံ တစ်ပုံလောက်ပဲ အစမ်းချေးကြည့်ပါ။ ပိုပြီးသေချာတာကတော့ ဘယ်သူနဲ့မှ အချေး အငှားမလုပ်တာက ပိုကောင်းပါတယ်။ အကြွေးတောင်းရတဲ့ ကိစ္စလည်း မရှိတော့သလို လူမုန်းခံရတဲ့ ပြဿနာလည်း တက်မှာမဟုတ်တော့ပါဘူး။

 

Posted By : Wai Phyoe

Photo Credit : linkedin

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ