Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

နားသန့်ရှင်းရေးလုပ်ရာမှာ သုံးတဲ့ ဂွမ်းတံလေးတွေရဲ့ အခြားအသုံးဝင်ပုံများ

Updated 12th Nov 2016

Written by

Trend Myanmar, Shweproperty

 

သင်တို့နားတွေ သန့်ရှင်းဖို့အတွက် အသုံးပြုနေတဲ့ နားကျပ်ဂွမ်းချောင်းလေးတွေဟာ တကယ်တော့ နားသန့်ရှင်းရေးလုပ်ဖို့တင် အသုံးဝင်တာ မဟုတ်ပါဘူး။ ဒီဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်းပေါင်းများစွာ ရှိနေတာမို့ အားလုံးသိရအောင် ပြောပြပေးလိုက်ပါတယ်....


 
၁။သွားလေရာကို ရေမွှေးပုလင်း သယ်မယ့်အစား ဂွမ်းချောင်းလေးတွေကို သယ်ယူသွားနိုင်ပါတယ်


 
ကိုယ်ဆွတ်နေကျ ရေမွှေးရနံ့လေးကို အချိန်တိုင်း ခန္ဓာကိုယ်ပေါ်မှာ သင်းပျံ့နေစေဖို့ ရေမွှေးပုလင်းကို သွားလေရာ သယ်သွားပြီး စွတ်စရာမလိုပါဘူး။ ဂွမ်းချောင်းလေးတွေကို ရေမွှေးဖျန်းဆွတ်လိုက်ပြီး  ပုံမှာပြထားသလို ပလတ်စတစ်အိတ်ထဲထည့်ပြီး လွယ်လွယ်ကူကူ ယူသွားလိုက်ရုံပေါ့။ ပြီးရင်း တစ်ခုချင်းစီကို ထုတ်ပြီး လည်ပင်း၊ လက်ကောက်ဝတ်လေးတွေမှာ ဂွမ်းထိပ်ကလေးနဲ့ တို့ထိလိုက်ရုံနဲ့ ရနံ့လေးတွေ သင်းသွားမှာပါ။ဘယ်လောက်မိုက်သလဲ။


 
၂။နှုတ်ခမ်းနီဆိုးတဲ့အခါ ဂွမ်းချောင်းလေးတွေနဲ့ အနားသတ်လိုက်ပါ


 
နှုတ်ခမ်းနီဆိုတဲ့အခါ လျှံသွားတာမျိုးတွေ ဖြစ်တတ်တယ်ဆိုရင် ဂွမ်းချောင်းလေးတွေနဲ့ သပ်သပ်ရပ်ရပ်လေး တို့ပေးပါ။ ပိုပြီး သေသပ်ချင်တယ် ဆိုရင်တော့ နှုတ်ခမ်းသားအနားတွေကို ဂွမ်းချောင်းလေးတွေနဲ့ ပေါင်ဒါမှုန့်တို့ပြီး အပြီးသတ်လိုက်ပေါ့။


 
၃။ဆံပင်အရင်နားတွေကို ဂွမ်းချောင်းလေးတွေနဲ့ အရောင်ညီအောင် ဖန်တီးပါ


 
ဆံပင်အရင်းနားတွေက အရောင်တွေပြောင်းပြီး ကြည့်မကောင်းအောင် မညီမညာဖြစ်နေပြီဆိုရင်တော့  ဂွမ်းချောင်းလေးတွေကို အိုင်းရှဲဒိုး နည်းနည်းသုတ်ပြီး ခုန မညီမညာဖြစ်နေတဲ့ ဆံပင်ရင်းတွေကို ကာလာညှိုလိုက်ရုံပါပဲ။


 
၄။ဒရိုင်ယာကိုလည်း ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်


 
ကိုယ့်ရဲ့ ဒရိုင်ယာမှာ ဖုန်တွေကပ်နေပြီလား၊ ဒါမှမဟုတ် ဂျီးတွေဖြစ်နေပြီလား။ ဒါဆို ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်လိုက်ရုံပေါ့။ ဘာခက်တာမှတ်လို့။


 
၅။ကြပ်နေတဲ့ဇစ်ကိုလည်း ဂွမ်းချောင်းသုံးပြီး အဆင်ပြေအောင် လုပ်နိုင်ပါတယ်


 
ကိုယ်ဝတ်မယ့်အကျႍဇစ်က ကြပ်နေတယ်ဆိုရင် ဂွမ်းချောင်းမှာ ရှန်ပူနည်းနည်းစွတ်ပြီး ကြပ်နေတဲ့နေရာကို သုတ်လိမ်းပေးလိုက်ပါ။ ရှန်ပူကို   ချောဆီသဘောမျိုး သုံးတဲ့သဘောပါပဲ။ အဆင်ပြေသွားပါလိမ့်မယ်။


 
၆။ဝက်ခြံညှစ်မယ်ဆိုလည်း ဂွမ်းချောင်းတွေကို သုံးနိုင်တာပဲနော်


 
မျက်နှာမှာ ဝက်ခြံက မှည့်နေပြီ။ ညှစ်လိုက်ရင် အိုကေသွားပြီဆိုရင် လက်နဲ့ညှစ်ပစ်လိုက်မယ့်အစား ဂွမ်းချောင်းလေးတွေကို သုံးလို့ရတယ်နော်။ ပထမဆုံး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အဲ့ဒီနောက်မှာတော့ မျက်နှာပေါ်က ဝက်ခြံကို ဂွမ်းချောင်းနှစ်ချောင်းသုံးပြီး ဖယ်ရှားလိုက်ရုံပေါ့။


 
၇။eye makeup ဖျက်မယ်ဆိုရင်လည်း ဂွမ်းချောင်းလေးတွေ သုံးနိုင်ပါသေးတယ်


 
မျက်ခွံပေါ်က မိတ်ကပ်တွေ ဖျက်ပစ်ဖို့ဆိုရင် ဂွမ်းချောင်းထိပ်လေးကို moisturizerထဲ နှစ်လိုက်ပြီး မိတ်ကပ်တွေကို ဖျက်ပစ်လိုက်ရုံပါပဲ။


 
၈။မျက်ခုံးမွှေးဆွဲတဲ့အခါ ဂွမ်းချောင်းတွေရဲ့ အကူအညီကို ယူပါ


 
မျက်ခုံးမွှေးအနားသတ်လေးတွေ လှလှပပ ညီညီညာညာလေးဖြစ်ဖို့အတွက်လည်း ဂွမ်းချောင်းလေးတွေက ကူညီပေးနိုုင်ပါသေးတယ်။


 
၉။မျက်ခွံပေါ်ပေသွားတဲ့ mascara တွေကို ဂွမ်းချောင်းထိပ်လေးတွေနဲ့ ဖယ်ရှားနိုင်


 
တစ်ခါတစ်လေ လက်ဆနည်းနည်းများသွားလို့ mascara ဆွဲတဲ့အခါ လျှံသွားတာမျိုးပဲဖြစ်ဖြစ်၊ mascara ရည်မခြောက်ခင် မျက်လုံးမှိတ်လိုက် မိလို့ မျက်ခွံပေါ် ပေသွားတာပဲဖြစ်ဖြစ် ဂွမ်းချောင်းထိပ်လေးတွေနဲ့ တို့ထိသန့်ရှင်းပေးနိုင်သေးတယ်နော်။


 
၁၀။မျက်တောင်တုတပ်မယ်ဆိုရင်လည်း ဂွမ်းချောင်းလေးတွေက အသုံးဝင်ပါတယ်


 
မျက်တောင်တုတပ်လေ့ရှိတဲ့သူတွေအတွက် ဂွမ်းချောင်းလေးတွေ ဘယ်လောက်အသုံးဝင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ မျက်တောင်တုမှာ သုတ်လိမ်းပေးရမယ့် ကော်ကို ဂွမ်းချောင်းလေးတွေနဲ့ သုတ်လိမ်းပေးပြီး မျက်တောင်တု တပ်လိုက်ရုံပါပဲ။ ဘယ်လောက်မိုက်လဲ။

 

Ref & Photo Credit : Trend Myanmar

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ