Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

မုတ်သုံရာသီမှာ ကျန်းမာနေစေဖို့

Updated 11th Jul 2018

Written by

Kumudra, Shweproperty

 

မုတ်သုံနဲ့အတူ    မိုးလေးရွာလာတော့   အပူဒဏ်လေး လျော့ သွားတာပေါ့။   အပူဒဏ်လျော့သွားတာတင်မဟုတ်ပါဘူး။   ပတ်ဝန်း ကျင်ကလည်း   စိမ်းစိမ်းစိုစိုနဲ့   လှပလာပါတယ်။   သည်လိုလှပအေးမြ တဲ့  မိုးရာသီမှာ    ကျန်းမာနေဖို့အတွက်   ဘယ်လိုနေထိုင်စားသောက် ကြမလဲ။

 

မိုးရာသီရဲ့အေးမြမှုနဲ့အတူ မဖိတ်ခေါ်ဘဲပါလာတာက   ခြင် ကြောင့်ဖြစ်တဲ့ရောဂါတွေ၊  အအေးမိဖျားနာ၊ နှာစေးချောင်းဆိုးနဲ့ အစားမှားတာ၊   ဝမ်းပျက်ဝမ်း လျှော၊  ဓာတ်မတည့်မှုတွေပါ။ ဒါတွေ  ကင်းစင်တဲ့ပျော်ရွှင်ဖွယ်ရာ မုတ်သုံဖြစ်ချင်ရင်တော့   သည်အ ချက်လေးတွေကို   လိုက်လုပ်ကြည့်ဖို့   ပြောပါရစေ။  မုတ်သုံရာသီမှာ   ရောဂါကင်းစင်စေချင်ရင်တော့     အ စားအသောက်ကစလို့  အနေအ ထိုင်အဆုံး    အကုန်လုံးကို     ဂရုစိုက် ဖို့လိုပါမယ်။    မုတ်သုံရာသီမှာရောဂါပိုးတွေ    ကူးစက်ပျံ့နှံ့မှုက    တော် တော်လေးမြန်ပါတယ်။

 

မုတ်သုံရာသီမှာကျန်းမာစေဖို့

 

•   လမ်းဘေးမှာရောင်းနေတဲ့အ စားအသောက်တွေကို   မစားပါနဲ့။ လက်လုပ်ချဉ်နဲ့    အသုပ်စုံတွေကို   ရှောင်ပါ။    သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကို     ရှောင်ကြဉ်ပါ။

 

•   ဟင်းသီးဟင်းရွက်တွေနဲ့   သစ်သီးတွေကို   ရေစင်အောင်   ဆေးကြော ပါ။  ဆား ရည်နဲ့ဆေး ကြောပေး လို့လည်း ရပါတယ်။

 

•   ရေများများသောက်ပါ။   ရာသီဥတုအေးတာကြောင့်   ရေမသောက် မိဘဲနေရင်းက   ခနÎာကိုယ်မှာ   ရေ ဓာတ်ခန်းခြောက်တာမျိုးဖြစ်နိုင် ပါတယ်။

 

•   တစ်ကိုယ်ရည်သန့်ရှင်းရေးဂရု စိုက်ပါ။    လက်ဆေးဖို့မမေ့ပါနဲ့။

 

•   အိမ်တင်းမှာ    ခြင်နိုင်ဆေးအ သုံးပြုပါ။    ခြင်ကြောင့်ဖြစ်တဲ့ရော ဂါတွေ   အန္တရာယ်ကနေ    ကာကွယ်နိုုင်ဖို့ပါ။

 

•    အပြင်သွားတိုင်း   ထီးတို့၊   မိုးကာ တို့  ယူသွားပါ။    အအေးမိဖျားနာ တာတွေ     မဖြစ်စေဖို့အတွက်ပါ။

 

•   အစားအစာတွေကို    ပူပူနွေးနွေး  စားပါ။    ရောဂါပိုးပေါက်ဖွားတာ မျိုး     မဖြစ်စေဖို့အတွက်ပါ။

 

•   မိုးရေထဲက   ပြန်လာတိုင်း    ခြေ၊   လက်တွေကို   သန့်စင်အောင်   ဆေး ကြောပေးပါ။   မှိုပိုးဝင်တာနဲ့    အရေ ပြားပြဿနာတွေကို   ကာကွယ်တဲ့ သဘောပါ။

 

•   ကလေးတွေကို  မိုးရေထဲထွက် မဆော့ခိုင်းပါနဲ့။

 

•   ဆံပင်တွေ   ရေစိုနေချိန်မှာ   အဲကွန်းဖွင့်ထားတဲ့အခန်းထဲကို မဝင်ပါနဲ့။

 

•   နွေးနွေးထွးထွေး   နေပါ။   ခြေ ထောက်တွေကို   ခြောက်သွေ့ အောင်     ထားပေးပါ။

 

•   အကျႌလက်ရှည်   ဘောင်းဘီ ရှည်တွေ    ဝတ်ဆင်ပေးပါ။

 

•   နေအိမ်ကို   သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။

 

•   နေအိမ်အနီး ဝန်းကျင်က    အမှိုက်တွေ ကိုရှင်းလင်းထား ပါ။    ရေဝပ်နိုင်တဲ့နေရာတွေကို     မြေဖို့ပါ။

 

မုတ်သုံရာသီမှာ ဘယ်လိုစားသောက်မလဲ

 

မုတ်သုံရာသီမှာ    အမြန်စားအသင့်စားအစားအစာတွေကို   မစား ပါနဲ့။   လမ်းဘေးမှာရောင်းချနေတဲ့ အစားအစာတွေကို   အတတ်နိုင် ဆုံးရှောင်ပါ။   အစာအိမ်မှာ   ပိုးဝင် ကူးစက်တာဖြစ်နိုင်တာကြောင့်ပါ။ မိုးရာသီမှာ   ပတ်ဝန်းကျင်မှာ    ဗိုင်းရပ်စ်တွေ   အရမ်းများတာကြောင့် ခန္ဓာကိုယ်တွင်းကို   အလွယ်တကူ   ဝင်ရောက်ကူးစက်နိုင်ပါတယ်။   ရာသီဥတုကအေးတာကြောင့်   အစာ ကြေညက်နိုင်စွမ်းကလည်း   ပုံမှန်ထက်   နည်းနေတတ်ပါတယ်။ အဆီ များတဲ့အစားအစာတွေကိုရှောင် ပါ။   ဖြစ်နိုင်ရင်အစားအစာတွေကို   အိမ်မှာပဲ   ပြင်ဆင်စားသုံးပေးပါ။

 

သစ်သီးတွေ

 

မုတ်သုံရာသီမှာ    ခန္ဓာကိုယ် မှာ   အားအင်ပြည့်နေစေဖို့အတွက် သစ်သီးကို   အသင့်အတင့်စားသုံး ဖို့   လိုအပ်ပါတယ်။    ဒါပေမဲ့   သစ်သီး တိုင်းကိုတော့    စားလို့မရပါဘူး။ သစ်တော်သီး၊   သရက်သီး၊   ပန်း သီး၊  သလဲသီးနဲ့   မက်မွန်သီးတွေကို စားသုံးပေးဖို့  လိုပါမယ်။    ဖရဲသီးနဲ့   သခွားမွှေးလိုမျိုး     အရည်ရွှမ်းတဲ့ အသီးတွေကို    မစားသင့်ပါဘူး။ သစ်သီးတွေအစား   သစ်သီး ခြောက်တွေ    စားပေးတာလည်း အဆင်ပြေပါတယ်။

 

အခြောက်အခြမ်းစားစရာတွေ

 

မုတ်သုံရာသီမှာ    အရည်ရွှမ်း တဲ့အစားအစာတွေက     အများကြီး    မစားသင့်ပါဘူး။   သည်လို   အရည် များတဲ့အစားအစာတွေအစား ပေါင်မုန့်၊  ပြောင်းဖူးနဲ့   ကိတ်မုန့်တို လိုမျိုး    အခြောက်အခြမ်းစားစရာ တွေကို   စားသုံးပေးပါ။   အရည် ဓာတ်များတဲ့အစားအစာတွေက ခန္ဓာကိုယ်ကို    ရောင်ရမ်းစေနိုင်ပါ တယ်။   ဒါကြောင့်   ရှောင်ကြဉ်တာ က     အကောင်းဆုံးပါ။

 

ကိုယ်ခံအားကောင်းအောင်နေပါ

 

မုတ်သုံရာသီမှာ     ကျန်းမာနေ စေဖို့    အရေးအကြီးဆုံးအချက်က ကိုယ်ခံအားကောင်းနေစေဖို့ပါ။ ဒါကြောင့်    ကျန်းမာရေးကို   ဂရုစိုက် ပြီး   အာဟာရပြည့်ဝအောင်   စား သုံးရင်း    ကိုယ်ခံအားကောင်းမွန် အောင်   လုပ်ဆောင်ဖို့ပါ။  ဒါကြောင့် ဟင်းတွေကို   ပြင်ဆင်ချက်ပြုတ်တဲ့ အခါ   ကြက်သွန်ဖြူလိုမျိုး    ကိုယ်ခံ အားကိုကောင်းမွန်စေတဲ့   စားစရာ တွေကို   ထည့်သွင်းပြင်ဆင်ပေးပါ။

 

ရေ

 

မိုးရာသီမှာလည်း     ရေဓာတ် ပြည့်ဝအောင်    နေဖို့လိုပါတယ်။ ရေဓာတ်ပြည့်ဝအောင်နေတယ်ဆို တဲ့နေရာမှာလည်း    တွေ့တဲ့ရေ တိုင်းကို    သောက်လို့မဖြစ်ပါဘူး။ ရေသန့်သန့်လေးသောက်ဖို့    လိုပါ မယ်။   ရေသန့်အလွယ်တကူ   မရနိုုင်ဘူးဆိုရင်တော့   ရေကို   ကျိုချက် အအေးခံပြီး     သောက်သုံးပေးပါ။

 

သွေးမတိုးအောင်  ဂရုစိုက်ပါ

 

တကယ်လို့သင့်မှာ   သွေးတိုး ရှိနေတယ်ဆိုရင်တော့    မိုးရာသီမှာ အငန်လျှော့စားပေးတာအကောင်း ဆုံးပါ။    အသင့်စားအစားအစာ တွေ၊   အလွယ်စားအစားအစာတွေ မစားပါနဲ့။   အငန်ဓာတ်များတဲ့အ စားအစာတွေကို   တတ်နိုင်သမျှ   ရှောင်ပါ။

 

အခါးဓာတ်ပါတဲ့ဟင်းသီးဟင်းရွက်

 

မိုးရာသီမှာ   တမာ၊  ကြက်ဟင်း ခါးသီးလိုမျိုး   အခါးဓာတ်ပါတဲ့အ စားအစာတစ်ခုခုကို    မဖြစ်မနေ   စား သုံးပေးပါ။    မစားချင်ရင်တောင် ဆေးဖြစ်ဝါးဖြစ်လောက်တော့   စား ပေးပါ။   သည်လိုစားသုံးပေးတာက အရေပြားမှာ     ပိုးဝင်ကူးစက်တာ တွေကို   ကာကွယ်ပေးနိုင်သလို   အ ရေပြားဓာတ်မတည့်မှုဖြစ်တာတွေ မဖြစ်အောင်လည်း     ကာကွယ်ပေး ပါတယ်။

 

ပတ်ဝန်းကျင်က    ရေဝပ်နိုင်တဲ့နေ ရာတွေကို     မြေဖို့ပါ

 

မုတ်သုံရာသီမှာ   ရေ   အလွယ် တကူဝပ်နိုင်ပါတယ်။    ဒါကြောင့် ပတ်ဝန်းကျင်က    ရေတင်ကျန်နေ နိုင်တဲ့နေရာတွေကို   မြေဖို့တာ၊ ရေဝပ်နိုင်တဲ့  အိုးခြမ်းပဲ့၊   တာယာ စုတ်လိုမျိုးအရာတွေကို  ရေမဝပ် အောင်   မှောက်ထားတာမျိုးတွေ   လုပ်ပေးပါ။   ခြင်မပေါက်ဖွား အောင်  လုပ်ဆောင်ပြီး   ခြင်ကြောင့် ဖြစ်တဲ့ရောဂါတွေကို  ကာကွယ် တာပါ။  အိပ်စက်ချိန်တိုင်း   ခြင် ထောင်နဲ့   အိပ်စက်ပေးပါ။   ခြင် ဆေးအသုံးပြုလို့လည်းရပါတယ်။

 

နို့နဲ့နို့ထွက်ပစ္စည်းတွေ

 

မုတ်သုံရာသီမှာ    နို့မသောက် တာက   အကောင်းဆုံးပါ။   နို့ သောက်ချင်တယ်ဆိုရင်လည်း ဆူနေအောင်တည်ပြီးမှ   ပူပူနွေး နွေးအခြေအနေမှာ    သောက်သုံး ပေးပါ။    ဒိန်ချဉ်၊   ဒိန်ခဲနဲ့   နို့မှုန့်၊   ချိစ် လိုမျိုးအရာတွေကိုတော့   စားသုံး ပေးလို့ရပါတယ်။    မုတ်သုံရာသီမှာ နို့ကိုမသောက်ဘဲနေတာက    ခန္ဓာ ကိုယ်ကို  ရောဂါပိုးတွေ   ကူးစက်ခံ ရနိုင်ခြေကနေ     ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

 

အစပ်များတဲ့အစားအစာတွေ

 

မိုးအေးအေးမှာ    ပူပူစပ်စပ် စားချင်တာမျိုးဖြစ်နိုင်ပါတယ်။     တကယ်တော့    မစားသင့်ပါဘူး။   မိုးတွင်းမှာ    ပူပူစပ်စပ်အစားအစာ တွေ။   အစပ်ကဲတဲ့အစားအစာတွေကို   စားသုံးမယ်ဆိုရင်   အစာခြေ စနစ်ပြဿနာတွေ   ဖြစ်နိုင်သလို   အရေပြား   ဓာတ်မတည့်တာတွေ   ဖြစ်စေနိုင်ပါတယ်။

 

စာဖတ်ပရိသတ်အပေါင်းလည်း   ရောဂါကင်းစင်ပြီး    ပျော်ရွှင် စရာကောင်းတဲ့မိုးရာသီလေး    ပိုင် ဆိုင်နိုင်ကြပါစေ။    

 

Ref & Photo Credit : Kumudra 

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ