Updated 23rd Jul 2018
Lwin Pyin, Shweproperty
မော်ဒန်ခေတ်ရဲ့ ဈေးကွက်ကြီးထဲ့ သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းတွေက သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင် တာတွေများပါတယ်။မီးဖိုချောင်ထဲမှာ ဘဲ အလွယ်တကူရှာလို့ရနိုင်သော၊ ဈေးထဲမှာ ပေါပေါများများ ဝယ်လို့ရနိုင်သော အရာလေးတွေနဲ့ဘဲ သန့်ရှင်းရေးပစ္စည်းလေးကို ကိုယ်တိုင်လုပ်တာ ပိုကောင်းတယ်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး။
ကဲ ဒါဆိုရင် မွေ့ယာ ကိုသန့်ရှင်းရေးလုပ်ကြရအောင်။ပြုလုပ်ချိန် သုံးမိနစ်စာတောင်မရှိဘဲ လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။
မွေ့ယာကို သန့်ရှင်းရေးလုပ်မယ်ဟေ့ လို့ဆိုလိုက်တာနဲ့တင် ထွက်ပြေးချင်စိတ်တွေပေါက်သွားတက်ကြပါတယ်။ မွေ့ယာဆိုတဲ့ အမျိုးက တစ်ယောက်အိပ်မွေ့ယာဆိုတော်သေး အချို့ နှစ်ယောက်အိပ်မွေ့ယာတွေဆိုရင် ရွေ့ရတာ အလေးကြီးမို့ သန့်ရှင်းရေးတခါတခါ လုပ်ရတာ တကယ်ကို စိတ်ညစ်ဖို့ကောင်းပါတယ်။
ဒီလို အသယ်အချလုပ်ရတာ ခက်ခဲတာမို့လို့လည်း အချိန်အတော်ကြာလာမှ သန့်ရှင်းရေးတွေ လုပ်တက်ကြတော့ မွေ့ယာက ပိုပြီးတော့ ဖုန်တွေ ၊ ပိုးမွှားတွေ များနေတက်ပါတယ်။ နေပူထဲကို ထုတ်၊ အချိန်အကြာကြီး လှမ်း၊ ပြီးမှ မွေ့ယာ အနှံ့ကို တုတ်တစ်ချောင်းနှင့် လိုက်ရိုက်ပြီး သန့်ရှင်းရေးလုပ်ရတဲ့ အရာကို ငြီးငွေ့နေကြမယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ လူလည်း မပင်ပန်း၊ အချိန်လည်း မကုန်၊ အကျိုးသက်ရောက်မှု့လည်း ရှိတဲ့ နည်းလမ်းလေးကို စာဖတ်သူ ပရိသတ်တွေ သိနိုင်အောင်လို့ ဝေမျှပေးလိုက်ရပါတယ်။
ဒီနည်းလမ်းလေးကို အသုံးပြုပြီးတော့ မွေ့ယာကိုသန့်ရှင်းမယ်ဆိုရင်တော့ အညစ်အကြေးတွေ၊ ဖုန်တွေ၊ လူ့ချွေးတွေ၊ ဆဲလ်အသေတွေနှင့် မကောင်းတဲ့ အနံ့အသက်တွေ ကို ဖယ်ရှားပစ်နိုင်မှာဘဲဖြစ်ပါတယ်။ ပထမဦးဆုံး မွေ့ယာတစ်ခုလုံး ကို ဖုန်တွေခါလိုက်ပါ( ဖုန်စုပ်စက်ရှိလျှင်ပိုကောင်းပါတယ်)။
ပြီးတဲ့နောက်မှာတော့ စကာလေးတစ်ခုထဲကို မုန့်ဖုတ်ဆော်ဒါ အမှုန့်တွေကို ထည့်လို့ (ဆန္ဒရှိလျင် အမွေးနံ့သာဆီလေးတွေပါထည့်လို့ရပါတယ်) မွေ့ယာတစ်ပြင်လုံးပေါ်ကို ခါချပေးပါ။ ဒီလို ပြုလုပ်ပြီးရင်တော့ မွေ့ယာကို နာရီပေါင်းများစွာ ဒီအတိုင်းထားပေးလိုက်ပါ။ (တစ်ရက်လောက်ကြာကြာ ထားနိုင်ရင် ပိုကောင်းပါတယ်) အချိန်ပြည့်သွားပြီဆိုရင်တော့ အဲ့ဒီမွေ့ယာပေါ်က မုန့်ဖုတ်ဆော်ဒါတွေကို ဖယ်ထုတ်/ခါထုတ်လိုက်ပါ (ဖုန်စုပ်စက်နှင့်လည်းစုပ်ယူနိုင်ပါတယ်)။
တစ်လတ်စထဲနှင့် မုန့်ဖုတ်ဆော်ဒါရဲ့ အကျိုးကျေးဇူးကို ဗဟုသုတအဖြစ်မှတ်ထားနိုင်အောင်ဖော်ပြသွားချင်ပါတယ်။
(1) ဈေးနှုန်းသက်သာခြင်း
(2) အဆိပ်အတောက်လုံးဝမဖြစ်ခြင်း
(3) အညစ်အကြေးနှင့်စိုထိုင်းထိုင်းဖြစ်မှု့တွေကို စုပ်ယူနိုင်ခြင်း
(4) အခြားသော သန့်ရှင်းရေးထုတ်ကုန်အမြောက်အများနေရာမှာ အစားထိုးနိုင်ခြင်း
(5) မကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးနိုင်ခြင်း
(6) သေးငယ်သော ပိုးမွှားအမြောက်အများကိုတောင် သေစေနိုင်ခြင်း တို့ဘဲဖြစ်ပါတယ်။
Ref & Photo Credit : Lwin Pyin
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။