Updated 29th Jul 2016
Trend Myanmar, Shweproperty
ကျွန်မတို့အနေနဲ့ သွားကျန်းမာရေးကို ဦးစားပေးပြီး ပြုလုပ်သင့်ပါတယ်။ သွားဝေဒနာတစ်ခုခု ခံစားရတာနဲ့ အစာစားခြင်းကို ထိခိုက်စေပြီပဲ ဖြစ်တာကြောင့် ခန္ဓာတစ်ခုလုံးရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။ သွားသန့်ရှင်းရေးကို စနစ်တကျ ပုံမှန်မလုပ်ဖြစ်ဘူးဆိုရင် သွားတွေပေါ်မှာ သွားချေးကျောက်လို့ခေါ်တဲ့ အလွှာတစ်ခု ဖြစ်လာတတ်ပါတယ်။
ဒါက သွားရဲ့ ခိုင်ခံလှပမှုကို အဆိုးရွားဆုံး ထိခိုက်စေနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သွားဆရာဝန်နဲ့ သွားပြတဲ့အခါ ငွေကုန်ကြေးကျများနိုင်တဲ့အတွက် သွားချေးကျောက်တွေကို ကိုယ့်အိမ်မှာပဲ အလွယ်တကူ ဖယ်ရှားလို့ ရတဲ့နည်းလေး တစ်ခုကို ပြောပြပေးချင်ပါတယ်။
သွားချေးကျောက် ကင်းစင်ပြီး ဖြူစင်လှပတဲ့ သွားလေးတွေဖြစ်ဖို့ အိမ်မှာပဲပြုလုပ်မယ်ဆိုရင် လိုအပ်တာတွေကတော့ မုန့်ဖုတ်ဆော်ဒါ၊ ဆား၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်၊ ရေ၊သွားခြစ်ကိရိယာ၊သွားကြားထိုးတံ၊ပိုးမွှားသန့်စင်စေတဲ့ အာလုပ်ကျင်းဆေးရည် အနည်းငယ် လိုပါလိမ့်မယ်။
အရင်ဆုံး မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဆားဇွန်းတစ်ဝက်ကို ရောပြီး သွားတိုက်ဆေးပုံစံ အနှစ်ဖြစ်အောင် လုပ်ပါ။ ရေစိုနေတဲ့ သွားပွတ်တံနဲ့ ယူပြီး ၅ မိနစ်လောက်ကြာအောင် သွားတွေကို သေသေချာချာ ပွတ်တိုက်ပြီး ပါးစပ်ထဲက ထွေးထုတ်လိုက်ပါ။ ပြီးရင် ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၁ ခွက်နဲ့ ရေခွက်တစ်ဝက်ကိုရောပြီး ၁ မိနစ်လောက် ပလုတ်ကျင်းပါ။ ပါးစပ်ကို ရေ ဒါမှမဟုတ် ခံတွင်းသန့်ဆေးရည်နဲ့ ဆေးလိုက်ပါ။ ပြီးသွားပြီဆိုရင် သွားကြားထိုးတံနဲ့ သွားခြစ်ကိရိယာလေးသုံးပြီး သွားချေးကျောက် အဝါရောင်တွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ပြီ ဖြစ်ပါတယ်။
သတိထားရမယ့်တစ်ချက်ကတော့ သွားတိုက်တဲ့အခါမှာ သွားဖုံးတွေကို မပျက်စီးအောင် တိုက်ဖို့ပဲ ဖြစ်ပါတယ်။ သွားကို တိုက်ရုံနဲ့ မပြီးဘဲ မကြာခဏ စနစ်ကျတဲ့ သန့်ရှင်းရေးပြုလုပ်သင့်ပြီး ချိုလွန်းတဲ့ အစားအစာတွေကို ရှောင်ကြည်တာ အကောင်းဆုံး ဖြစ်ပါတယ်။
Ref : Trend Myanmar
Photo Credit : Social
Posted By : Wai Phyoe
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။