Updated 31st Oct 2017
Myanmar Propery Journal, Shweproperty
စရိတ်က ကြီးကြီးမားမား ကုန်ကျစရာမလိုဘဲ အသေးစား ပြုပြင်ဆင်မှုလေးတွေနဲ့တင်မိမိတို့ နေထိုင်ရာ သီရိဂေဟာကို သေသပ်လှပအောင် ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် မိမိ အိပ်ခန်းအလှကို ကိုယ်တိုင် ပြင်ဆင်ဖန်တီးနိုင်စေဖို့ အိမ်တွင်း အလှဆင်ပညာရှင်တွေရဲ့ နည်းလမ်း ၇ မျိုးကိုဖော်ပြ လိုက်ပါတယ်။
၁။ လင်ပန်းတစ်ခုကို အသုံးပြုပါ။
သင့်အိမ်တွင်းက စားပွဲပေါ်မှာ ပစ္စည်းလှလှလေးတွေ တင်ထားဖို့ မှန်လင်ပန်းလေးတစ်ခုကို အသုံးပြုပါလို့ Johnathan O’Hea (Jona-than O’Hea Antiques & Design) က ဆိုပါတယ်။ မှန်နဲ့ပြုလုပ်ထားတဲ့ လင်ပန်းပေါ်က ပစ္စည်းလေးတွေရဲ့ အောက်ခြေမှာ မှန်ရဲ့ရောင်ပြန်ဟပ်မှုနဲ့ ပုံနှစ်ထပ်လေးတွေ မြင်ရတာကပိုပြီး အမြင်တင့်တယ်စေပါတယ်။
၂။ လှပတဲ့ စာအုပ်စင်နဲ့ ဖုံးကွယ်ပါ။
သင့်အိမ်ခန်းတစ်ခုလုံးကို ပြင်ဆင်ခြယ်သဖို့လောလောဆယ်မှာ အဆင်မပြေသေးဘူး ဆိုရင်တော့ အဲဒါကိုစာအုပ်စင်နဲ့ ဖုံးကွယ်လိုက်ပါ။ လှပသေသပ်စွာ ဖန်တီးထားတဲ့ စာအုပ်စင်ဟာ သင့်အခန်းကို တင့်တယ်သပ်ရပ်နေဟန် ပေါက်စေမှာတော့ အမှန်ပါပဲ။
၃။ စာညွှန်းလေးတွေ ကပ်ပါ။
သင့်အိမ် မီးဖိုချောင်ထဲက ထည့်စရာဖန်ဘူးလေးတွေကို ရှင်းရှင်းလင်းလင်းဖြစ်နေစေဖို့ စာညွှန်းလေးတွေ ကပ်ထားပေးပါ။ အဲဒါမှ သင့်အနေနဲ့ ဆားလား၊ သကြားလားဆိုတာ တွေဝေနေစရာမလိုဘဲ အလုပ်ပြီးမြောက်စေနိုင်ရုံမက သင့်မီးဖိုချောင်ကိုလည်း သေသေသပ်သပ်လေး ဖြစ်နေစေမှာပါ။
၄။ တွန်းရွေ့လို့ရအောင် ဖန်တီးထားပါ။
ပရိဘောဂပစ္စည်းတွေမှာ ဘီးလုံးလေးတွေတပ်ဆင်ထားတာဟာ တစ်နေရာကနေတစ်ရာ ပြောင်းရွေ့သယ်ဆောင်ဖို့ လွယ်ကူစေမှာ ဖြစ်ပါတယ်။ မီးဖိုချောင်မှာပဲဖြစ်ဖြစ် ဘီးတပ်ထားတဲ့ စားပွဲ၊ ဗီရိုတွေကို အသုံးပြုမယ်ဆိုရင် ဘယ်သူ့အကူအညီမှ မလိုဘဲ မိမိဘာသာ သင်သောင့်သက်သာ ပြောင်းရွေ့နိုင်မှာပါ။
၅။ ထိုင်ခုံဘားတန်းလေးတွေ တပ်ထားပေးပါ။
အခန်းတွင်းမှာ ထားတဲ့ထိုင်ခုံတွေကို ပြောင်ရှင်းကြီးထားတာထက် ဘားတန်းပါတဲ့ ထိုင်ခုံတွေထားတာဟာ သင့်အိမ်တွင်းကို ပိုပြီးသက်သောင့် သက်သာဖြစ်စေတဲ့ အသွင်မျိုးပေါက်စေပါတယ်။ အထူးသဖြင့် ထိုင်ခုံမှာ ဖောင်းကြွလေးတွေ လုပ်ထားတဲ့ ဘားတန်းမျိုး တပ်ဆင်ထားရင်တော့ သင့်အခန်းကို ပိုမိုလှပသွားစေမှာပါ။
၆။ ကရားထဲမှာ မီးထွန်းညှိထားပါ။
စားပွဲပေါ်မှာ သမားရိုးကျစားပွဲတင်မီးတွေတင်မယ့်အစား မီးထွန်းထားတဲ့ ဖန်ကရားလေးတွေ ထားတာက သင့်အိမ်ခန်းကို ပိုပြီးကဗျာဆန် လှပစေမှာပါ။
၇။ ဘုံဘိုင်ခေါင်းအသစ် တပ်ဆင်ပေးပါ။
သင်အိမ်ရေချိုးခန်းရဲ့ မျက်နှာသစ်ဘေစင်က ရေဘုံဘိုင်ခေါင်းကို သန့်ရှင်းပြီး အခန်းအနေအထားနဲ့ လိုက်ဖက်မယ့် ရေဘုံဘိုင်ခေါင်းကို အစားထိုး တပ်ဆင်ပေးပါ။
Ref : Myanmar Propery Journal
Posted By : Wai Phyoe
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။