Updated 6th Aug 2019
Shwemyanmarmalay, Shweproperty
မိုးရာသီမှာ အကျီ ၤဖားဥစွဲတဲ့ ပြဿနာကြောင့် အိမ်ရှင်မတွေ စိတ်ညစ်ရပါတယ်။ ဖားဥကို ချွတ်ချင်ဇောနဲ့ လျှော်ပေမယ့် မပြောင် ၊ ချွတ်ဆေးတွေသုံးတော့လဲ အရောင်တွေကွက် ၊ အကျီတွေပါးနဲ့ အင်မတန်မှ စိတ်ရှုပ်ရပါတယ်။
အကျီ င်္လဲမမွဲ ၊ လူလဲမထိတဲ့ အိမ်မှာရှိတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ဖားဥစွဲတာကို ဖယ်ရှားလို့ရပါတယ်။ ဖားဥစွဲတာအပြင် အကျီ င်္အဖြူရဲ့ ချိုင်းနေရာတွေမှာ ကွက်နေတတ်တဲ့ အဝါရောင်ချွေးကွက်တွေကိုလဲ ဖယ်ရှားပေးနိုင်တာကြောင့် အစွမ်းထက်တဲ့ သဘာဝနည်းလေး တစ်ခုပါ။
နည်းလမ်း (၁)
ဒီနည်းလမ်းလေးကတော့ ဆပ်ပြာမှုန့် ၊ သံပုရာရည် ၊ ဆားနဲ့ ရေတို့ပဲ လိုအပ်ပါတယ်။ ရေနှစ်လီတာကို ဆူပွက်အောင်တည်ပြီး ဆား စားပွဲတင်ဇွန်း တစ်ဇွန်း ၊ ဆပ်ပြာမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို သံပုရာသီး သုံးလုံးကို ညှစ်ထားတဲ့အရည်နဲ့ ရောစပ်လိုက်ပါ။ ဒီအရည်ထဲကို ဖားဥစွဲနေတဲ့ အကျီ င်္ကို မိနစ် ၄၀ လောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ရေနဲ့ ဆေးကြောလိုက်ရင် တစ်ခါတည်း လျှော်ပြီးသား ဖားဥကင်းနေတဲ့အင်္ကျီလေးကို ရရှိမှာ ဖြစ်ပါတယ်။
နည်းလမ်း (၂)
နောက်နည်းလမ်း တစ်ခုကတော့ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာသီးကို အသုံးပြုမှာပါ။ မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းရောပြီး စားပွဲတင်ဇွန်း တစ်ဇွန်းခန့် ဖားဥစွဲနေတဲ့ အကျ ႌပေါ်ကို သုတ်လိုက်ပါ။ ဒီလို ၅ မိနစ်လောက်ထားပြီး ရေနဲ့ မဆေးချပေးဘဲ သံပုရာသီးကို ထပ်ခြမ်းခြမ်းပြီး အကျ ႌပေါ်ကို ပွတ်တိုက်ပေးလိုက်ပါ။ အဲဒီနောက် ၁၅ မိနစ်လောက် ထပ်ထားပြီး ဆပ်ပြာမှုန့်နဲ့ ရေနွေးနွေးနဲ့ လျှော်ဖွပ်လိုက်ပါ။ စွန်းထင်းနေတဲ့ ဖားဥတွေအပြင် အကျ ႌကိုလည်း ပိုပြီး အရောင်တောက်ပလာစေပါတယ်။
ဒီလိုသဘာဝနည်းလမ်းကောင်းလေးတွေက ငွေကုန်သက်သာပြီး ထိရောက်တာကြောင့် ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Ref : Shwemyanmarmalay
Photo Credit : Thespruce
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။