Updated 13th May 2016
7daydaily, Shweproperty
သွားနဲ့ခံတွင်းသန့်ရှင်းကျန်းမာစေဖို့အတွက် အဓိကကူညီပေးတဲ့ သွားတိုက်ဆေးက သွားအတွက် သာမက တခြားအသုံးဝင်တာတွေ လည်းရှိတာ ကြောင့် သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ တစ်ချက် သတိပြုရမှာကတော့ ဂျယ်သွားတိုက်ဆေးမဖြစ်ဖို့ပါပဲ။
ရော်ဘာဖိနပ်များကို သန့်စင်နိုင်ခြင်း
ရှူးဖိနပ်က အဖြူရောင်ရော်ဘာအစိတ်အပိုင်းမှာပဲဖြစ်ဖြစ်၊ ရော်ဘာ ဖိနပ်မှာပဲဖြစ်ဖြစ် ကြည့်ရဆိုးတဲ့ အဝါရောင်အစွန်းအထင်းတွေရှိနေရင် သွားတိုက်ဆေးအနည်းငယ်သုံးပြီး သွားပွတ်တံအဟောင်းတစ်ခုနဲ့ ဆေး ကြောရင် မူလအရောင်ပြန်ဖြစ်တာ တွေ့ရမှာပါ။
စိန်ကိုသန့်စင်နိုင်ခြင်း
စိန်လက်ဝတ်ရတနာတွေ အရောင်တဖျပ်ဖျပ်ထွက်နေဖို့ဆိုရင် သွား တိုက်ဆေးအကူအညီသာ ယူလိုက်ပါ။
သစ်သားပေါ်ရှိ အစွန်းအထင်းများကို သန့်စင်နိုင်ခြင်း
သစ်သားပရိဘောဂပစ္စည်းပေါ်ကို ရေတို့၊ အချိုရည်တို့ မှောက်ကျပြီး စွန်းထင်းနေရင် အဝတ်စသန့်သန့်မှာ သွားတိုက်ဆေးအနည်းငယ် ထည့်ပြီး စွန်းနေတဲ့နေရာကို ပွတ်တိုက်ပြီး ရေနဲ့ဆေးကြောနိုင်ပါတယ်။
ကလေးနို့ဘူးသန့်စင်နိုင်ခြင်း
ကလေးနို့ဘူးတွေကို စနစ်တကျဆေးကြောသုံးစွဲတာမျိုး မလုပ်တဲ့ အခါမှာ နို့တွေကျန်ပြီး အနံ့အသက်ဆိုးဆိုးရွားရွားတွေ ထွက်နေရင် သွားတိုက်ဆေးအနည်းငယ်ကို နို့ဘူးဆေး ဘရက်ရှ်မှာထည့်ပြီး ဆေးကြော နိုင်ပါတယ်။
ရှူးဖိနပ်ပွန်းပဲ့ခြစ်ရာများ ဖယ်ရှားနိုင်ခြင်း
သားရေဖိနပ်တွေမှာ ပွန်းရာခြစ်ရာတွေ ဖြစ်လာတဲ့အခါ အဝတ်စနုနုမှာသွားတိုက်ဆေးတင်ပြီး ဖိနပ်ကိုပွတ်ပေးပြီး ရေစိုဝတ်နဲ့ ဆေးကြောလိုက် တဲ့အခါ တောက်တောက်ပြောင်ပြောင် သားရေဖိနပ်တစ်ရန်ဖြစ်စေမှာ ပါ။
မုန့်ဖုတ်မီးဖိုဆေးကြောနိုင်ခြင်း
မုန့်ဖုတ်လိုက်၊ အကင်လုပ်လိုက်နဲ့ မီးဖိုမှာ ဖျက်ရခက်တဲ့အညစ်အကြေး တွေ စွန်းထင်းနေတယ်ဆိုရင် သွားတိုက်ဆေးသာ သုံးလိုက်ပါ။
နံရံပေါ်က အရောင်အစွန်းကွက်ကို ဖယ်ရှားနိုင်ခြင်း
ကလေးရှိတဲ့အိမ်တွေမှာ ဖြစ်လေ့ရှိတတ်တဲ့ နံရံမှာ ခဲတံနဲ့ အရုပ်တွေ ရေးတာ၊ ဆေးရောင်စုံနဲ့ လျှောက်ခြစ်ထားတာမျိုးတွေရှိရင် သွားတိုက် ဆေးသုံးပြီး ဖျက်နိုင်ပါတယ်။
နှုတ်ခမ်းနီနှင့် မင်စွန်းများ သန့်စင်နိုင်ခြင်း
အကျႌမှာ နှုတ်ခမ်းနီတို့၊ မင်တို့စွန်းထင်းသွားတာမျိုးဖြစ်ရင် စွန်းနေတဲ့ နေရာမှာ သွားတိုက်ဆေးသုတ်လိမ်းပြီး ၁၀ မိနစ်လောက်ထားပြီး ရေခပ်နွေးနွေးလေးနဲ့ ဆေးကြောတာမျိုး မကြာခဏလုပ်ပေးရင် အစွန်း တွေ ကျွတ်စေပါတယ်။
Posted By : Wai Phyoe
Photo Credit : 7daydaily
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
|
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။