Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

သင့်အိမ်မှာ ရှိနေတဲ့ ကြမ်းပိုးများကို ပျောက်စေသောဆေးနည်း

Updated 25th Apr 2019

Written by

Lwin Pyin, Shweproperty

 

ကြမ်းပိုး ဒုက္ခပေးလို့ အိပ်ရေးပျက်သူပေါင်း အများကြီး ရှိမယ်ထင်ပါတယ်။ ကြမ်းပိုးပြဿနာဟာ သေးသလိုလိုနဲ့ တစ်ကယ်ကြီးတဲ့ ဒုက္ခ တစ်မျိုးဖြစ်ပါတယ်။ ကြမ်းပိုးကို အင်္ဂလိပ်လို Red Bugs လို့ခေါ်ပြီး လေ့လာသူများရဲ့အဆိုအရ ကြမ်းပိုးစတင်ပေါ်ပေါက်ခဲ့တာ အမေရိကမှာ ဖြစ်ပါတယ်။ ကြမ်းပိုး ဟာ တော်ရုံနဲ့မသေပဲ အသက်ပြင်းတဲ့ သတ္တဝါ စာရင်းထဲမှာ ပါဝင်ပါတယ်။

 

လူတွေရဲ့ အသွေးကို မစုပ်ပဲနဲ့တောင် ၃ လတိတိ အသက်ရှိနေနိုင်ပြီး အပူချိန်၊ အအေးဒီဂရီ အမြင့်ကြီး ထဲ မှာလည်း အသက်ရှင်နေနိုင်ကြပါတယ်။ ရေထဲတောင် အချိန်ကြာမြင့်စွာ နေနိုင်တယ် လို့ ဆိုပါတယ်။

 

ကြမ်းပိုး သတ်ဆေး မျိုးစုံတို့ကိုလည်း အမေရိက မှ စတင် တီထွင်ခဲ့ကြပေမယ့် အခုထိ ဘယ် တံဆိပ်က အကောင်းဆုံး ဆိုတာ ညွန်းရ ခက်နေတုန်းပါပဲ။ DDT ဆိုတဲ့ ဖြန်းဆေး ကလည်း လူတွေ အတွက် အန္တရာယ် ရှိစေလို့ ပိတ်ထား လိုက်ပါတယ်။ ဒါ့ကြောင့် ဂျပိုး အတွက် ဆေးနည်းပေါင်းစုံ တို့ကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။ တစ်နည်း မပျောက်ရင် တစ်နည်း နဲ့ စမ်းသပ်နိုင်ကြပါတယ်။

 

(၁) ဆပ်ပြာမှုန့်၊ ဆပ်ပြာကရင်မ် တစ်မျိုးမျိုးကို ရေနဲ့ဖျော်ပြီး ဂျပိုးရှိတဲ့နေရာ များကိုဖြန်းပေးပါ။

 

(၂) ဒူးရင်းသီးရဲ့ ထူးခြားပြီး ပြင်းထန်တဲ့အနံ့ကို ကြမ်းပိုးတွေ ကြောက်ကြ ပါတယ်တဲ့။ ဒူးရင်းသီး အခွံကို အိပ်ယာဘေး၊ အိပ်ယာအောက်မှာထားပါ။ အိပ်ခါနီး အနံ့မခံနိုင်ရင် ဘေးဖယ်ထားပါ။

 

(၃) ဆေးနည်း တစ်မျိုးကတော့ မြင်းသားအဆီကို ဆီမီးခွက်ထဲထည့်ပြီး မီးထွန်းထားရင် ၎င်းအနံ့ကို ဂျပိုးများကြောက်ပြီး ပြေးကြ ပါတယ်။

 

(၄) ပရုပ်လုံးများကို ခေါင်းအုုံး၊ စောင်၊ ခြင်ထောင်၊ အိပ်ယာဘေးတို့မှာ ထည့်ထားပါ။ ပရုပ်လုံးအနံ့ကို ဂျပိုးများကြောက်ပါတယ်။

 

(၅) ကြောင်မန်းရွက်ကို အိပ်ယာအောက် ထည့်ထားပါ။ ၎င်းအနံ့ကြောင့် ကြမ်းပိုးများ မလာတော့ပါ။

 

(၆) ဖယောင်းကော်ဇော ခင်းအိပ်ပါ။ ဖယောင်းကော်ဇောကို ဂျပိုးများ မနှစ်သက်ပါ။

 

(၇) အသင့်ပြုလုပ်ထားတဲ့ ဖြန်းဆေးများလည်း တံဆိပ်မျိုးစုံ ရှိနေပါတယ်။ Red Bugs Killer (ဂျပိုးဖြန်းဆေး) လို့ ပြောပြီး ဝယ်ယူနိုင်ကြပါတယ်။

 

ကြမ်းပိုးမရှိအောင် အိပ်ယာခင်း၊ ခေါင်းအုံးစွပ်များကို မကြာခဏလျှော်ပါ။ နေပူလှန်းပါ။သန့်ရှင်းအောင်နေပါ။

 

သတိထားရမှာကတော့ ဖြန်းဆေးတွေသုံးရင် ကလေးတွေကို သတိထားရမယ်။ ကြမ်းပိုးဖြန်းဆေးများဟာ ခြင်ဆေးထက် အဆပေါင်းများစွာ ပြင်းထန်တဲ့အတွက် အန္တရာယ်ပိုကြီးပါတယ်။ ဆေးဖြန်းပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးပေးရပါမယ်။ အားလုံးပဲ ကြမ်းပိုး အန္တရာယ်မှ ကင်းဝေးကြပြီး အိပ်ရေး၀၀အိပ်နိုင်ကြပါစေ။

 

Ref : Lwin Pyin

Photo Credit : Dragoman

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ