Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

မိမိနေအိမ်တွင်း ပုရွက်ဆိတ်နှိမ်နှင်းနည်းများ

Updated 7th Jul 2018

Written by

Trend Myanmar, Shweproperty

 

မိမိနေအိမ်အတွင်း ပုရွက်ဆိတ်တွေ အရမ်းသောင်းကျန်းလာလို့ နှိမ်နှင်းဖို့ လုပ်တဲ့အခါ စိတ်ညစ်ခေါင်းအစားရဆုံးအချိန်ဖြစ်ပါတယ်။ ဒီတော့ ပုရွက်ဆိတ်တွေကို မောင်းထုတ်ပေးမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်.......



၁။ နှစ်ဖက်သုံးတိပ်ကြိုး



သင့်မီးဖိုချောင်အတွင်း ပုရွက်ဆိတ်တွေစီးနင်းဝင်လာပါက နှစ်ဖက်လုံးကပ်နိုင်တဲ့ တိပ်ကြိုးနဲ့ ဟန့်တားနိုင်ပါတယ်။ ပုရွက်ဆိတ်တွေရဲ့ လမ်းကြောင်းနဲ့   လှုပ်ရှားသွားလာရာ နေရာကို တွေ့အောင်ရှာပြီး ပုရွက်ဆိတ်တွေ ကျော်မတက်နိုင်တဲ့ အဲဒီတိပ်ကြိုးဖြင့် ဝန်းရံပေးရပါမယ်။



၂။ ဘောရစ်ခ် အက်စစ် (Boric acid)



Boric acid ကို အမှုန့်နဲ့ ရောင်းပါတယ်။ Boric acid ထမင်းစားဇွန်း (၃) ဇွန်း၊ သကြား ထမင်းစားဇွန်း (၃) ဇွန်းနဲ့ ရေနွေး (၁) ခွက် ရောပါ။ အဲဒီအရည်ထဲ  ဂွမ်းစလေးတွေနစ်ပြီး ပုရွက်ဆိတ်တွေ စုရုံးရာ နေရာတွေမှာ ထားပါ။ သကြားက သူတို့ကို ဆွဲဆောင်ပြီး boric acid ကနေ    သေကြေပျက်စီးစေပါလိမ့်မယ်။



၃။ ဂျုံမှုန့်



ပုရွက်ဆိတ်စုရုံးတတ်တဲ့ အခန်းထောင့်တွေမှာ ဂျုံမှုန့်တွေ ဖြူးပါ။ ပုရွက်ဆိတ်တွေလာစားကြပါလိမ့်မယ်။ ဒါပေမယ့် အစာမကြေ ညက်နိုင်ခြင်းကြောင့်   လွယ်ကူစွာ ရှင်းထုတ်ပါလိမ့်မယ်။



၄။ ရှောက်၊ သံပုရာမျိုးဝင်အသီးများ



သံပုယိုနဲ့ လိမ္မော်သီးအနံ့အသက်က ပုရွက်ဆိတ်တွေ ရှင်းလင်းပေးပါလိမ့်မယ်။ သစ်သီးကြိတ်စက်ထဲ လိမ္မော်သီးခွံတွေ   ရေနွေးတစ်ခွက်နဲ့   ရောကြိတ်ပြီး ပုရွက်ဆိတ်တွင်းထဲ ဖြည်းဖြည်းချင်း လောင်းချပေးပါ။

 

Posted By : Wai Phyoe

Ref : Trend

Photo Credit : verycozyhome

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ